လွန်ခဲ့တဲ့ လေးလက ကလေးမလေး နာတာလီဂျက်ဆင်ကို South Dakota မြို့ရှိ Sioux Falls ဆေးရုံမှာ မွေးဖွားခဲ့ပြီး ကိုယ်အလေးချိန် 3.2 ကီလိုဂရမ်ရှိပြီး အခြားမိန်းကလေးများလို လုံးဝကျန်းမာစွာ လှပပေမဲ့ သူမရဲ့မျက်နှာမှာ ကြီးမားတဲ့ချို့ယွင်းချက်တစ်ခု ရှိနေပါတယ် ။
Natalie ရဲ့မျက်နှာတစ်ဝက်နီးပါးမှာ အလွန်ကြီးမားပြီး အနက်ရောင်မွေးအမှတ်အသားဖြင့် ဖုံးအုပ်ထားပါတယ် ။ Natalie က ခွဲစိတ်ခန်းမှာမွေးဖွားခဲ့ပြီး သူမရဲ့မျက်နှာကို ပထမဆုံးအကြိမ် မြင်လိုက်ရတဲ့အတွက် သူမရဲ့မိဘများက အလွန်ကြောက်လန့်ကာ စိုးရိမ်ခဲ့ကြပါတယ် ။
ဒါပေမဲ့လည်း မိခင်က ချစ်ခြင်းမေတ္တာအပြည့်နဲ့ သမီးလေးကို ရင်ခွင်ထဲ ပွေ့ဖက်ထားခဲ့ပါတယ် ။Natalie ကတစ်လသားအရွယ်မှာ မွေးရာပါအမှတ်အသားက သူမရဲ့အမြင်အာရုံကို ထိခိုက်စေခြင်းရှိမရှိ စစ်ဆေးရန် သူမရဲ့မိဘများက သူ့ကို စစ်ဆေးရန် ခေါ်သွားခဲ့ပါတယ် ။
ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အဲဒါက အမြင်အာရုံကို ထိခိုက်နိုင်ခြင်းမရှိပါဘူး ။ အဲ့ဒါက သူမနဲ့ အတူ ကြီးပြင်းလာမှာဖြစ်သော်လည်း မွေးရာပါ အမှတ်အသားကို မဖယ်ရှားရန် ဆုံးဖြတ်ခဲ့ကြပါတယ် ။
Reference : yan
Zawgyi
JRose (KB Chimmy One)