Local News

လူတွေရဲ့အမြင်ကိုဆွဲဆောင်နိုင်ခဲ့တဲ့ မတူညီတဲ့မျက်လုံးအရောင် နှင့် မျက်ခုံးပုံစံတွေရှိတဲ့ထူးခြားတဲ့ ခွေးလေး

အင်တာနက်ဟာ တစ်ခါတစ်ရံမှာ သင့်ရဲ့နှလုံးသားကို သေချာပေါက် အရည်ပျော်သွားစေသည့် အထူးနှင့် စိတ်လှုပ်ရှားဖွယ်ကောင်းသောခွေးပုံပြင်များဖြင့် စိတ်ဝင်စားသွားစရာကောင်းနေတတ်ပါတယ်။ ၎င်း၏ပိုင်ရှင် Charice Fca Cha နှင့်အတူ ထိုင်းနိုင်ငံတွင် နေထိုင်တဲ့ ဒီ အသက် 2 နှစ်အရွယ် ခွေးလေး Lucky အတွက်လည်း အလားတူပါဘဲ။

Lucky ဟာ သူ့ရဲ့ ထူးခြားတဲ့ စူးစမ်းလိုစိတ်အသွင်အပြင်ကြောင့်ချက်ခြင်းပင်အာရုံစိုက်ခံခဲ့ရပါတယ်။ Luckyကို မွေးစားသည်မှာ ရက်သတ္တပတ်အနည်းငယ်သာရှိသေးပေမဲ့လည်း သူဟာ အလွန်သေးငယ်သောကြယ်ပွင့်ဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

မျက်လုံးတစ်ခုစီမှ အရောင်စုံ (အပြာဖျော့ဖျော့နှင့် အညိုဖျော့ရောင်) ရှိသော heterochromia ဖြင့် မွေးဖွားလာပေမဲ့လည်း ၎င်းအရာမှာ Lucky မှာရှိတဲ့အရာအားလုံးမဟုတ်သေးပါဘူး။သူဟာ ကြီးမားပြီး ကာတွန်းဆန်တဲ့မျက်ခုံးမွေးနက်ကိုပင် ပိုင်ဆိုင်ထားပြီး လူစုလူဝေးကြားမှာလည်းထင်ရှားပေါ်လွင်စေပါတယ်။ Lucky ဟာ သခင်ဖြစ်သူက သူ့ရဲ့ချစ်စရာပုံလေးတွေကို တင်လိုက်တဲ့အခါမှာတော့ နာမည်ကြီးလာခဲ့ပါတယ်။

လူများစွာကဤချစ်စဖွယ်ထူးခြားတဲ့ပုံစံခွေးလေးကိုစွဲလမ်းနေကြပေမဲ့လည်း၎င်းကိုယုံကြည်ရန်ခက်ခဲတဲ့လူတစ်အုပ်လည်းရှိနေခဲ့ပါတယ်။သခင်ဖြစ်သူ Charice က The Dodo မှာ ” တုံ့ပြန်မှုတွေအများကြီးရှိတယ်၊ တချို့လူတွေက အံ့အားသင့်ကြတယ်၊ စိတ်လှုပ်ရှား၊ အံ့ဩကြတယ်၊ လူအချို့ကလည်း သူ့ကို တွေ့ချင်ကြတယ် ၊ ဒါမဲ့ လူတချို့ကတော့ ကျွန်မကဘဲ သူ့မျက်ခုံးမွှေးကို တမင်ဆွဲတာ ဒါမှမဟုတ် သူ့မျက်နှာကို ဓာတ်ပုံရိုက်ပြီး Photoshop သုံးထားတာလို့ပြောကြတယ် ” လို့ သူမက ဆိုပါတယ်။

ကံကောင်းထောက်မစွာ၊ အပြင်ပန်းအားဖြင့် ကွဲပြားနေပေမဲ့လည်း Lucky လေးဟာ ကျန်းမာရေးကောင်းမွန်ပြီး သူ့ရဲ့အတွင်းရောအပြင်ကိုပါ ချစ်ပေးတဲ့လူသားတစ်ဦးနဲ့တွေ့ဆုံခွင့်ရလိုက်လို့ အလွန်ပင်ပျော်ရွှင်နေပါတယ်။

ထို့ပြင် Charice က ” Lucky လေးက အရမ်းတွယ်တာတတ်တဲ့ကောင်လေးပါ၊ သူက ကျွန်မနဲ့ နေရာတကာမှာ အမြဲရှိနေတတ်တယ် ” ဟုလည်းဆိုခဲ့ပါတယ်။

Charice အတွက်၊ Lucky ရဲ့ အထူးခြားဆုံးအရာမှာ အရောင်မတူညီတဲ့မျက်လုံးနှစ်လုံး သို့မဟုတ် နက်မှောင်တဲ့မျက်ခုံးမွေးတွေကြောင့်မဟုတ်ဘဲ၊ ၎င်းထံမှ သူမနှင့်အတူမျှဝေထားတဲ့ခင်မင်မှုဘဲဖြစ်ပါတယ်။

Charice ဟာ သူမအနားမှာ ဒီချစ်စရာကောင်းတဲ့မျက်လုံးလေးတွေရဲ့ပိုင်ရှင် Lucky လေးနဲ့အတူရှိနေမယ့် ကြည်နူးစရာကောင်းတဲ့ဘဝလေးကိုသာ မျှော်လင့်နေသလို ” ကျွန်မတို့တွေ လာမဲ့အနာဂတ်မှာ စိတ်ဝင်စားစရာကောင်းပြီးအရမ်းပျော်စရာကောင်းတဲ့အချိန်တွကိုရရှိလာလိမ့်မယ်ထင်ပါတယ်” ဟု ထပ်မံပြောကြားခဲ့ပါတယ်။

Reference : aubtu