News

“အရမ်းခက်ခဲနေတဲ့ အချိန်မှာ အိမ်ခြေ ၂၀၀ ကျော်ကို တစ်အိမ်လျှင် ၅၀၀၀၀ကျပ်နှင့် ဆန်တစ်အိတ်စီ လှူဒါန်းခဲ့တဲ့ အလှူရှင်”

အခုလို အရာရာ ခက်ခဲနေတဲ့ ကာလကြီးမှာ ပြည်သူတွေကို ကူညီပေးတဲ့ သူတွေကတော့ ပုံစံ အမျိုးမျိုးနှင့် ပေါ်ပေါက်လာကြတာပါပဲ..

ရန်ကုန် နှင့် မန္တလေးလို မြို့ကြီးတွေမှာ ခက်ခဲတဲ့ ပြည်သူတွေ စားသုံးနိုင်ဖို့ ကျပ်၅၀၀ တန် ထမင်းဆိုင်တွေ ပေါ်ပေါက်လာသလို တခြားမြို့တွေ မှာ လည်း ထပ်မံပေါ်ပေါက်ဖို့ ရှိနေပါတယ်

ယခု ထပ်မံပေါ်ပေါက်လာတဲ့ အလှူရှင်ကတော့ ဟုမ္မလင်းမြို့က ဆန်တွေ အိတ်လိုက်ကြီး လှူတဲ့ အလှူရှင်ပါပဲဗျာ. . .ဆန်အပြင် ဟင်းဝယ်ချက်ဖို့ ငွေက ၅၀၀၀၀ စီ ပါသေးတယ်ဗျာ

ဟုမ္မလင်းမြို့၊ မြို့မရပ်ကွက်နေ အလှူရှင်မိသားစုကအိမ်ခြေ ( ၂၀၀ ) ကျော်ရှိတဲ့ရပ်ကွက်တစ်ရပ်လုံးအတွက်တစ်အိမ်မကျန် မိသားစုတစ်စုကိုငွေကျပ် ( ၅၀၀၀၀ ) ကျပ် နှင့် ဆန်တစ်အိတ်စီ ဝေငှလှူဒါန်းမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ခုလို အရာရာ ခက်ခဲကြပ်တည်းနေတဲ့ ကာလကြီးမှာ ဒီလိုလှူတာဟာ အရမ်းကို မွန်မြတ်ပြီး ကုသိုလ်ရပါတယ်ဗျာ. . .ပြည်သူ အချင်းချင်း ကူညီရိုင်းပင်းပြီး အမှောင်နေ့တွေကို ကျော်လွှားကြရအောင်

Photo – ပြည်သူ

36 myanmar channel