News

“NUG ရဲ့ ထောက်ပံ့ရေးနဲ့ ပတ်သတ်လို့ PDF တွေဆီက သတင်းကောင်းတွေကို ပြန်လည်မျှဝေပေးလိုက်တဲ့ ပန်ဆယ်လို”

သတင်းကောင်းလေးတွေ စကြားရပြီ။ PDF တွေဆီက ပြောလာတယ်။ NUG ဆီက အထောက်အပံ့တွေ စရနေပါပြီတဲ့။

အရင်ဆုံး ရိက္ခာအထောက်အပံ့အနေနဲ့နဲ့ တပ်သားတစ်ယောက်ကို တစ်ရက် ၂၀၀၀ နှုန်း ထုတ်ပေးပြီး အားလုံးမျှော်လင့်နေတဲ့ အရှည်အတို အထောက်အပံ့တွေလည်း ဆက်လာတော့မယ်လို့ သိရပါတယ်။ သူတို့လည်း အားတက်နေကြပြီ။

အရင်ကလည်း တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက အဖွဲ့တွေကို ထောက်ပံ့တာတွေ ရှိပါတယ်။ လူအများကြီး မသိကြတာပဲ ရှိပါတယ်။ လက်နက်ကိုင်တော်လှန်​ရေးဟာ ကုန်ကျစားရိတ်များလွန်းတဲ့အပြင် ပြည်သူ့အကူအညီနဲ့ ရပ်တည်နေတဲ့ NUG အစိုးရအနေနဲ့ မလောက်ငှနိုင်တာမို့ ပြစ်တင်ဝေဖန်မှုတွေ၊ အထင်လွဲမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

အခုတော့ ပြည်သူတွေ ကြားချင်တဲ့သတင်းတွေ စကြားရပါပြီ။ နွေဦးထီတို့၊ Bond တို့၊ အခွန်တို့၊ Raffle Ticket တို့ရဲ့ အစွမ်းတွေလို့လည်း ယူဆမိပါတယ်။ ထောက်ပံ့မှုတွေ ပေးနိုင်ပြီဆိုရင် Local PDF တွေ၊ NUG ရဲ့ COC အောက် မရှိသေးတဲ့ အဖွဲ့တွေကိုလည်း စုစည်းလာနိုင်တော့မယ်၊ ပိုအားကောင်းလာနိုင်တော့မယ်လို့ မျှော်လင့်ပါတယ်။

NUG ဟာ ပြည်သူ့Madate ရ အစိုးရတစ်ရပ်ဖြစ်တယ်။ ဒီတော်လှန်ရေးရဲ့ တပ်ဦးဖြစ်တယ်။ အားမလို အားမရဖြစ်မှုတွေ ရှိနိုင်ပေမယ့် အပြောလွယ်သလောက် အလုပ်ခက်တဲ့ ဒီအခြေအနေမှာ အားကုန်ထုတ် ကြိုးစားနေတယ်ဆိုတာ ဆက်လက်ယုံကြည်ထားဖို့ လိုပါတယ်။ NUG ကို လှူရင် PDF ကို မရောက်ဘူးဆိုတဲ့ သွေးခွဲစကားတွေကို နားမယောင်ကြဖို့ လိုပါတယ်။

NUG ကိုလည်း ကူပါ။ Local အဖွဲ့တွေကိုလည်း ယုံကြည်ရသူတွေကတဆင့် ကူပါ။ ဖက်ဆစ်စစ်တပ် အမြန်အမြစ်ဖြတ်နိုင်ဖို့ ဒီတစ်ခေါက် အပြီးရုန်းကြရအောင်ပါ။

ကိုယ်တို့အားလုံး လက်နက်မကိုင်နိုင်ရင်တောင် ကိုယ်တို့အားလုံး ထောက်ပို့တပ်သားအဖြစ် ပါဝင်ကြရင် လေးပေစောက်ပုမပြောနဲ့ ကဒါဖီရော၊ ဟစ်တလာရောပါ သေရွာက ထလာရင်တောင် မနိုင်စေရဘူး…. ယုံ။

ပန်ဆယ်လို