News

“မြောင်မြို့နယ်ကို PDF က ထိန်းချုပ်လိုက်ပြီ. . . စကစ သင်္ဘော (၂)စီးကိုလည်း သိမ်းဆည်းထား”

ဇေယျာတိုင်း၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ လွှမ်းမိုးနိုင်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့များကိုယ်တိုင် စစ်ဆေးဂိတ်များထားရှိ၍ မြို့အဝင်အထွက်ဂိတ်များကိုမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM မှ ဦးဆောင်၍ စစ်ဆေးမှုများပြုလုပ်သွားမယ်လို့သိရသည်။

ထိုသို့စစ်ဆေးမှုများပြုလုပ်ရာတွင် စစ်ကောင်စီနှင့်ဆက်နွယ်ပက်သက်နေသောထုတ်ကုန်ပစ္စည်းများအား ပြည်သူပိုင် အဖြစ် ထိန်းသိမ်းသွားမည်။ထိန်းသိမ်းပစ္စည်းများအား ပြည်သူ့ကာကွယ်ရေးအသုံးစရိတ်နှင့် မြို့နယ်သူ/သားများ ၏အသုံးစရိတ်များအဖြစ်ခွဲဝေသုံးစွဲသွားမည်ဖြစ်ပြီးယင်းစစ်ဆေးမှုကို ငြင်းဆန်နေပါက ကျွန်ုပ်တို့ဂိတ်မှူးများမှ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမှာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်သည်။

မြိုအဝင်/အထွက် ဂိတ်များ၏အမည်များကို စစ်ကိုင်းဘက်မှလာသော မြောင်မြိုအဝင်ဂိတ်အား “နတ်မြင်းဂိတ်” ၊မြောင်အရှေ့ဘက်ပိုင်းအား “မင်းယက္ခနှင့်ဆင်ရိုင်းဂိတ်” ၊မြောင်တောင်ပိုင်းကျွန်းထဲအရပ်အား “ဗိုလ်ကျားသစ်ဂိတ်” ၊ မြောင်အနောက်ခြမ်း ကုန်းမြေအား “ခြသ်​​ေ့မင်း” နှင့် ချင်းတွင်းမြစ်ကြောင်းအား “နှလုံးလှဂိတ်”ဟု အမည်များပေးပြီးအသီးသီးချမှတ်ပြီးပြီလို့သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် အကြမ်းဖက်စစ်ကောင်စီနဲ့ပက်သက်ဆက်နွယ်သောပစ္စည်းများကို သိမ်းဆည်းပြီး လိုအပ်လျှင်လိုအပ်သလိုလုပ်ဆောင်သွားမယ်လို့သိရပါတယ် ။

ဓာတ်ပုံ – “နှလုံးလှဂိတ်”မှ ထိန်းသိမ်းလိုက်ပြီဖြစ်တဲ့ စစ်ကောင်စီပိုင် ရွှေဂျိုးဖြူဆီသဘော်နှင့် BOC သဘော်