News

ဘဏ်ဝန်ထမ်းတွေရဲ့ ကျင့်ဝတ်မစောင့်ထိန်းတဲ့လုပ်ရပ်ကို ဖော်လိုက်ပါပြီ (အတွင်းလူ အကုန်ဖော်ပြီ)

ဘဏ်ဝန်ထမ်းတွေလူလည်ကျပြီး ဘဏ်ကပ်စတန်မာအပေါ်မှာကျင့်ဝတ်မစောင့်ထိန်းတဲ့လုပ်ရပ်ကို ဘဏ်ဝန်ထမ်းမိသားစုဝင်ဆီက ကြားရတယ်။ ရာခိုင်နှုန်းနဲ့လုပ်စားကြတာ နယ်မြို့ကလေးတစ်ခုမှာတင် ဘဏ်အသေးတစ်ခုကဝန်ထမ်းတွေဟာ။နစကအာဏာထိန်းတဲ့ ဖေဖေါ်ဝါရီလကနေ အခုနိုဝင်ဘာလကုန်အထိ ၁၀ လတာကာလမှာ လိုင်စင်နဲ့ကားတွေ ဝယ်စီးနိုင်တဲ့အထိ ဖြစ်တယ်လို့သိရတယ်။

ဘဏ်ဝန်ထမ်းတွေက ဘဏ်ဖေါက်သည် ကပ်စတန်မာထက်ပိုပြီး အခွင့်အရေးယူ လုပ်စားနေတာကို အထက်အဆင့်ဆင့်က မန်နေဂျာများကလည်း သိသိနဲ့ မသိချင်ယောင်ဆောင်နေကြသလို အဆင့်တူ၊အဆင့်နိမ့် တခြားဝန်ထမ်းတွေကလည်း သူလုပ်တာသူ့အကြောင်း၊ သူ့ကိစ္စကိုယ့်ကိစ္စမဟုတ်ဘူးလို့ မျက်နှာလွှဲနေကြတာရှိနေပါတယ်။

အထက်အဆင့်ဆင့်က မန်နေဂျာများ၊ ဘဏ်တစ်ခုလုံးရဲ့ ဒါရိုက်တာများ၊ မန်နေဂျင်းဒါရိုက်တာများ၊ CEO ဆိုသူများ၊ ဘဏ်ပိုင်ရှင်ဆိုသူများက မိမိတို့ဘဏ်ရဲ့ အောက်ခြေမှာ ဖြစ်ပျက်နေတာကို အလုံးစုံသိကြပါရဲ့လားလို့ မေးမြန်းချင်ပါတယ်။

ကပ်စတန်မာတွေဟာ တိုကင်တွေရဖို့ ဖုန်းဆက်ပေမဲ့ တိုကင်မရခြင်း၊ အွန်လိုင်းအပွိုင့်မန့်လုပ်ပေမဲ့ သတ်မှတ်တဲ့အချိန်နာရီအစမှာပင် တစ်နေ့တာအတွက် သတ်မှတ်တဲ့လူဦးရေ ပြည့်နေခြင်း။ ဥပမာ- မနက် ၉ နာရီမှာငွေထုတ်ဖို့ အွန်လိုင်းအပွိုင့်မန့်ယူဖို့သတ်မှတ်ထားပေမဲ့ ၉ နာရီမှာ သတ်မှတ်တဲ့ Link, App ကိုဝင်ရောက်တဲ့အခါမှာ သတ်မှတ်တဲ့ဦးရေကပြည့်နေခြင်း။

၎င်းလူဦးရေမှာ ဘဏ်ဝန်ထမ်းများနဲ့ ပြုလုပ်ထားတဲ့ ပူးတွဲအကောင့် များဖြစ်နေခြင်း၊ ဝန်ထမ်းများက ၎င်းတို့မိသားစုဝင်များနှင့်၊ သူငယ်ချင်းများနှင့်၊ ဘဏ်ဝန်ထမ်းအချင်းချင်း ပူးတွဲအကောင့်များဖွင့်ကာ ငွေထုတ်ဖို့အတွက် တိုကင်ယူတဲ့အခါ၊ အွန်လိုင်းအပွိုင့်မန့်ယူတဲ့အခါ ၎င်းတို့ပူးတွဲအကောင့်များနဲ့ လက်ဦးမှုရယူထားတဲ့အတွက် ရိုးသားတဲ့ဘဏ်ဖေါက်သည်များမှာ ငွေထုတ်ယူခွင့် မရနိုင်တာတွေ့ရပါတယ်။

၎င်းလုပ်ရပ်များသည် Insider trading လို့ ခေါ်ရမယ်ထင်ပါတယ်။ ဘဏ်ဖေါက်သည်များကို ဦးစားပေးဆောင်ရွက်ခြင်းမရှိပဲ၊ ဝန်ထမ်းများရဲ့ Join account များကနေ ရာခိုင်နှုန်းနဲ့ ငွေထုတ်ပေးခြင်း၊ ငွေထုတ်ရန်တိုကင်များရယူထားခြင်း၊ အွန်လိုင်းအပွိုင့်မန့်များကို ကြိုတင်လက်ဦးမှု ရယူထားခြင်းတို့က ကျင့်ဝတ်အရမလုပ်သင့်ပါဘူး။

စကစအစိုးရ၊ဗဟိုဘဏ်၊သက်ဆိုင်ရာစီမံ/ဘဏ္ဍာဝန်ကြီးဌာန၊ပုဂ္ဂလိကဘဏ်တွေကအကြီးတန်းအရာရှိတွေ၊ စီအီးအိုတွေ၊ဘဏ်ပိုင်ရှင်များနှင့်ဘဏ်အစုရှယ်ယာပိုင်ရှင်များအနေနဲ့ မိမိတို့ရဲ့ဘဏ်များရဲ့ အခြေအနေကို ကပ်စတန်မာများနဲ့တွေ့ဆုံပြီးနားထောင်စေချင်ပါတယ်။

သို့မှသာ ဘဏ်ရဲ့အောက်ခြေက အဖြစ်အပျက်များကိုသိရှိပြိး ယုံကြည်မှုကင်းမဲ့ခံနေရတဲ့ မိမိတို့ရဲ့ဘဏ်ကို ပြုပြင်နိုင်မယ်လို့ အသိပေးတိုက်တွန်းလိုက်ရပါတယ်။

ဘဏ်ဖေါက်သည်တစ်ဦး

Zawgyi

ဘဏ္ဝန္ထမ္းေတြလူလည္က်ၿပီး ဘဏ္ကပ္စတန္မာအေပၚမွာက်င့္ဝတ္မေစာင့္ထိန္းတဲ့လုပ္ရပ္ကို ဘဏ္ဝန္ထမ္းမိသားစုဝင္ဆီက ၾကားရတယ္။ ရာခိုင္ႏႈန္းနဲ႔လုပ္စားၾကတာ နယ္ၿမိဳ႕ကေလးတစ္ခုမွာတင္ ဘဏ္အေသးတစ္ခုကဝန္ထမ္းေတြဟာ နစကအာဏာထိန္းတဲ့ ေဖေဖၚဝါရီလကေန အခုႏိုဝင္ဘာလကုန္အထိ ၁၀ လတာကာလမွာ လိုင္စင္နဲ႔ကားေတြ ဝယ္စီးႏိုင္တဲ့အထိ ျဖစ္တယ္လို႔သိရတယ္။

ဘဏ္ဝန္ထမ္းေတြက ဘဏ္ေဖါက္သည္ ကပ္စတန္မာထက္ပိုၿပီး အခြင့္အေရးယူ လုပ္စားေနတာကို အထက္အဆင့္ဆင့္က မန္ေနဂ်ာမ်ားကလည္း သိသိနဲ႔မသိခ်င္ေယာင္ေဆာင္ေနၾကသလို အဆင့္တူ၊အဆင့္နိမ့္ တျခားဝန္ထမ္းေတြကလည္း သူလုပ္တာသူ႔အေၾကာင္း၊ သူ႔ကိစၥကိုယ့္ကိစၥမဟုတ္ဘူးလို႔ မ်က္ႏွာလႊဲေနၾကတာရွိေနပါတယ္။

အထက္အဆင့္ဆင့္က မန္ေနဂ်ာမ်ား၊ ဘဏ္တစ္ခုလုံးရဲ႕ ဒါ႐ိုက္တာမ်ား၊ မန္ေနဂ်င္းဒါ႐ိုက္တာမ်ား၊ CEO ဆိုသူမ်ား၊ ဘဏ္ပိုင္ရွင္ဆိုသူမ်ားက မိမိတို႔ဘဏ္ရဲ႕ ေအာက္ေျခမွာ ျဖစ္ပ်က္ေနတာကို အလုံးစုံသိၾကပါရဲ႕လားလို႔ ေမးျမန္းခ်င္ပါတယ္။

ကပ္စတန္မာေတြဟာ တိုကင္ေတြရဖို႔ ဖုန္းဆက္ေပမဲ့ တိုကင္မရျခင္း၊ အြန္လိုင္းအပြိဳင့္မန႔္လုပ္ေပမဲ့ သတ္မွတ္တဲ့အခ်ိန္နာရီအစမွာပင္ တစ္ေန႔တာအတြက္ သတ္မွတ္တဲ့လူဦးေရ ျပည့္ေနျခင္း။ ဥပမာ- မနက္ ၉ နာရီမွာေငြထုတ္ဖို႔ အြန္လိုင္းအပြိဳင့္မန႔္ယူဖို႔သတ္မွတ္ထားေပမဲ့ ၉ နာရီမွာ သတ္မွတ္တဲ့ Link, App ကိုဝင္ေရာက္တဲ့အခါမွာ သတ္မွတ္တဲ့ဦးေရကျပည့္ေနျခင္း။

၎လူဦးေရမွာ ဘဏ္ဝန္ထမ္းမ်ားနဲ႔ ျပဳလုပ္ထားတဲ့ ပူးတြဲအေကာင့္ မ်ားျဖစ္ေနျခင္း၊ ဝန္ထမ္းမ်ားက ၎တို႔မိသားစုဝင္မ်ားႏွင့္၊ သူငယ္ခ်င္းမ်ားႏွင့္၊ ဘဏ္ဝန္ထမ္းအခ်င္းခ်င္း ပူးတြဲအေကာင့္မ်ားဖြင့္ကာ ေငြထုတ္ဖို႔အတြက္ တိုကင္ယူတဲ့အခါ၊ အြန္လိုင္းအပြိဳင့္မန႔္ယူတဲ့အခါ ၎တို႔ပူးတြဲအေကာင့္မ်ားနဲ႔ လက္ဦးမႈရယူထားတဲ့အတြက္ ႐ိုးသားတဲ့ဘဏ္ေဖါက္သည္မ်ားမွာ ေငြထုတ္ယူခြင့္ မရႏိုင္တာေတြ႕ရပါတယ္။

၎လုပ္ရပ္မ်ားသည္ Insider trading လို႔ ေခၚရမယ္ထင္ပါတယ္။ ဘဏ္ေဖါက္သည္မ်ားကို ဦးစားေပးေဆာင္႐ြက္ျခင္းမရွိပဲ၊ ဝန္ထမ္းမ်ားရဲ႕ Join account မ်ားကေန ရာခိုင္ႏႈန္းနဲ႔ ေငြထုတ္ေပးျခင္း၊ ေငြထုတ္ရန္တိုကင္မ်ားရယူထားျခင္း၊ အြန္လိုင္းအပြိဳင့္မန႔္မ်ားကို ႀကိဳတင္လက္ဦးမႈ ရယူထားျခင္းတို႔က က်င့္ဝတ္အရမလုပ္သင့္ပါဘူး။

စကစအစိုးရ၊ဗဟိုဘဏ္၊ သက္ဆိုင္ရာ စီမံ/ဘ႑ာဝန္ႀကီးဌာန၊ပုဂၢလိကဘဏ္ေတြက အႀကီးတန္းအရာရွိေတြ၊ စီအီးအိုေတြ၊ ဘဏ္ပိုင္ရွင္မ်ားႏွင့္ ဘဏ္အစုရွယ္ယာပိုင္ရွင္မ်ားအေနနဲ႔ မိမိတို႔ရဲ႕ဘဏ္မ်ားရဲ႕ အေျခအေနကို ကပ္စတန္မာမ်ားနဲ႔ေတြ႕ဆုံၿပီးနားေထာင္ေစခ်င္ပါတယ္။

သို႔မွသာ ဘဏ္ရဲ႕ေအာက္ေျခက အျဖစ္အပ်က္မ်ားကိုသိရွိၿပိး ယုံၾကည္မႈကင္းမဲ့ခံေနရတဲ့ မိမိတို႔ရဲ႕ဘဏ္ကို ျပဳျပင္ႏိုင္မယ္လို႔ အသိေပးတိုက္တြန္းလိုက္ရပါတယ္။

ဘဏ္ေဖါက္သည္တစ္ဦး