Local News

ဒုရဲအုပ္ ခ်ယ္ရီထက္အမႈ တရားလို ဒုရဲမႉးအား စစ္ေဆး

ဒုရဲအုပ္ ခ်ယ္ရီထက္အမႈ တရားလို ဒုရဲမႉးအား စစ္ေဆး

ဒုရဲအုပ္ ခ်ယ္ရီထက္အမႈ တရားလို ဒုရဲမႉးအား စစ္ေဆး

ဒုရဲအုပ္ ခ်ယ္ရီထက္ကို အာဏာသိမ္း စစ္ေကာင္စီက ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅-က ျဖင့္

တရားစြဲဆိုထားမႈအား ယေန႔႐ုံးခ်ိန္းတြင္ တရားလိုျဖစ္သူ အၾကမ္း ဖက္မႈတိုက္ဖ်က္ေရး ဌာနမွ

ဒုရဲမႉး ေဇာ္ဝင္းထြန္းအား စစ္ေဆးခဲ့ေၾကာင္း ေရွ႕ေနအဖြဲ႕ထံက သိရသည္။

ၿပီးခဲ့သည့္႐ုံးခ်ိန္းတြင္ တရားလိုမွ ဒုရဲအုပ္ ခ်ယ္ရီထက္၏ ဖုန္းအား ဖြင့္ၾကည့္ကာ ထြက္ဆိုရန္ႀကိဳးပမ္းမႈကို

ေရွ႕ေနမ်ားက ကန႔္ကြက္ခဲ့ေသာ္လည္း ယေန႔တြင္ တရားသူႀကီးက ဖုန္းအားဖြင့္ၾကည့္ကာ ထြက္ဆိုရန္

ခြင့္ျပဳခဲ့သည့္အတြက္ ဆက္လက္ စစ္ေဆးခဲ့ျခင္း ျဖစ္ ေၾကာင္းလည္း သိရသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ အနီးကပ္ ကိုယ္ရံေတာ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည့္

ဒုရဲအုပ္ ခ်ယ္ရီထက္အား စစ္ေကာင္စီက စက္တင္ဘာ ၂၃ ရက္က ဖမ္းဆီးကာ

ဇဗၺဴသီရိၿမိဳ႕နယ္၊ အမွတ္ ၁ ရဲစခန္းတြင္ အမႈဖြင့္ခဲ့ျခင္း ျဖစ္သည္။

ယင္းသို႔ အမႈဖြင့္ ဖမ္းဆီးၿပီးေနာက္ ၎အား ေနျပည္ ေတာ္ အခ်ဳပ္ေထာင္သို႔

ပို႔ေဆာင္ကာ ေထာင္တြင္းအထူးတရား႐ုံးျဖင့္ စစ္ေဆးေနျခင္းလည္း ျဖစ္သည္။

ဒုရဲအုပ္ ခ်ယ္ရီထက္ အေနျဖင့္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္အာဏာသိမ္းကာ ေဒၚေအာင္ဆန္းစုၾကည္အား

ဖမ္းဆီးၿပီးေနာက္ ၎အေနျဖင့္လည္း စစ္ေကာင္စီ၏ ထိန္းခ်ဳပ္ေစာင့္ၾကည့္မႈေအာက္တြင္ အက်ယ္ခ်ဳပ္သေဘာျဖင့္

အမႈဖြင့္ ဖမ္းဆီးသည့္အခ်ိန္အထိ ေနထိုင္ခဲ့ရေၾကာင္းလည္း သိရသည္။

ယင္းျပင္ ဒုရဲအုပ္ခ်ယ္ရီထက္ အေနျဖင့္ ရဲစည္းကမ္းထိန္းသိမ္းေရး အက္ဥပေဒအရလည္း ရဲခုံ႐ုံးျဖင့္ စစ္ေဆးခံခဲ့ရၿပီး

လတ္တေလာတြင္ ရဲခုံ႐ုံးမွ ျပစ္ဒဏ္ခ်မွတ္မႈ ရွိမရွိ ၎ထံ အသိေပး အေၾကာင္းၾကားျခင္းမရွိေသးေၾကာင္း ေရွ႕ေနမ်ားက တဆင့္ သိရသည္။

The Irrawaddy – Burmese Edition

Unicode

ဒုရဲအုပ် ချယ်ရီထက်အမှု တရားလို ဒုရဲမှူးအား စစ်ဆေး

ဒုရဲအုပ် ချယ်ရီထက်ကို အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့်

တရားစွဲဆိုထားမှုအား ယနေ့ရုံးချိန်းတွင် တရားလိုဖြစ်သူ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဌာနမှ

ဒုရဲမှူး ဇော်ဝင်းထွန်းအား စစ်ဆေးခဲ့ကြောင်း ရှေ့နေအဖွဲ့ထံက သိရသည်။

ပြီးခဲ့သည့်ရုံးချိန်းတွင် တရားလိုမှ ဒုရဲအုပ် ချယ်ရီထက်၏ ဖုန်းအား ဖွင့်ကြည့်ကာ ထွက်ဆိုရန်ကြိုးပမ်းမှုကို

ရှေ့နေများက ကန့်ကွက်ခဲ့သော်လည်း ယနေ့တွင် တရားသူကြီးက ဖုန်းအားဖွင့်ကြည့်ကာ ထွက်ဆိုရန်

ခွင့်ပြုခဲ့သည့်အတွက် ဆက်လက် စစ်ဆေးခဲ့ခြင်း ဖြစ် ကြောင်းလည်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်

ဒုရဲအုပ် ချယ်ရီထက်အား စစ်ကောင်စီက စက်တင်ဘာ ၂၃ ရက်က ဖမ်းဆီးကာ

ဇဗ္ဗူသီရိမြို့နယ်၊ အမှတ် ၁ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ အမှုဖွင့် ဖမ်းဆီးပြီးနောက် ၎င်းအား နေပြည် တော် အချုပ်ထောင်သို့

ပို့ဆောင်ကာ ထောင်တွင်းအထူးတရားရုံးဖြင့် စစ်ဆေးနေခြင်းလည်း ဖြစ်သည်။

ဒုရဲအုပ် ချယ်ရီထက် အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းကာ ဒေါ်အောင်ဆန်းစုကြည်အား

ဖမ်းဆီးပြီးနောက် ၎င်းအနေဖြင့်လည်း စစ်ကောင်စီ၏ ထိန်းချုပ်စောင့်ကြည့်မှုအောက်တွင် အကျယ်ချုပ်သဘောဖြင့်

အမှုဖွင့် ဖမ်းဆီးသည့်အချိန်အထိ နေထိုင်ခဲ့ရကြောင်းလည်း သိရသည်။

ယင်းပြင် ဒုရဲအုပ်ချယ်ရီထက် အနေဖြင့် ရဲစည်းကမ်းထိန်းသိမ်းရေး အက်ဥပဒေအရလည်း ရဲခုံရုံးဖြင့် စစ်ဆေးခံခဲ့ရပြီး

လတ်တလောတွင် ရဲခုံရုံးမှ ပြစ်ဒဏ်ချမှတ်မှု ရှိမရှိ ၎င်းထံ အသိပေး အကြောင်းကြားခြင်းမရှိသေးကြောင်း ရှေ့နေများက တဆင့် သိရသည်။

The Irrawaddy – Burmese Edition