တယ်လီကွန်း ကုမ္ပဏီများက လက်ရှိရောင်းချနေသည့် အင်တာနက်အသုံးပြုနိုင်သည့် ဖုန်းဒေတာ ဈေးနှုန်းများကို စစ်ကောင်စီက ဈေးမြှင့်တင်ခိုင်းထားသည့်အတွက် လာမည့် အင်္ဂါနေ့နောက်ပိုင်းမှ စ၍ ဈေးတက်လာနိုင်ကြောင်း တယ်လီကွန်းကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိ ဝယ်ယူ ရရှိနေသည့် ဈေးနှုန်းတူနိုင်သော်လည်း ရရှိမည့် ဒေတာပမဏလျော့နည်းသွားနိုင်သည်ဟု နာမည်မဖော်လိုသူ သတင်းရင်းမြစ်က ဆိုသည်။
“မတက်ခင် အခုစျေးနဲ့ကြိုဝယ်ထားဖို့ပြောပေးစေလိုပါတယ်။ ပြည်သူတွေသက်သာအောင်ပါ” ဟု သတင်းပေးလာသူက ဆိုသည်။
ယခင်က ၁၀၀၀ ကျပ်ဖြင့် 1GB အသုံးပြု၍ ရပါက ပြောင်းလဲလိုက်ပြီးနောက် ၁၀၀၀ ကျပ်တွင် 500MB ကဲ့သို့ ထက်ဝက်ခန့် လျှော့ချသွားရန် စစ်ကောင်စီက ပြင်ဆင်နေခြင်း ဖြစ်သည်။
“အရင်က (တယ်လီကွန်း ကုမ္ပဏီတွေအနေနဲ့) Data Package တစ်ခုလုပ်မယ်ဆို စျေးက 1MB ကို ၁ ကျပ်အောက် ဆင်းလို့မရဘူးဗျ။ အခုစျေးက 1MB ကို ၁.၈ ကျပ်အောက် ဆင်းလို့မရဘူး” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။
Source: Mratt Kyaw Thu
Zawgyi
ယခုလ ၇ ရက္ေန႕ ေနာက္ပိုင္းမွစ၍ ဖုန္းေဒတာ ေဈးတက္လာနိုင္
တယ္လီကြန္း ကုမၸဏီမ်ားက လက္ရွိေရာင္းခ်ေနသည့္ အင္တာနက္အသုံးျပဳနိုင္သည့္ ဖုန္းေဒတာ ေဈးႏႈန္းမ်ားကို စစ္ေကာင္စီက
ေဈးျမႇင့္တင္ခိုင္းထားသည့္အတြက္ လာမည့္ အဂၤါေန႕ေနာက္ပိုင္းမွ စ၍ ေဈးတက္လာနိုင္ေၾကာင္း တယ္လီကြန္းကုမၸဏီတစ္ခုမွ ဝန္ထမ္းတစ္ဦးက ေျပာသည္။
လက္ရွိ ဝယ္ယူ ရရွိေနသည့္ ေဈးႏႈန္းတူနိုင္ေသာ္လည္း ရရွိမည့္ ေဒတာပမဏေလ်ာ့နည္းသြားနိုင္သည္ဟု နာမည္မေဖာ္လိုသူ သတင္းရင္းျမစ္က ဆိုသည္။
“မတက္ခင္ အခုေစ်းနဲ႕ႀကိဳဝယ္ထားဖို႔ေျပာေပးေစလိုပါတယ္။ ျပည္သူေတြသက္သာေအာင္ပါ” ဟု သတင္းေပးလာသူက ဆိုသည္။
ယခင္က ၁၀၀၀ က်ပ္ျဖင့္ 1GB အသုံးျပဳ၍ ရပါက ေျပာင္းလဲလိုက္ၿပီးေနာက္ ၁၀၀၀ က်ပ္တြင္ 500MB ကဲ့သို႔ ထက္ဝက္ခန႔္ေလွ်ာ့ခ်သြားရန္ စစ္ေကာင္စီက ျပင္ဆင္ေနျခင္း ျဖစ္သည္။
“အရင္က (တယ္လီကြန္း ကုမၸဏီေတြအေနနဲ႕) Data Package တစ္ခုလုပ္မယ္ဆို ေစ်းက 1MB ကို ၁ က်ပ္ေအာက္ ဆင္းလို႔မရဘူးဗ်။ အခုေစ်းက 1MB ကို ၁.၈ က်ပ္ေအာက္ ဆင္းလို႔မရဘူး” ဟု သတင္းရင္းျမစ္က ရွင္းျပသည္။
Source: Mratt Kyaw Thu