Cele News
Unicode
ယွန်းယွန်းရဲ့ စကားတစ်ခွန်းကြောင့် ပေါက်ကွဲနေတဲ့ဖန်တွေကို အောင်မင်းခန့်ပြောပြီ…
သရုပ်ဆောင် အောင်မင်းခန့်ကတော့ လတ်တလောမှာ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်း ခံနေရသူတစ်ယောက် ဖြစ်ပါတယ်။ အကြောင်းကတော့ အောင်မင်းခန့်ဟာ Double Dating အစီအစဉ်ထဲက
သူ့ရဲ့ပါတနာ သရုပ်ဆောင် ယွန်းယွန်းနဲ့ စည်သူဝင်းတို့သမီးရည်းစားရဲ့ လှုမှုရေး ပြဿနာတွေကြောင့် ပဲဖြစ်ပါတယ်။ စည်သူဝင်းရဲ့ချစ်သူ မြတ်နိုးအိမ် တင်ထားတဲ့
စည်သူဝင်းနဲ့ယွန်းယွန်းတို့ ပြောတဲ့ Conversation ထဲမှာ ယွန်းယွန်းက အောင်မင်းခန့်နဲ့ တွဲပြီးသရုပ်ဆောင်နေရတဲ့ အပိုင်းကို မလုပ်ချင်တော့ကြောင်း ပြောထားတာပါ နေပါတယ်။
အာ့တာကတော့ ကိုယ့်ရဲ့ချစ်သူ စည်သူဝင်းအရှေ့မှာ “အောင်မင်းခန့်ရဲ့ပါတနာအနေနဲ့ ရှိမနေချင်တော့ဘူး”ဆိုပြီး ယွန်းယွန်းက ပြောခဲ့တာ ဖြစ်ပါတယ်နော်။
ယွန်းယွန်းနဲ့ စည်သူဝင်းတို့ရဲ့ အဆိုပါ စကား အသွားအလာကြောင့် အောင်မင်းခန့်ရဲ့Fan တွေဟာ စိတ်ဆိုးဒေါသ ဖြစ်နေကြပြီး ယွန်းယွန်းဟာ မဆီမဆိုင်ကိုယ်ရေးကိုယ်တာ ခံစားမှုတွေကြောင့် အလုပ်အပေါ် လေးစားမှု မရှိဘူးဆိုပြီး ဝေဖန်နေကြ တာပဲဖြစ်ပါတယ်။
အဲ့ဒီအတွက်ကြောင့် အောင်မင်းခန့်ရဲ့ ဖန်တွေဟာ ယွန်းယွန်းနဲ့စည်သူဝင်းကို ဒေါသထွက်နေကြတာမို့ အောင်မင်းခန့်က သူနဲ့သူ့ပရိသတ်တွေရဲ့ Group Chat ထဲမှာ ယခုလို
“သူ့အပူနဲ့သူ ဖြစ်နေတော့ ညီမလေးရယ် မပြောပါနဲ့.. ညီမလေး စိတ်ထိန်းနော်” ဆိုပြီး ပရိသတ်တွေကို ဖြောင်းဖျနှစ်သိမ့် ပေးနေခဲ့တာကို တွေ့ရပါတယ်။
အောင်မင်းခန့်ကတော့ အနုပညာအလုပ်ကြောင့်သာ Double Dating အစီအစဉ် ရိုက်ကူးနေချိန်မှာပဲ အနုပညာသဘောအရ ယွန်းယွန်းအပေါ် ချစ်သူတစ်ယောက်လို ဆက်ဆံခဲ့ပြီး ..
ရိုက်ကွင်း နောက်ကွယ်မှာတော့ ခင်မင်ရင်းနှီးတဲ့ အနုပညာမောင်နှမတွေ အတိုင်းသာ ရှိခဲ့တယ်ဆိုတာ အားလုံးလည်း အသိပါပဲနော်။ ဒါကိုမှ အခုလို ပွက်လောရိုက်သွားတဲ့ ဂယက်ထဲမှာ သူ့အကြောင်းပါလာခဲ့ပေမယ့်
သူတို့လည်း သူတို့အပူနဲ့သူတို့မို့ ဖန်တွေအနေနဲ့ နားလည်ပေးလိုက် ကြဖို့ နှစ်သိမ့်တောင်းဆို လာတာကတော့ အောင်မင်းခန့်ရဲ့ ပြည့်ဝတဲ့ စိတ်ထားကို မြင်တွေ့နိုင်ပါတယ်နော်။crd