Local News

စစ္ေကာင္စီ၏ သံတမန္ ေအာင္သူရိန္ကို ျမန္မာႏိုင္ငံကိုယ္စားျပဳခြင့္မေပးေသာ ကုလသမဂၢအရည္အခ်င္းစစ္ေကာ္မတီ၏ ဆုံးျဖတ္ခ်က္ CRPH ႀကိဳဆို

စစ္ေကာင္စီ၏ သံတမန္ ေအာင္သူရိန္ကို ျမန္မာႏိုင္ငံကိုယ္စားျပဳခြင့္မေပးေသာ ကုလသမဂၢအရည္အခ်င္းစစ္ေကာ္မတီ၏ ဆုံးျဖတ္ခ်က္ CRPH ႀကိဳဆို

စစ္ေကာင္စီ၏ သံတမန္ ေအာင္သူရိန္ကို ျမန္မာႏိုင္ငံကိုယ္စားျပဳခြင့္မေပးေသာ ကုလသမဂၢအရည္အခ်င္းစစ္ေကာ္မတီ၏ ဆုံးျဖတ္ခ်က္ CRPH ႀကိဳဆို

ရန္ကုန္၊ ဒီဇင္ဘာ ၂

စစ္ေကာင္စီ၏ သံတမန္ ေအာင္သူရိန္ကို ျမန္မာႏိုင္ငံကိုယ္စားျပဳခြင့္မေပးေသာ ကုလသမဂၢအရည္အခ်င္းစစ္ေကာ္မတီ၏ ဆုံးျဖတ္ခ်က္ကို ျပည္ သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ျပဳေကာ္မတီ CRPH က ႀကိဳဆိုေၾကာင္း ေၾက ညာခ်က္တစ္ရပ္ ထုတ္ျပန္သည္။

၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၁ ရက္ေန႔တြင္ က်င္းပခဲ့သည့္ ကုလသမဂၢစိစစ္ေရးေကာ္မတီ၌ အၾကမ္းဖက္ျမန္မာစစ္ေကာင္စီက အမည္စာရင္းတင္သြင္းထားသည့္ ကိုယ္စားလွယ္အား ကုလသမဂၢ တြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳခြင့္မျပဳေၾကာင္း ဆုံးျဖတ္ခ်က္ကို ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီအေနျဖင့္ ဝမ္းေျမာက္စြာျဖင့္ ႀကိဳဆိုေၾကာင္း၊

ေကာ္မတီဥကၠ႒ ဆီဒင္ႏိုင္ငံဆိုင္ရာ ကုလ သမဂၢ သံအမတ္ႀကီး Mr. Anna Karin Enestrom ႏွင့္ ေကာ္ မတီ အဖြဲ႕ဝင္မ်ားအား ျမန္မာျပည္သူမ်ား ကိုယ္စား မ်ားစြာေက်းဇူးတင္ေၾကာင္း CRPH ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံ၌ စစ္ေကာင္စီတပ္မ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားရပ္တန႔္ေရး အပါအဝင္ စစ္ အာဏာရွင္မ်ားအၿပီးတိုင္း က်ဆုံးေရးႏွင့္ ဒီမိုကေရစီ ျပန္လည္ရရွိေရးတို႔အတြက္ ကမာၻႏိုင္ငံမ်ားႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၏ စစ္ေကာင္ စီအေပၚ ထိေရာက္သည့္ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ သံတမန္ ေရးပိတ္ဆို႔မႈမ်ားသည္ အေရးပါသည့္ ကူညီေဆာင္႐ြက္မႈမ်ား ျဖစ္ေၾကာင္း၊

ထို႔ျပင္ ျမန္မာျပည္သူမ်ား၏ ႀကီးမားေသာ ေမွ်ာ္လင့္ခ်က္ႏွင့္ ဆႏၵသေဘာထားမ်ားအရ ေကာ္မတီ၏ ဆုံးျဖတ္ခ်က္အား ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ၌ အတည္ႏိုင္ေရး ဆက္လက္ကူညီေပးရန္ အဖြဲ႕ဝင္ႏိုင္ငံမ်ားအား တိုက္တြန္းေတာင္းဆိုေၾကာင္း ေဖာ္ျပထားသည္။

ယခုကဲ့သို႔ ခက္ခဲသည့္ အခ်ိန္တြင္ ျမန္မာျပည္သူတို႔ႏွင့္အတူ ရပ္တည္ၿပီး ျပည္သူလူထုကိုယ္စားျပဳေနသည့္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းအား ကုလ သမဂၢဆိုင္ရာ အၿမဲတမ္းကိုယ္စားလွယ္အျဖစ္ ဆက္လက္ထားရွိႏိုင္ေရး ရပ္တည္ေပးရန္ CRPH က ေတာင္းဆိုထားသည္။

ဓာတ္ပုံ- သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း၊ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ႏွင့္ ကုလသမဂၢအရည္အခ်င္းစိစစ္ေရးေကာ္မတီဥကၠ႒။

Unicode

စစ်ကောင်စီ၏ သံတမန် အောင်သူရိန်ကို မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပေးသော ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ၏ ဆုံးဖြတ်ချက် CRPH ကြိုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂

စစ်ကောင်စီ၏ သံတမန် အောင်သူရိန်ကို မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပေးသော ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ၏ ဆုံးဖြတ်ချက်ကို ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ CRPH က ကြိုဆိုကြောင်း ကြေ ညာချက်တစ်ရပ် ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂစိစစ်ရေးကော်မတီ၌ အကြမ်းဖက်မြန်မာစစ်ကောင်စီက အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်အား ကုလသမဂ္ဂ တွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပြုကြောင်း ဆုံးဖြတ်ချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် ဝမ်းမြောက်စွာဖြင့် ကြိုဆိုကြောင်း၊

ကော်မတီဥက္ကဋ္ဌ ဆီဒင်နိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ သံအမတ်ကြီး Mr. Anna Karin Enestrom နှင့် ကော် မတီ အဖွဲ့ဝင်များအား မြန်မာပြည်သူများ ကိုယ်စား များစွာကျေးဇူးတင်ကြောင်း CRPH ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များရပ်တန့်ရေး အပါအဝင် စစ် အာဏာရှင်များအပြီးတိုင်း ကျဆုံးရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးတို့အတွက် ကမ္ဘာနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စစ်ကောင် စီအပေါ် ထိရောက်သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် သံတမန် ရေးပိတ်ဆို့မှုများသည် အရေးပါသည့် ကူညီဆောင်ရွက်မှုများ ဖြစ်ကြောင်း၊

ထို့ပြင် မြန်မာပြည်သူများ၏ ကြီးမားသော မျှော်လင့်ချက်နှင့် ဆန္ဒသဘောထားများအရ ကော်မတီ၏ ဆုံးဖြတ်ချက်အား ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ အတည်နိုင်ရေး ဆက်လက်ကူညီပေးရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းတောင်းဆိုကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ ခက်ခဲသည့် အချိန်တွင် မြန်မာပြည်သူတို့နှင့်အတူ ရပ်တည်ပြီး ပြည်သူလူထုကိုယ်စားပြုနေသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလ သမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိနိုင်ရေး ရပ်တည်ပေးရန် CRPH က တောင်းဆိုထားသည်။

ဓာတ်ပုံ- သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂအရည်အချင်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ။