Local News

သမၼတကို ႏုတ္ထြက္ခိုင္းတယ္ ဆိုတာကို စစ္ေကာင္စီျပန္ရွင္း

သမၼတကို ႏုတ္ထြက္ခိုင္းတယ္ ဆိုတာကို စစ္ေကာင္စီျပန္ရွင္း

သမၼတကို ႏုတ္ထြက္ခိုင္းတယ္ ဆိုတာကို စစ္ေကာင္စီျပန္ရွင္း

သမၼတဦးဝင္းျမင့္ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၂ ရက္‌ေန႔က တရား႐ုံးမွာ ေျပာၾကားခဲ့တဲ့ထြက္ဆိုခ်က္နဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီသတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေအာက္တိုဘာလ ၁၄ ရက္‌ေန႔မွာ ျမန္မာ့႐ုပ္သံက တစ္ဆင့္ ျပန္လည္ရွင္းလင္းခဲ့ပါတယ္။

သမၼတဦးဝင္းျမင့္ကို ႏုတ္ထြက္ခိုင္းခဲ့တယ္ဆိုတဲ့ ေျပာဆိုခ်က္ အေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီး မေဝဖန္လိုေၾကာင္း သူရဲ႕တရား႐ုံးမွာ ရွိတဲ့ အခြင့္အေရးျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။

သမၼတဦးဝင္းျမင့္က သူကို႔ အာဏာသိမ္းတဲ့ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မနက္ ၅ နာရီက သမၼတ႐ုံးကို ေခၚသြားခဲ့ၿပီး အဲ့ဒီေနာက္စစ္တပ္အရာရွိႀကီး ႏွစ္ဦးေရာက္လာကာ က်န္းမာေရး အေၾကာင္းျပ ႏုတ္ထြက္ခိုင္းခဲ့တယ္လို႔ ၿပီးခဲ့တဲ့ေအာက္တိုဘာလ ၁၂ ရက္ေန႔ ႐ုံးခ်ိန္းမွာ ထြက္ဆိုခဲ့ပါတယ္။

ဒီအေၾကာင္းအရာေတြနဲ႔ ပတ္သက္လို႔ မွတ္တမ္းမွတ္ရာေတြရွိေၾကာင္းလည္း စစ္ေကာင္စီသတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္က ေျပာပါတယ္။

ဒါအျပင္ သမၼတဦးဝင္းျမင့္ဟာ အဲ့ဒီအခ်ိန္မွာ ေ႐ြးေကာက္ပြဲဝင္ၿပီးေတာ့မွ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ေနတဲ့ အေနအထားရွိေနၿပီး အေျခခံဥပေဒ ပုဒ္မ ၆၂ ၊ ၆၃ အရ ႏိုင္ငံေတာ္သမၼတ သို႔မဟုတ္ ဒုတိယသမၼတသည္ မည္သည့္လႊတ္ေတာ္ကိုယ္စားလွယ္မွ မျဖစ္ေစရဆိုတဲ့ အခ်က္ကိုလည္း ထည့္ေျပာသြားပါတယ္။

၂၀၀၈ အေျခခံဥပေဒအရ သူက အဲ့ဒီလိုေျပာေပမယ့္ အေျခခံဥပေဒ ပုဒ္မ ၆၁ (ခ) မွာေတာ့ ႏိုင္ငံေတာ္သမၼတသည္ ရာထူးသက္တမ္းကုန္ဆုံးသည့္အခါ ႏိုင္ငံေတာ္သမၼတသစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ၿပီးသည့္အခ်ိန္အထိ ႏိုင္ငံေတာ္သမၼတနဲ႔ ဒုတိယသမၼတမ်ားသည္ မိမိတို႔လုပ္ငန္းတာဝန္ေတြကို ဆက္လက္ထမ္းေဆာင္ရမယ္လို႔ေဖာ္ျပထားပါတယ္။

Unicode

သမ္မတကို နုတ်ထွက်ခိုင်းတယ် ဆိုတာကို စစ်ကောင်စီပြန်ရှင်း

သမ္မတဦးဝင်းမြင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်‌နေ့က တရားရုံးမှာ ပြောကြားခဲ့တဲ့ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာလ ၁၄ ရက်‌နေ့မှာ မြန်မာ့ရုပ်သံက တစ်ဆင့် ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့်ကို နုတ်ထွက်ခိုင်းခဲ့တယ်ဆိုတဲ့ ပြောဆိုချက် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မဝေဖန်လိုကြောင်း သူရဲ့တရားရုံးမှာ ရှိတဲ့ အခွင့်အရေးဖြစ်တယ်လို့လည်း သူကပြောပါတယ်။

သမ္မတဦးဝင်းမြင့်က သူကို့ အာဏာသိမ်းတဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၅ နာရီက သမ္မတရုံးကို ခေါ်သွားခဲ့ပြီး အဲ့ဒီနောက်စစ်တပ်အရာရှိကြီး နှစ်ဦးရောက်လာကာ ကျန်းမာရေး အကြောင်းပြ နုတ်ထွက်ခိုင်းခဲ့တယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၂ ရက်နေ့ ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ မှတ်တမ်းမှတ်ရာတွေရှိကြောင်းလည်း စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဒါအပြင် သမ္မတဦးဝင်းမြင့်ဟာ အဲ့ဒီအချိန်မှာ ရွေးကောက်ပွဲဝင်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ အနေအထားရှိနေပြီး အခြေခံဥပဒေ ပုဒ်မ ၆၂ ၊ ၆၃ အရ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတသည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မှ မဖြစ်စေရဆိုတဲ့ အချက်ကိုလည်း ထည့်ပြောသွားပါတယ်။

၂၀၀၈ အခြေခံဥပဒေအရ သူက အဲ့ဒီလိုပြောပေမယ့် အခြေခံဥပဒေ ပုဒ်မ ၆၁ (ခ) မှာတော့ နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတသစ် ရွေးချယ်တင်မြှောက်ပြီးသည့်အချိန်အထိ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများသည် မိမိတို့လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်ရမယ်လို့ဖော်ပြထားပါတယ်။