ဗဟုသုတ

စီးပွားဖြစ် ထုပ်လုပ်ရောင်းချနိုင်သော တောင်ပို့မှို စိုက်ပျိုးနည်း…

Unicode

ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သားအားလုံး တပိုင်တစ်နိုင် လုပ်ကိုင် နိုင်သလို မြေဧက အနည်းငယ်ရှိသူတွေအတွက်လည်း စီးပွားဖြစ်ထုပ် လုပ်ရောင်းချ နိုင်ပါ တယ်။

ယနေ့ မှို တစ်ပိဿာဈေး ဟာလည်း ၁သောင်းကျော်နေတာမို့ မက်လောက် စရာဖြစ် ပါတယ်။အရေးကြီးတာက နည်းသိဖို့ပါဘဲ။ သဘာဝနည်းဖြစ် တာကြောင့် ဓာတုဗေဒဆေးဝါး ကင်း တာကြောင့် စားသုံးသူ များအန္တရယ် မရွိယုံသာမက အနံအရသာ ဟာလည်း သဘာဝ မှိုကဲ့သို့ စိမ့်ချိုနေစေ မှာပါ။

နည်းမှာ ပါဝင်ပစ္စည်း ၃မျိုးသာ ရှိပြီး မိမိပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဖွေ ရလွယ်ပါတယ်။

၁။ ခြတောင်ပို့ အတွင်းပိုင်းမှ မြေသား၂၀သားခန့်။

၂။ ထမင်းဖြူ ၆၅ ကျပ်သား( တစ္ကီလို)

၃။ ရေ၂လီတာ(ရေသန့်ဗူး၂ဘူး) တို့ဘဲ ဖြစ်ပါတယ်။

ပထမဦးစြာ တောင်ပို့မြေနဲ့ ထမင်းဖြူတို့ကို ဇလုံတစ္ခုထဲ မှာရောထည့်ပြီး သမအောင် မွှေပေးရ ပါမယ်။ ထို့နောက် ရေကို ဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာကုန်တဲ့အထိ မွှေပေး ရပါမယ်။

ပြီးနောက် ထိုဇလုံကို နေရောင်ခြည် တိုက်ရိုက်မကျတဲ့နေရာ မပူလွန်းမအေးလွန်းတဲ့ နေရာမှာ၇ ရက်ခန့်ထားရပါမယ်။ ထိုအတောအတွင်း ဇလုံကို ရွှေ့ပြောင်းခြင်းမပြုဘဲ ငြိမ်သက်စွာ ထားရမွာပါ။ ၇ ရက်ကျော်တဲ့အခါ ဇလုံရဲ့မျက်နှာပြင်ပေါ်မှာ အမြှပ်အဖက် ဖြူဖြူမဲမဲများ တက္လာတာကို တွေ့ရပါမယ်။

အဲဒါဟာ မှိုဖောက်ဖို့ ကျူလ္လင်စီတွေဘဲ ဖြစ်ပါ တယ်။ (တနည်းအားဖြင့် မှိုမျိုးစေ့တွေဘဲ ဖြစ်ပါတယ်)ထိုမှိုမျိုးများ အားခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေးပုံ သစ်ပင်အောက်ရှိ မြေဆွေးတွေ အပေါ် နှံစပ်အောင်ချ ထားပေးပြီး ထားရပါမယ်။

မှိုမျိုးစေ့များ ချထားသောနေရာအား ၇/၈ ရက်တစ်ကြိမ် ရေစိုရုံသာ ဖျန်းပေးရုံဖြင့်အနံ့အရသာနှင့် ပြည်စုံတဲ့ တောင်ပို့မှို တနည်း ကောက်ရိုးမှို တို့ကို လွယ်ကူစွာ း စားသုံးနိုင်ပြီး ပိုလျှံပါက ရောင်းချ၍ ဝင်ငွေတိုးစေမှာပါ။

အိမ်တွင်း၊ တိုက်ခန်း၊ ကွန်ဒိုနေ သူများအဖို့ ပန်းအိုးများအတွင်း မြေဆွေးထည့်၍ စိုက်ပျိုးနိုင် ပါတယ်။ (အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူးတစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ် ဖျန်းပေးခြင်းဖြင့် ၎င်းမှိုမျိူးစေ့ ချထားသောနေရာများအား ပက်ဖျန်းခြင်းဖြင့် အပင်များ ရှင်သန်ကြီးထွားစေသော မြေဩဇာကဲသို့ အသုံးပြုနိုင် ပါသည်။ စားဝတ်နေရေး ပြေလည်စေနိုင်ပါမည်။

Crd ပြန်လည်မျှဝေပါသည်

Zawgyi

ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သားအားလုံး တပိုင်တစ်နိုင် လုပ်ကိုင် နိုင်သလို မြေဧက အနည်းငယ်ရှိသူတွေအတွက်လည်း စီးပွားဖြစ်ထုပ် လုပ်ရောင်းချ နိုင်ပါ တယ်။

ယနေ့ မှို တစ်ပိဿာဈေး ဟာလည်း ၁သောင်းကျော်နေ တာမို့ မက်လောက် စရာဖြစ် ပါတယ်။ အရေးကြီးတာက နည်းသိဖို့ပါဘဲ။ သဘာဝ နည်းဖြစ် တာကြောင့် ဓာတုဗေဒဆေးဝါး ကင်း တာကြောင့် စားသုံးသူ များအန္တရယ် မရွိယုံသာမက အနံအရသာ ဟာလည်း သဘာဝ မှိုကဲ့သို့ စိမ့်ချိုနေစေ မှာပါ။

နည်းမှာ ပါဝင်ပစ္စည်း ၃မျိုးသာ ရှိပြီး မိမိပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဖွေ ရလွယ်ပါတယ်။

၁။ ခြတောင်ပို့ အတွင်းပိုင်းမှ မြေသား၂၀သားခန့်။
၂။ ထမင်းဖြူ ၆၅ ကျပ်သား( တစ္ကီလို)
၃။ ရေ၂လီတာ(ရေသန့်ဗူး၂ဘူး) တို့ဘဲ ဖြစ်ပါတယ်။

ပထမဦးစြာ တောင်ပို့မြေနဲ့ ထမင်းဖြူတို့ကို ဇလုံတစ္ခုထဲ မှာရောထည့်ပြီး သမအောင် မွှေပေးရ ပါမယ်။ ထို့နောက် ရေကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာကုန်တဲ့အထိ မွှေပေး ရပါမယ်။ ပြီးနောက် ထိုဇလုံကို နေရောင်ခြည် တိုက်ရိုက် မကျတဲ့နေရာ မပူလွန်းမအေးလွန်းတဲ့ နေရာမှာ ၇ ရက်ခန့်ထားရပါမယ်။

ထိုအတောအတွင်း ဇလုံကို ရွှေ့ပြောင်းခြင်းမပြုဘဲ ငြိမ်သက်စွာ ထားရမွာပါ။ ၇ ရက်ကျော်တဲ့အခါ ဇလုံရဲ့မျက်နှာပြင်ပေါ်မှာ အမြှပ်အဖက် ဖြူဖြူမဲမဲများ တက္လာတာကို တွေ့ရပါမယ်။

အဲဒါဟာ မှိုဖောက်ဖို့ ကျူလ္လင်စီတွေဘဲ ဖြစ်ပါ တယ်။ (တနည်းအားဖြင့် မှိုမျိုးစေ့တွေဘဲ ဖြစ်ပါတယ်)ထိုမှိုမျိုးများ အားခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေးပုံ သစ်ပင်အောက်ရှိ မြေဆွေးတွေ အပေါ် နှံစပ်အောင်ချ ထားပေးပြီး ထားရပါမယ်။

မှိုမျိုးစေ့များ ချထားသော နေရာအား ၇/၈ ရက်တစ်ကြိမ် ရေစိုရုံသာ ဖျန်းပေးရုံဖြင့်အနံ့အရသာနှင့် ပြည်စုံတဲ့ တောင်ပို့မှို တနည်း ကောက်ရိုးမှိုတို့ကို လွယ်ကူစွာ း စားသုံးနိုင်ပြီး ပိုလျှံပါက ရောင်းချ၍ ဝင်ငွေတိုးစေမှာပါ။

အိမ်တွင်း၊ တိုက်ခန်း၊ ကွန်ဒိုနေ သူများအဖို့ ပန်းအိုးများအတွင်း မြေဆွေးထည့်၍ စိုက်ပျိုးနိုင် ပါတယ်။ (အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူးတစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ် ဖျန်းပေးခြင်းဖြင့် ၎င်းမှိုမျိူးစေ့ ချထားသော နေရာများအား ပက်ဖျန်းခြင်းဖြင့် အပင်များ ရှင်သန်ကြီးထွားစေသော မြေဩဇာကဲသို့ အသုံးပြုနိုင် ပါသည်။ စားဝတ်နေရေး ပြေလည်စေနိုင်ပါမည်။

Crd ပြန်လည်မျှဝေပါသည်