ဗဟုသုတ

မိသားစုကိုဦးဆောင်နိုင်ဖို့ မိဘတွေအနေနဲ့ပထမဆုံးကလေးကို ဒါတွေသင်ထားပေးပါ

မိဘတိုင်းက ကိုယ့်ရဲ့ကလေးလေးတွေ အကျင့်စာရိတ္တကောင်းမွန်ပြီး လိမ္မာရေးခြားရှိတဲ့သူတွေဖြစ်ချင်ကြမှာပါ။ညီအစ်ကိုမောင်နှမချင်း ချစ်ချစ်ခင်ခင်နေထိုင်တတ်ဖို့က မိဘတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။

တစ်ချို့သောမိသားစုတွေမှာ သွေးသားအရင်းအချာ မောင်နှမတွေဖြစ်ပေမယ့်လို့ သူစိမ်းတွေလောက် ရင်းနှီးချစ်ခင်မှုမရှိတာကို တွေ့နေရတတ်ပါတယ်။

မိဘတိုင်းက မောင်နှမချင်းချစ်ခင်တတ်ဖို့ကို သူတို့ရဲ့ပထမဆုံး ကလေးလေးကနေ သင်ပြပေးဖို့လိုအပ်ပါတယ်နော်။ကိုယ့်ရဲ့ ကလေးလေးတွေ တစ်ယောက်နဲ့တစ်ယေက် ချစ်ချစ်ခင်ခင်ဖြစ်ဖို့က ပထမဆုံးကလေးပေါ်မှာ အများကြီးမူတည်ပြီးတော့ နောက်ကလေးတွေက သူတို့ရဲ့အကြီးတွေဆီကနေ အတုယူတတ်ကြတာ ဖြစ်ပါတယ်။ မျှဝေတတ်ဖို့ကိုသင်ကြားပေးပါ။

ကလေးတွေဆိုတာ သင်လွယ်တတ်လွယ်တဲ့ အရွယ်ဖြစ်သလို ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာဖို့ ငယ်စဉ်ကလေးက သင်ကြားပေးထားဖို့ လိုအပ်ပါတယ်။ ပထမဆုံးကလေးတွေဆိုတာ တစ်ခြားသူတို့ထက်အငယ်တွေ မမွေးသေးခင်မှာ အချစ်တွေပုံအောရတတ်ကြပြီး အငယ်လေးတွေကို အချစ်တွေခွဲဝေပေးရမှာ။

သူတို့အပေါ် အချစ်တွေလျော့သွားမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီလိုအခြေအနေမှာ မိဘတွေကသေချာနားလည်အောင် ပြောပြတတ်ဖို့လိုအပ်ပြီး မျှဝေတတ်ဖို့ကို သင်ကြားပေးဖို့ လိုအပ်ပါတယ်နော်။

ကြင်နာသနားတတ်ပြီး သည်းခံတတ်ဖို့ ကိုယ့်ထက်အငယ်လေးတွေကို အနိုင်ကျင့်ဗိုလ်ကျတာမျိုးတွေ ရန်လိုတာမျိုးတွေမရှိပဲ ကိုယ့်ရဲ့ညီလေးညီမလေးတွေကို ဘယ်လိုကြင်နာရမယ်ဆိုတာကို သေချာပြောပြပေးဖို့ လိုအပ်ပါတယ်။

တစ်ခါတစ်လေ တစ်ယောက်ရဲ့အမှားကို တစ်ယောက်ခွင့်လွှတ်သည်းခံတတ်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးချစ်ခင်တတ်ဖို့ကို သင်ကြားပေးရမှာပါ။

ဒါမှမောင်နှမတွေ ချစ်ချစ်ခင်ခင်ဖြစ်ပြီး နားလည်မှုရှိလာမှာ ဖြစ်ပါတယ်။ ဖေးမကူညီတတ်ဖို့ မောင်နှမတွေတစ်ယောက်အကူအညီလိုတဲ့အခါတိုင်း တစ်ယောက်ကလိုက်ပြီး ကူညီတတ်ဖို့ကိုပါ သင်ကြားပေးဖို့လိုအပ်ပါတယ်။

ဒီလိုမျိုးငယ်စဉ်ကတည်းက သင်ကြားထားမှာ အရွယ်ရောက်တဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီတတ်သူတွေ ဖြစ်လာမှာဖြစ်ပါတယ်။ တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်နားလည်တတ်ဖို့ တစ်ချို့သောမိသားစုတွေမှာ ဘယ်လောက်ပဲ မောင်နှမအချင်းချင်းဖြစ်နေပါစေ။

တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်အဆင်ပြေမှုကိုပဲ ကြည့်တဲ့သူတွေ တွေ့မြင်ရတတ်ပါတယ်။ ဒါဟာငယ်စဉ်ကတည်းက မိဘတွေသင်ပြဆုံးမမှုကို ကောင်းစွာမရရှိကြတဲ့ကလေးတွေမှာအဖြစ်များတတ်ပါတယ်နော်။ ဒါကြောင့်စာနာမှု၊ ဖေးမတတ်မှု၊နားလည်မှု၊ကိုယ်ချင်းစာမှုစတာတွေကိုငယ်စဉ်ကတည်းက မိဘတွေ သင်ပေးထားသင့်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ သူမဖြစ်အောင် လေ့ကျင့်ပျိုးထောင်ထားသင့်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Zawgyi

မိဘတိုင္းက ကိုယ့္ရဲ႕ကေလးေလးေတြ အက်င့္စာရိတၱေကာင္းမြန္ၿပီး လိမၼာေရးျခားရွိတဲ့သူေတြျဖစ္ခ်င္ၾကမွာပါ။ ညီအစ္ကိုေမာင္ႏွမခ်င္း ခ်စ္ခ်စ္ခင္ခင္ေနထိုင္တတ္ဖို႔က မိဘေတြနဲ႔ အမ်ားႀကီးသက္ဆိုင္ပါတယ္။

တစ္ခ်ိဳ႕ေသာမိသားစုေတြမွာ ေသြးသားအရင္းအခ်ာ ေမာင္ႏွမေတြျဖစ္ေပမယ့္လို႔ သူစိမ္းေတြေလာက္ ရင္းႏွီးခ်စ္ခင္မႈမရွိတာကို ေတြ႕ေနရတတ္ပါတယ္။

မိဘတိုင္းက ေမာင္ႏွမခ်င္းခ်စ္ခင္တတ္ဖို႔ကို သူတို႔ရဲ႕ပထမဆုံး ကေလးေလးကေန သင္ျပေပးဖို႔လိုအပ္ပါတယ္ေနာ္။ ကိုယ့္ရဲ႕ ကေလးေလးေတြ တစ္ေယာက္နဲ႔တစ္ေယက္ ခ်စ္ခ်စ္ခင္ခင္ျဖစ္ဖို႔က ပထမဆုံးကေလးေပၚမွာ အမ်ားႀကီးမူတည္ၿပီးေတာ့ ေနာက္ကေလးေတြက သူတို႔ရဲ႕အႀကီးေတြဆီကေန အတုယူတတ္ၾကတာ ျဖစ္ပါတယ္။ မွ်ေဝတတ္ဖို႔ကိုသင္ၾကားေပးပါ။

ကေလးေတြဆိုတာ သင္လြယ္တတ္လြယ္တဲ့ အ႐ြယ္ျဖစ္သလို ေကာင္းမြန္တဲ့သူတစ္ေယာက္ျဖစ္လာဖို႔ ငယ္စဥ္ကေလးကသင္ၾကားေပးထားဖို႔လိုအပ္ပါတယ္။ ပထမဆုံးကေလးေတြဆိုတာ တစ္ျခားသူတို႔ထက္အငယ္ေတြ မေမြးေသးခင္မွာ အခ်စ္ေတြပုံေအာရတတ္ၾကၿပီး အငယ္ေလးေတြကို အခ်စ္ေတြခြဲေဝေပးရမွာ။

သူတို႔အေပၚ အခ်စ္ေတြေလ်ာ့သြားမွာကို စိုးရိမ္တတ္ၾကပါတယ္။ ဒီလိုအေျခအေနမွာ မိဘေတြကေသခ်ာနားလည္ေအာင္ ေျပာျပတတ္ဖို႔လိုအပ္ၿပီး မွ်ေဝတတ္ဖို႔ကို သင္ၾကားေပးဖို႔ လိုအပ္ပါတယ္ေနာ္။

ၾကင္နာသနားတတ္ၿပီး သည္းခံတတ္ဖို႔ ကိုယ့္ထက္အငယ္ေလးေတြကို အႏိုင္က်င့္ဗိုလ္က်တာမ်ိဳးေတြ ရန္လိုတာမ်ိဳးေတြမရွိပဲ ကိုယ့္ရဲ႕ညီေလးညီမေလးေတြကို ဘယ္လိုၾကင္နာရမယ္ဆိုတာကို ေသခ်ာေျပာျပေပးဖို႔ လိုအပ္ပါတယ္။

တစ္ခါတစ္ေလ တစ္ေယာက္ရဲ႕အမွားကို တစ္ေယာက္ခြင့္လႊတ္သည္းခံတတ္ဖို႔နဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုၿပီးခ်စ္ခင္တတ္ဖို႔ကို သင္ၾကားေပးရမွာပါ။

ဒါမွေမာင္ႏွမေတြ ခ်စ္ခ်စ္ခင္ခင္ျဖစ္ၿပီး နားလည္မႈရွိလာမွာ ျဖစ္ပါတယ္။ ေဖးမကူညီတတ္ဖို႔ ေမာင္ႏွမေတြတစ္ေယာက္အကူအညီလိုတဲ့အခါတိုင္း တစ္ေယာက္ကလိုက္ၿပီး ကူညီတတ္ဖို႔ကိုပါ သင္ၾကားေပးဖို႔လိုအပ္ပါတယ္။

ဒီလိုမ်ိဳးငယ္စဥ္ကတည္းက သင္ၾကားထားမွာ အ႐ြယ္ေရာက္တဲ့အခါမွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ ေဖးမကူညီတတ္သူေတြ ျဖစ္လာမွာျဖစ္ပါတယ္။ တစ္ေယာက္ရဲ႕ခံစားခ်က္ကို တစ္ေယာက္နားလည္တတ္ဖို႔ တစ္ခ်ိဳ႕ေသာမိသားစုေတြမွာ ဘယ္ေလာက္ပဲ ေမာင္ႏွမအခ်င္းခ်င္းျဖစ္ေနပါေစ။

တစ္ကိုယ္ေကာင္းဆန္ၿပီး ကိုယ္အဆင္ေျပမႈကိုပဲ ၾကည့္တဲ့သူေတြ ေတြ႕ျမင္ရတတ္ပါတယ္။ ဒါဟာငယ္စဥ္ကတည္းက မိဘေတြသင္ျပဆုံးမမႈကို ေကာင္းစြာမရရွိၾကတဲ့ ကေလးေတြမွာ အျဖစ္မ်ားတတ္ပါတယ္ေနာ္။ ဒါေၾကာင့္ စာနာမႈ၊ ေဖးမတတ္မႈ၊ နားလည္မႈ၊ ကိုယ္ခ်င္းစာမႈစတာေတြကို ငယ္စဥ္ကတည္းက မိဘေတြ သင္ေပးထားသင့္ၿပီး တစ္ကိုယ္ေကာင္းဆန္တဲ့ သူမျဖစ္ေအာင္ ေလ့က်င့္ပ်ိဳးေထာင္ထားသင့္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။