News

“လူနာမှာ ခြေထောက် (၂) ချောင်းဘဲ ရှိတာကို မှားဖြတ်မိလို့ ဒဏ်ရိုက်ခံရတဲ့ ဆရာဝန်”

ဒီဇင်ဘာ ၂၊ ၂၀၂၁။

လူနာတစ်ဦး၏ ဘယ်ဘက်ခြေထောက်ကို ဖြတ်တောက်ရမည့်အစား ညာခြေကို မှားယွင်းဖြတ်တောက်ခဲ့သည့် ဩစတီးယား (Austria) နိုင်ငံမှ ခွဲစိတ်ဆရာဝန်တစ်ဦးကို ဒဏ်ငွေချမှတ်လိုက်ကြောင်း သိရသည်။

ယခုနှစ်မေလကဖြစ်ပွားခဲ့သည့် အဆိုပါခွဲစိတ်မှုတွင် အသက်ကြီးလူနာ၏ ခြေထောက်ကိုမှားယွင်းဖြတ်တောက်မှုအပြီး နှစ်ရက်အကြာမှသာ အမှားကို သိရှိခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် လင့်ဇ်မြို့ရှိတရားရုံးက အသက် ၄၃ နှစ်အရွယ်ခွဲစိတ်ဆရာဝန်ကို ယမန်နေ့တွင် ပေါ့လျော့မှုဖြင့် ယူရိုငွေ ၂၇၀၀ ဒဏ်ငွေချမှတ်လိုက်သည်။
လူနာ၏ကွယ်လွန်သွားပြီဖြစ်သည့်ဇနီးကိုလည်း နစ်နာကြေး ယူရို ၅၀၀၀ ပေးအပ်စေခဲ့သည်။

လူနာသည် ဖရိုင်းရှတပ်မြို့ရှိ ဆေးရုံတွင် တက်ရောက်ကုသခဲ့ရာ ခြေထောက်မှားယွင်းဖြတ်တောက်ခံခဲ့ရခြင်းဖြစ်ပြီး ပတ်တီးလဲသည့်အချိန်တွင် အခြားတစ်ဖက်ပါ ဖြတ်တောက်ရမည့်အကြောင်းပြောဆိုချိန်မှသာ အမှားကို သိရှိခဲ့ခြင်းဖြစ်သည်။

ဆေးရုံက အမှားကို ဝန်ခံခဲ့ပြီး “ကံမကောင်းသည့်အခြေအနေအချို့ကြောင့်ဖြစ်ပွားခဲ့” သည်ဟု ပြောဆိုခဲ့ကာ ဆေးရုံ၏ ညွှန်ကြားရေးမှူးက အများပြည်သူရှေ့တောင်းပန်ခဲ့သည်။

ခွဲစိတ်ဆရာဝန်များက ခြေထောက်မှားယွင်းဖြတ်တောက်မှုများသည် ရှားပါးဖြစ်စဉ်များဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိဆရာဝန်တစ်ဦးက ခြေထောက်ဖြတ်နေစဉ်မှားယွင်းမှုကို သိရှိခဲ့သော်လည်း ကြွက်သားနှင့် အရွတ်များကိုဖြတ်တောက်ပြီးဖြစ်သဖြင့် အဆုံးထိဆက်လက်ဖြတ်တောက်ခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။

Ref: BBC, The Telegraph

Photo – BBC