ဗဟုသုတ

“ကမ္ဘာပေါ်က ဒုတိယ အကြီးဆုံး မဟာတံတိုင်းကြီး”

မဟာတံတိုင်းကြီး ( Great Wall ) လို့ဆိုတဲ့အခါ လူတိုင်းက တရုတ်ပြည်က မဟာတံတိုင်းကြီးကိုဘဲ ပြေးမြင်ကြမယ်ထင်တယ်။ ဟုတ်ပါတယ်။ တရုတ်ပြည်က မဟာတံတိုင်းကြီးဟာ ကမ္ဘာ့အကြီးဆုံး၊ အရှည်ဆုံး တံတိုင်းကြီးပါဘဲ။

သို့ပေမယ့် ဒုတိယအရှည်ဆုံး/အကြီးဆုံး မဟာတံတိုင်းကြီးကိုရော သိပြီးပါပြီလား။

အင်ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျက်စတန်ပြည်နယ် ( Rajasthan ) မှာရှိတဲ့ မဟာတံတိုင်းကြီးဘဲဖြစ်ပါတယ်။ မဟာတံတိုင်းကြီးကို ကျောက်သား၊ ကျောက်အုတ်နဲ့ တည်ဆောက်ပါတယ်။ မဟာတံတိုင်း အရှည် ၂၂ မိုင်ရှိတယ်။ ခံတပ်တွေ၊ ရှေးဘုရားကျောင်းတွေအပါဝင် ရှေးဟောင်းအဆောက်ဦးပေါင်း ၃၀၀ ဝန်းကျင်ကိုကာရံထားရှိပါသတဲ့။

ဒီမဟာတံတိုင်းကြီးကို ၁၅ ရာစုနှစ်မှာ Rana Kumbha စော်ဘွားကြီးကစတင်တည်ဆောက် ခဲ့တာဖြစ်ပါတယ်တဲ့။ စော်ဘွားဆိုပေမယ် ပဒေသရာဇ်စနစ်ဖြစ်တာကြောင့် ဘုရင်ငယ် လို့ပြောလို့ရတယ်။ အခုပြောမှာက သမိုင်းဖတ်စာမဟုတ်ပါဘူး။ ဒီတော့ လိုရင်းကိုပြောကြရအောင်။

၁၅ ရာစုဆိုတာ အာရှ၊ တောင်အာရှ၊ အရှေ့တောင် အာရှမှာ ပဒေသရာဇ်စစ်မီးဆွေအတောက်လောင်ဆုံးအချိန်လို့ပြောရမယ်။ ဒါကြောင့်လည်း မဟာတံတိုင်းကြီးဆောက်ရတဲ့ အကြောင်းရင်းဘဲဖြစ်ပါတယ်။ ၁၅ ရာစုနှစ်မှာတည်ဆောက်တယ်ဆိုပေမယ့် စစ်ပွဲတွေ စစ်ဒါဏ်တွေခံခဲ့ရတယ်ဆိုပေမယ့်၊ ခေတ်အဆက်ဆက်ပြန်လည် ပြုပြင်ခဲ့ကြပါတယ်တဲ့။ ၁၉ ရာစုမှာလည်း အကြီးစာပြင်ဆင်မှုတွေလုပ်ခဲ့ကြပါတယ်တဲ့။

၁၅ ရာစုမြန်မာမှာ တကြော့ပြန် အင်းဝခေတ်လို့ ပြောရမယ်။ မြစ်နှစ်စင်းကြား ၊ အဆုံအခွမှာတည်ထားတဲ့ မြို့ဆိုပေမယ့် ရှေးမှတ်တမ်းတွေအရ မြို့ရိုးတွေရှိခဲ့ပါတယ်။

ရခိုင်ဘက်ကိုကြည့်မယ်ဆိုရင်တော့ မြောက်ဦး ရွှေခေတ်လို့ပြောရမယ့်အချိန်ပါဘဲ။ အဲ့ဒီအချိန်ခါက မြောက်ဦးဟာ အရှေ့တောင်အာရှ ပဒေသရာဇ်မင်းတွေကြားမှာ ရေတပ်အင်အားအကောင်းဆုံးအချိန်ခါ ဖြစ်ပါသတဲ့။

ကာကွယ်ရေး အစီမံတွေကို အင်းဝမှာရော မြောက်ဦးမှာရော စီမံခဲ့ကြမှာဖြစ်ပါတယ်။

#Credit – ရှေးမြန်မာ