News

“မပြည့်စုံပေမဲ့ ပြည်သူတွေ ထမင်းတနပ်အဆင်ပြေစေဖို့ ၅၀၀ကျပ်တန် ထမင်းဆိုင်ဖွင့်တဲ့ သဒ္ဒါကောင်းတဲ့ မိသားစုလေး”

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၊ဘုန်းကြီးကျောင်းကွေ့ မှတ်တိုင်အနီးမှာ နိုဝင်ဘာ ၂၅ ရက်နေ့ကစတင်ကာ ကြယ်စင်လင်း ၅၀၀ကျပ်တန် ပုံစား ထမင်းဆိုင်ဖွင့်လှစ်ထားပါတယ်။

ကြယ်စင်လင်းထမင်းဆိုင်မိသားစုက အခြေခံလူတန်းစားမိသားစုပဲဖြစ်ပါတယ်။ ၅၀၀ကျပ်တန်ထမင်းဆိုင်ကိုတော့ သူတို့ရဲ့စေတနာနဲ့သဒ္ဒါတရားကို အခြေခံကာ မိသားစုတနိုင်တပိုင်လေး ဖွင့်လှစ်ထားခြင်းဖြစ်ကာ အမေက ချက်ပြုတ်ပြီး အဖေနဲ့သားက ပိုက်ဆံသိမ်း ၊စားပွဲထိုးကြတာဖြစ်ပါတယ်။

ဒီလိုအချိန်မှာပြည်သူတွေအတွက် ထမင်းတစ်နပ်စားဖို့ရာ အဆင်ပြေခဲ့ပြီဆိုရင်ပဲ ကျေနပ်ပါကြောင်း စျေးနည်းနည်းပဲ ပေးရလို့ဆိုပြီး လက်ရာ နဲ့ customer service က လုံးဝ စိတ်ပျက်စရာမဖြစ်အောင်အကောင်းဆုံး ကြိုးစားပါကြောင်း ကြယ်စင်လင်း ၅၀၀ကျပ်တန် ပုံစား ထမင်းဆိုင်မှ မဟန်နီကပြောပါတယ်။

ဆိုင်စားလည်းရသလို ပါဆယ်လည်းရပြီး အချိန်ကတော့မနက် ၆ နာရီကနေ ၃ နာရီအထိ ရောင်းချပေးနေပါတယ်။

Photo – Lwan Naung

36 myanmar channel