News

“မင်းလားကွ မန်ယူ ဖန် ဆိုပြီးဦးခေါင်းအား ပုလင်းဖြင့်ရိုက်ကာ ပုလင်းအချွန်ဖြင့်ထိုး”

နိုဝင်ဘာ ၂၉၊ ၂၀၂၁ (TRN)

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ပေါက်ချောင်း ကွက်သစ်တွင် အမျိုးသားတစ်ဦးအားပုလင်းအားဖြင့်ရိုက်သည့်အပြင် ပုလင်းကွဲဖြင့် ထိုးသွင်းမှု နိုဝင်ဘာ ၂၈ ရက်နေ့ က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့ ည ၁ နာရီအချိန်က မိတ္ထီလာမြို့ ပေါက်ချောင်း ကွက်သစ်၌ အမျိုးသားတစ်ဦးသည် ဘောလုံးပွဲကြည့်ပြီး တစ်ဦးတည်း လမ်းလျှောက် အိမ်ပြန်လာချိန်နောက်မှ လိုက်လာသော လူငယ်တစ်စုမှ မင်းလားကွ မန်ယူ ဖန် ဆိုကာ ဦးခေါင်းအား ပုလင်းဖြင့်ရိုက်ကာ ကွဲကြေသွားသော ပုလင်းအချွန်ဖြင့် ဝမ်းဗိုက်အား ထပ်မံ၍ ထိုးသွင်းခဲ့ကြောင်း သိရသည်။

“မင်းလားကွ မန်ယူဖန်ဆိုပြီးတော့ အရိုက်ခံရတာ ပြီးတော့ ရိုက်လိုက်တဲ့ အရှိန်နဲ့ ပုလင်းက ကွဲသွားပြီးတော့ ကွဲတဲ့ ပုလင်းအပိုင်းအစနဲ့ ထပ်ပြီးတော့ အထိုးခံရတာ” ဟု ဒေသခံလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရသည့် အမျိုးသားကို မိထ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကာ ကုသမှုများ ခံယူနေရကြောင်း သိရသည်။

The River News TRN