ဗဟုသုတ

လင်းယုန်ငှက်ဟာ နှစ်ပေါင်းများစွာ အသက်ရှည်ပျံသန်းနိုင်ပါတယ် ဒါပေမယ့် အသက်(၄၀) ရောက်တဲ့အခါမှာတော့…

လင်းယုန်ငှက်ဟာ နှစ်ပေါင်းများစွာ အသက်ရှည်ပျံသန်းနိုင်ပါတယ် ဒါပေမယ့် အသက်(၄၀) ရောက်တဲ့အခါမှာတော့…

Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]

လင္းယုန္ငွက္ဟာ ကမာၻေပၚမွာ အသက္အရွည္ဆုံး ငွက္တစ္မ်ိဳးျဖစ္ၿပီး အသက္ ၇၀ အထိ အသက္ရွင္ေနထိုင္ႏိုင္ပါတယ္။ ဒါေပမဲ့ သူတို႔ဟာအသက္ရွည္ရွည္ေန ႏိုင္ဖို႔အတြက္ သူတို႔ရဲ႕အသက္ ၄၀ မွာ ခက္ခဲတဲ့ ျဖစ္စဥ္အတြက္အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္တခုကို ခ်ၾကရပါတယ္။

သူ႔အသက္ ၄၀ ေရာက္တဲ့အခါမွာ သားေကာင္ကို ဖမ္းဖို႔အတြက္သူ႔ရဲ႕လက္သည္းေတြဟာ စတင္ပ်က္စီးလာပါတယ္။ ႏႈတ္သီးေတြကလည္း ရင္ဘတ္ထိေအာင္ရွည္ၿပီး ေကာက္လာၿပီး အေတာင္ေတြကလည္း အရမ္းေလးလာပါတယ္။ အေမႊးေတြကလည္း အရမ္းထူလာတဲ့အတြက္ပ်ံရတာလည္း အရမ္းပင္ပန္းလွပါတယ္။

သူ႔မွာေ႐ြးခ်ယ္စရာႏွစ္လမ္းပဲရွိပါတယ္။ ဒီအတိုင္းေနၿပီးဘာမွမလုပ္ေတာ့ပဲအေသခံမလား။ နာက်င္ခက္ခဲတဲ့ ျဖစ္စဥ္ကို ျဖတ္သန္းၿပီးအသက္ဆက္ရွင္မလား။ မစြန္႔စားပဲေသရတာထက္စာရင္ စြန္႔စားၿပီးေသရတာက ပိုျမတ္ပါလိမ့္မယ္။

ဒါေၾကာင့္ အလြန္ျမင့္တဲ့ေတာင္တခုဆီ ပ်ံသန္းသြားၿပီးအသိုက္တခုတည္ေဆာက္လိုက္ပါတယ္ၿပီးေတာ့ ထပ္မပ်ံသန္းပဲ အဲဒီမွာပဲနားနားေနပါတယ္။နာက်င္ခက္ခဲတဲ့ျဖစ္စဥ္ကိုေက်ာ္ျဖတ္ဖို႔အစကေနအဆုံးထိ ရက္ေပါင္း ၁၅၀ သို႔ ႏွစ္ဝက္နီးပါးၾကာပါတယ္။

ဒီေတာ့ သူဟာပထမဦးဆုံး သူ႔ရဲ႕ႏုတ္သီးကို ေက်ာက္ေဆာင္နဲ႔႐ိုက္ၿပီးျဖဳတ္ျပစ္ရပါတယ္။ၿပီးေတာ့ ႏႈတ္သီးအသစ္ထြက္လာတဲ့အထိ တိတ္ဆိတ္စြာနဲ႔ေစာင့္ဆိုင္းေနခဲ့ရပါတယ္။

ႏႈတ္သီးအသစ္ထြက္လာေတာ့ အဲဒီ ႏႈတ္သီးနဲ႔ပဲ ေျခသည္းေတြကို တခုၿပီးတခုဆြဲႏႈတ္ရပါတယ္။ေျခသည္းအသစ္ေတြထြက္လာမွသူ႔ရဲ႕အေတာင္ေတြကိုတခုၿပီးတခု ႏႈတ္ပစ္ရျပန္ပါတယ္။

အေတာင္ပံအသစ္ေတြထြက္လာေတာ့ သူ႔ရဲ႕ခက္ခဲစြာျဖတ္သန္းရတဲ့ရက္ေပါင္းက ၁၅၀ ပါပဲ ။အဲဒီေနာက္မွာေတာ့ လင္းယုန္ငွက္ဟာ သူ႔ရဲ႕ေက်ာ္ၾကားလွတဲ့ ပ်ံသန္းမႈေတြကို ေနာက္ထပ္ ႏွစ္ေပါင္း ၃၀ မွ်ျပန္လည္ျပဳလုပ္ႏိုင္ခဲ့ၿပီး အသက္ ၇၀ ထိ အသက္ရွင္ေနထိုင္ႏိုင္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ကေတာ့ (Change) ဆိုတဲ့ ေျပာင္းလဲမႈကိုေျပာခ်င္တာပါ။ တခါတရံမွာ ကြၽန္ေတာ္တို႔ဟာ ဘဝအသစ္အတြက္ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ေတြခ်ၾကရပါတယ္။

ဘဝကိုေအာင္ေအာင္ျမင္ျမင္နဲ႔ ဆက္လက္ျဖတ္သန္းခ်င္ရင္ေတာ့ ကြၽန္ေတာ္တို႔ရဲ႕အက်င့္ဆိုးေတြ။ ထုံးစံေတြကိုလႊင့္ပစ္ရပါလိမ္မယ္ကြၽန္ေတာ္တို႔ဟာ အေတြးအေခၚအသစ္ေတြကိုလက္ခံခ်င္စိတ္ရွိတာနဲ႔အမွ် အေတြးေခၚေဟာင္းေတြကိုစြန္႔ပစ္ရလိမ့္မယ္။

ကိုယ့္ရဲ႕အစြမ္းအစေတြ ေဖာ္ထုတ္ႏိုင္ၿပီး လွပတဲ့အနာဂတ္အသစ္ေတြကို တည္ေဆာက္ႏိုင္ရပါမယ္။

တိရိစာၦန္ျဖစ္တဲ့ လင္းယုန္ငွက္ေတာင္သူ႔ခႏၶာကိုယ္မွာရွိတဲ့ မလိုလားအပ္တဲ့အဂၤါအစိတ္အပိုင္းကို ႏုတ္ပယ္ႏိုင္ေသးရင္ အသိဥာဏ္ရွိတဲ့လူသားေတြကေရာ ကိုယ့္ကိုယ္ကို (Change) မလုပ္ႏိုင္ၾကဘူးလား? လင္းယုန္ငွက္ဟာ နာက်င္ခက္ခဲစြာေျပာင္းရတာပါ။

လူသားေတြျဖစ္တဲ့ကြၽန္ေတာ္တို႔က နာက်င္စရာမရွိပဲ “အေတြးအေခၚအေဟာင္း အမူအက်င့္အေဟာင္း မေကာင္းတဲ့စ႐ိုက္ေတြကိုမစြန္႔လႊတ္ႏိုင္ၾကဘူးလား။ မေျပာင္းလဲႏိုင္ၾကဘူးလား။ဒီအတိုင္းဆက္သြားမလား ဆိုတာ စဥ္းစားေစခ်င္ပါတယ္။

ေမာင္စိန္ဝင္း(ပုတီးကုန္း) စာေပေဟာေျပာပြဲမွေကာက္ႏုတ္ေဖာ္ျပျခင္းျဖစ္သည္။

Unicode

လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာအသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက် ၇၀ အထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့အသက် ၄၀ မှာ ခက်ခဲတဲ့ ဖြစ်စဉ်အတွက်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုကို ချကြရပါတယ်။

သူ့အသက် ၄၀ ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက်သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်။ နှုတ်သီးတွေကလည်း ရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာပြီး အတောင်တွေကလည်း အရမ်းလေးလာပါတယ်။ အမွှေးတွေကလည်း အရမ်းထူလာတဲ့အတွက်ပျံရတာလည်း အရမ်းပင်ပန်းလှပါတယ်။

သူ့မှာရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီးဘာမှမလုပ်တော့ပဲအသေခံမလား။ နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းပြီးအသက်ဆက်ရှင်မလား။ မစွန့်စားပဲသေရတာထက်စာရင် စွန့်စားပြီးသေရတာက ပိုမြတ်ပါလိမ့်မယ်။

ဒါကြောင့် အလွန်မြင့်တဲ့တောင်တခုဆီ ပျံသန်းသွားပြီးအသိုက်တခု တည်ဆောက်လိုက်ပါတယ် ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနားနေပါတယ်။ နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်ဖို့အစကနေအဆုံးထိ ရက်ပေါင်း ၁၅၀ သို့ နှစ်ဝက်နီးပါးကြာပါတယ်။

ဒီတော့ သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့ နှုတ်သီးအသစ်ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့စောင့်ဆိုင်းနေခဲ့ရပါတယ်။

နှုတ်သီးအသစ်ထွက်လာတော့ အဲဒီ နှုတ်သီးနဲ့ပဲ ခြေသည်းတွေကို တခုပြီးတခုဆွဲနှုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှသူ့ရဲ့အတောင်တွေကိုတခုပြီးတခု နှုတ်ပစ်ရပြန်ပါတယ်။

အတောင်ပံအသစ်တွေထွက်လာတော့ သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက ၁၅၀ ပါပဲ ။အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ (Change) ဆိုတဲ့ ပြောင်းလဲမှုကိုပြောချင်တာပါ။ တခါတရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချကြရပါတယ်။

ဘဝကိုအောင်အောင်မြင်မြင်နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကို လွှင့်ပစ်ရပါလိမ်မယ်ကျွန်တော်တို့ဟာ အ တွေးအခေါ်အသစ်တွေကိုလက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေကိုစွန့်ပစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေ ဖော်ထုတ်နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။

တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဥာဏ်ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို (Change) မလုပ်နိုင်ကြဘူးလား? လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။

လူသားတွေဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာမရှိပဲ “အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း မကောင်းတဲ့စရိုက်တွေကိုမစွန့်လွှတ်နိုင်ကြဘူးလား။ မပြောင်းလဲနိုင်ကြဘူးလား။ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေချင်ပါတယ်။

မောင်စိန်ဝင်း(ပုတီးကုန်း) စာပေဟောပြောပွဲမှကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။