News

“Squid Game ဇာတ်ကား မြောက်ကိုရီးယားသို့ ခိုးသွင်းသူ သေဒဏ်ချခံရ၊ ကြည့်သူ ကျောင်းသား ၇ ဦးအား အလုပ်နှင့်ထောင်ဒဏ်ချ”

ဆိုးလ်၊ နိုဝင်ဘာ ၂၅

နာမည်ကျော် တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ Squid Game အား မြောက်ကိုရီးယားသို့ ခိုးသွင်းသူ အမျိုးသားတစ်ဦးအား မြောက်ကိုရီးယား အာဏာပိုင်တို့က သေဒဏ်ချမှတ်လိုက်ပြီး၊ ယင်းခိုးကူးဇာတ်လမ်းကိုကြည့်ရှုကြသူ ကျောင်းသား ၇ ဦးအား အလုပ်နှင့်ထောင်ဒဏ်များအသီးသီး ချမှတ်လိုက်ကြောင်း နိုင်ငံတကာ သတင်းဌာနများကရေးသားကြသည်။

“ရုပ်သံဇာတ်လမ်းတွဲဖိုင်များထည့်သွင်းထားသော memory stick ကို ဝယ်ယူသူ ကျောင်းသားအား ထောင်ဒဏ် တစ်သက်အပြစ်ပေးလိုက်ပြီး၊ ကြည့်ရှုသူ အခြားကျောင်းသား ၆ ဦးကိုမူ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်စီ အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း”ယင်းသတင်းများဝယ်ရေးသားထားကြသည်။

ယင်းသည် မြောက်ကိုရီးယားနိုင်ငံ၏ ဥပဒေအရ “ဖောက်ပြန်သောအတွေးနှင့် ဖောက်ပြန်သော ယဉ်ကျေးမှုကို ဖယ်ရှားခြင်း”ဖြစ်ကြောင်း သိရသည်။

ကိုးကား

North Korea Sentences Man to Death for Smuggling Copies of Squid Game(Yahoo News)