News

“”စာသင်နှစ် ၆လနဲ့ ကျင်းပမယ့် စာပေးပွဲအချိန်စာရင်းတွေကို စစ်ကောင်စီ ပြောခွင့်ရ ထုတ်ဖော်ပြောဆို”

ပြည်တွင်းမှာ ကိုဗစ်ရောဂါအခြေအနေကြောင့် လက်ရှိပညာသင်နှစ်၂၀၂၁-၂၀၂၂ စာသင်နှစ်ဟာ ၆လတာကာလသာရှိမှာဖြစ်ပေမယ့် စာပေးပွဲစစ်ဆေးမှုတွေပြု လုပ်မယ့် အချိန်စာရင်းကို စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသွားပါတယ်။

စာမေးပွဲစစ်ဆေးမှုတွေအနေနဲ့အခြေခံပညာကျောင်းသားများအတွက် ပထမ နှစ်ဝက်စစ်ဆေးခြင်းနဲ့ နှစ်ဆုံးစစ် ဆေးခြင်း နှစ်ပိုင်းခွဲလုပ်သွားမှာဖြစ်ပြီး ပထမနှစ်ဝက်စစ်ဆေးခြင်းကိုတော့ လာမယ့် ဇန်နဝါရီ ပထမပတ်မှာ ကျင်းပမှာဖြစ်ပါတယ်။ နှစ်ဆုံးစစ်ဆေးခြင်းကိုတော့ မတ်လထဲမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးမှုဟာ ကျောင်းတွေပြန်ဖွင့်တဲ့နိုဝင်ဘာ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ အတွင်းသင်ထားတဲ့ စာတွေအတွက် စစ်ဆေးမှာဖြစ်ပြီး နှစ်ဆုံးစစ် ဆေးမှုကိုတော့ ဇန်နဝါရီလကနေ မတ်လအထိသင်ယူထားတဲ့ စာတွေကို စစ်ဆေးမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဓါတ်ပုံ-MPA (ပုံဟောင်း)