News











Unicode

သားကမိခင်ပျောက်လို့ ရဲစခန်းမှာအမှုဖွင့်ထားပေမဲ့ ဖခင်ကိုယ်တိုင်ကအလောင်းဖျောက်ထားတဲ့ဖြစ်ရပ်

လွန်ခဲ့တဲ့ ဇွန်လ၄ရက်နေ့ကတည်းကထူးဆန်းစွာနအိမ်မှတိတ်တဆိတ်ပျောက်ဆုံးသွားတဲ့မိခင်ကိုသားဖြစ်သူမှလူပျောက်တိုင်ချက်ဖွင့်ထားရာမှအိမ်နှင့်မနီးမဝေးပေ၁၅၀အကွာရှိရေတွင်းအဟောင်းထဲတွင်မသင်္ကာသဖြင့်ရဲတပ်ဖွဲ့မှမြေတူးစက်ဖြင့်တူးဖော်ကြည့်ရာအလောင်းအားတွေ့ရှိခဲ့ပြီးလူသတ်တရားခံသည်အသက်၈၃နှစ်အရွယ်သေဆုံးသူ၏ခင်ပွန်းဖြစ်နေဟုရဲမှူးချုပ်မှမစ္စတာအနုဖပ်မှယနေ့ထုတ်ပြန်ခဲ့ကြောင်းသိရ။

ဖြစ်စဉ်မှာထိုင်းနိုင်ငံလတ်ခ်ျဘူရီခရိုင်ကျော့ဘွန့်မြို့နယ်ဒန်ထပ်တကိုးကျေးရွာအုပ်စု၊ရပ်ကွက်၁၆ တွင်နေထိုင်သောအ သက်၆၆နှစ်အရွယ်မစ္စတာနန်စူကန်ရဂျနစ်ပရာစပ်သည်ွလွန်ခဲ့သည့် ဇွန်လ၄ရက်နေ့ကတည်းကထူးဆန်းစွာနေအိမ်မှပျောက်ဆုံးသွားသဖြင့်

သားဖြစ်သူမစ္စတာနန်စူကန်ရဂျနစ်ပရာစပ်(၃၇)နှစ်မှရဲတပ်ဖွဲ့သို့လူပျောက်တိုင်ကြားထားခဲ့သဖြင့်ရဲ တပ်ဖွဲ့မှမသင်္ကာသည့်သူများအားလိုအပ်သလိုစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး

ပျောက်ဆုံးသွားသူ၏နေအိမ် အိပ်ခန်းအတွင်း သွေးစသွေးနများကို စစ်ဆေးတွေ့ရှိခဲ့သလို အိပ်ယာခင်းအသစ်နှင့်သူမ၏ ဖိနပ်တစ်ရံကိုလည်းနေအိမ်မှာဘဲတွေ့ရှိခဲ့သည်ဟုသိရှိရသည် ။ထို့ကြောင့်ရဲတပ်ဖွဲ့မှနေအိမ်ပတ်ဝန်းကျင်ပေ ၁၅၀ ပတ်လည်အားလိုက်လံကြည့်ရှူ့စစ်ဆေးစဉ်ဝကြက်မွေးမြူရေးခြံဟောင်းအနီးတွင်အုန်းဆံပတ်တစ်ချို့ကိုမီးပုံရှိုံ့ထားသည်သဲလွန်စများကိုပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကတွေ့ရှိခဲ့ပြီး

မြေတူးထားသည့်အရာများ ၊ အင်္ဂတေအပဲ့အပိုင်းအစများကိုတွေ့ရှိခဲ့ရာမသင်္ကာသဖြင့် အနီးအနားရှိမြေကျင်းပတ်ပတ်လည်အားတူးဖော်ကြည့်စဉ်

ကွန်ကရစ်ခွေ အဝအကျယ် ၃ ပေပတ်လည် အနက် ၂၄ ပေအနက်တွင် ပျောက်ဆုံးနေသောမစ္စတာနန်စူကန်ရဂျနစ်ပရာစပ်အလောင်းဟုယူဆရသော ရုပ်အလောင်းအား ဇွန်လ ၁၁ ရက်နေ့ကရှာဖွေတွေ့ရှိ့ခဲ့ရပြီး အလောင်း၏ဘယ်ဘက်ဦးခေါင်းမှာ ချိုင့်ဝင်နေသည့်ဒဏ်ရာတွေ့ရှိခဲ့တယ်လို့ ကယ်တယ်ရေးအဖွဲ့တွေကဆိုပါတယ်။

သတင်းစည်သူမောင်အလွတ်တမ်း