News

“KTV က အပြန်မှာ ဇီဝိန်အခြွေခံလိုက်ရတဲ့ ရဲ (၂)ဦးရဲ့ အဖြစ်”

မျက်မှောက်ခေတ် ၊RNAအောက်တိုဘာ၂၆

စစ်ကိုင်းတိုင်း၊မုံရွာမြို့ ၊စက်မှုဇုန်ရပ်စွယ်တော်လမ်းမှာ ဒီကနေ့မနက်၄နာရီဝန်းကျင်ခန့်က KTVကပြန်လာသည့် ဒုရဲအုပ်တစ်ဦးနှင့်ရဲတပ်သားတစ်ဦးကို SIAတပ်ဖွဲ့များမှ စည်းကြိုတိုက်ခိုက်ခဲ့တယ်လို့ SIAအဖွဲ့တာဝန်ရှိသူများထံမှ RNAကိုအတည်ပြုပြောကြားခဲ့ပါတယ်။

ဒီအကြောင်းအရာနှင့်ပက်သက်ပြီး RNAမှ ဗိုလ်ခွန်ဆာကိုဆက်သွယ်မေးမြန်းကြည့်တော့

“ဟုတ်တယ်ဗျ၊မနက်က၄နာရီကျော်လောက်ပေါ့နော်၊သူတို့က KTVကပြန်လာတာ၊ကျွန်တော်တို့က လမ်းမှာစောင့်နေတာ၊သူတို့လဲတွေ့ရော တိုက်ခိုက်တာပေါ့ဗျာ၊ဒုရဲအုပ်အပါအဝင်ရဲတပ်သားတစ်ဦး အဲ့နေရာမှာ ပွဲချင်းပြီးသေတယ်၊သူတို့ပါလာတဲ့သေနတ်နဲ့ကျည်ဆံတွေကိုလည်း သိမ်းယူနိုင်ခဲ့တယ်၊ ကျနော်တို့အဖွဲ့ကတော့ တစ်ယောက်မှ ထိခိုက်မှုမရှိဘူး”လို့ ဗိုလ်ခွန်ဆာမှပြောကြားသည်။

SIAအဖွဲ့မှ ဗိုလ်ခွန်ဆာဦးဆောင်ပြီး ဂျောင်းဖော့ဘရန်ဆန်နှင့်ရဲဘော်သုံးဦးစည်းကြိုတိုက်ခိုက်မှုကြောင့် ဒုရဲအုပ်ဝင်းကျော်မျိုးနှင့်ရဲတပ်သားတစ်ဦး နေရာမှာတွင်ပွဲချင်းပြီးသေဆုံးပြီး လက်နက်များနှင့်ကျည်ဆံများ SIAအဖွဲ့မှ သိမ်းဆည်းရယူနိုင်ခဲ့တယ်လို့သိရှိရပါတယ်။

သေဆုံးသွားသည့် ရဲတပ်သားနှစ်ဦး၏အလောင်းကို ဒီကနေ့မနက်၆နာရီဝန်းကျင်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများက လာရောက်သယ်ဆောင်သွားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် မုံရွာမြို့၊ဘုရားနီလမ်းထိပ်မှာ အောက်တိုဘာ၂၅ရက်နေ့ည၁၁နာရီဝန်းကျင်ခန့်က ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့၍ ဒေသခံ၄ဦးလည်း ဖမ်းဆီးခံရပြီး မုံရွာမြို့ နာရီစင်တောင်ဘက် လေသာလမ်းမှာလည်း လူငယ်တချို့လည်း ဖမ်းဆီးခံလိုက်ရသည်ဟုသိရသည်။

ဓာတ်ပုံ-ဒုရဲအုပ်ဝင်းကျော်မျိုး၏ရဲတပ်ဖွဲ့ဝင်ကဒ်ပြားနှင့်လက်နက်အပြည့်အစုံ

(ပုံကို RNAမှယူသုံးခွင့်ပြုသည်)

#မျက်မှောက်ခေတ် #regionalnewsagency #RNA