News

“လူတွေ သတိမထားမိတဲ့ အန္တရာယ်ရှိတဲ့ အိမ်မြှောင်ချေး အကြောင်း”

အိမ်မြှောင် ချေးတစ်ခုမှာဆိုရင် ထိပ်မှာကပ်လျက်ရှိနေတဲ့ အဖြူရောင်အစေ့လေးကို သိသိသာသာ မြင်ကြရမှာပါ။

အိမ်မြှောင် ချေးတုံးလေးကိုနှစ်ပိုင်းခွဲရင် အောက်ဘက်မည်းနေတဲ့အပိုင်းက မစင်ဖြစ်ပြီးတော့အပေါ်က အဖြူရောင် အစေ့လေးက ဆီးဖြစ်ပါတယ်။

လူအပါအဝင် တော်တော်များများသတ္တဝါတွေမှာ ဆီးကို အရည်အဖြစ်နဲ့သွားပေမယ့် အိမ်မြောင်တွေကတော့ အခဲပုံစံနဲ့သွားကြပါတယ်။

အဲ့သည်အဖြူရောင်လေးဟာ သူတို့ရဲ့ဆီးကထွက်တဲ့ ယူရစ်အက်ဆစ်တွေနဲ့ဖွဲ့စည်းထားတဲ့ Crystal လေးတစ်ခုပဲဖြစ်ပါတယ်။

မြွေတွေရဲ့ချေး ဖွဲ့စည်းပုံစနစ်ကလည်း အိမ်မြှောင်တွေနဲ့ဆင်တူ ပါတယ်။ အိမ်မြှောင်ရဲ့ ချေးက အန္တရာယ်ရှိလားဆိုရင်အင်မတန်အန္တရာယ်ရှိပါတယ်။ ဆာမိုနဲလားလို့ခေါ်တဲ့ ဘက်တီးရီးယားတွေ အလွန်များပြားစွာပါဝင်နေလေ့ ရှိပါတယ်။

အင်းဆက်တွေမှာ ရှိတတ်ကြတဲ့အခြားဘက်တီးရီးယားတွေလည်းပါဝင်နေပါသေးတယ်။ဒါကြောင့် အိမ်မြှောင်ချေးကိုင်မိပြီးသွားရင် ဆပ်ပြာနဲ့ လက်ကို သေချာစွာ ဆေးကြောဖို့လိုအပ်ပါတယ်။

အစားစားမိရင်မပါသွားအောင်ဂရုစိုက်ဖို့အရေးကြီးပါတယ်။

ပုံ/စာ

crd. Geek community myanmar 2.0

SiThuMaung အိမ်မြှောင် houselizard