ဗဟုသုတ

စိတ္လႈပ္ရွားၿပီး စိတ္ထိခိုက္လြယ္ေနသူကို မေျပာသင့္ေသာ စကားမ်ား

စိတ္လႈပ္ရွားၿပီး စိတ္ထိခိုက္လြယ္ေနသူကို မေျပာသင့္ေသာ စကားမ်ား

စိတ္လႈပ္ရွားၿပီး စိတ္ထိခိုက္လြယ္ေနသူကို မေျပာသင့္ေသာ စကားမ်ား

သင္နဲ႔ ရင္းႏွီးတဲ့ မိတ္ေဆြသူငယ္ခ်င္း တစ္ေယာက္ေယာက္မွာ လတ္တေလာ ကိစၥတစ္ခုခုနဲ႔ပတ္သတ္ၿပီး စိတ္လႈပ္ရွားေနတယ္ ဆိုပါစို႔။ သင္ကလည္း သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ တတ္ႏိုင္သေလာက္ ကူညီေပးခ်င္တယ္၊

ေနာက္ဆုံး သူတစ္ခုခု စိတ္သက္သာရာ ရေအာင္ပဲျဖစ္ျဖစ္ ေျပာဆိုကူညီေပးခ်င္ေနတယ္။ ဒီအခ်ိန္မ်ိဳးမွာ ကိုယ့္က ကူညီခ်င္တဲ့စိတ္နဲ႔ မေျပာသင့္တဲ့စကားေတြ ေျပာမွားဆိုမွားျဖစ္သြားတတ္ပါတယ္။ ဘယ္လိုစကားေတြ မွားေျပာမိ တတ္သလဲ ဆိုတာ ၾကည့္လိုက္ၾကရေအာင္။

စိတ္လႈပ္ရွားၿပီး စိတ္ထိခိုက္လြယ္ေနသူကို မေျပာသင့္ေသာ စကားမ်ား

၁။ ေမ့လိုက္ပါကြာ

တကယ္ကို ကိစၥတစ္ခုခုနဲ႔ ပတ္သတ္ၿပီး စိတ္ပူပန္ေနတဲ့လူက ျပႆနာကို ဒီလိုေျပာလိုက္႐ုံနဲ႔ ေမ့ထားလို႔ရမွာ မဟုတ္ပါဘူး။ ဒီေလာက္လုပ္ရတာ မ႐ိုးရွင္းပါဘူး။ စိတ္ပူပန္ေနတဲ့ သူတစ္ေယာက္ကို ဒီလိုေျပာလိုက္လို႔ ဘာမွထူးျခားသြားမွာ မဟုတ္ပါဘူး။

စိတ္လႈပ္ရွားတယ္ဆိုတာလည္း စိတ္ေရာဂါ အေျခအေနတစ္မ်ိဳးျဖစ္တာေၾကာင့္ ခံစားရသူမွာ ပုဂၢိဳလ္ေရးခံစားခ်က္ေတြ၊ ရင္တြင္းခံစားခ်က္ေတြ ပါဝင္ပတ္သတ္ေနပါတယ္။

ဒါ့ေၾကာင့္ သူတို႔ကို ျပန္တုန႔္ျပန္တဲ့အခါမွာလည္း ကိုယ့္ရင္ထဲက ေႏြးေထြးမႈပါဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ေမ့လိုက္ဖို႔ေျပာတာက ေႏြးေထြးမႈေပးတာနဲ႔မတူပဲ သူတို႔ခံစားခ်က္ကို သိပ္အေလးမထားသလို ျဖစ္ေနတာေၾကာင့္ မေျပာသင့္ပါဘူး။

အဲ့လိုေျပာမဲ့အစား သူတို႔ႀကဳံေတြ႕ေနရတဲ့ ျပႆနာကို ေမးျမန္းၿပီး နားလည္ေပးပါ။ ဘာ့ေၾကာင့္ စိတ္လႈပ္ရွားေနရသလဲ၊ ဘာေတြခံစားေနရသလဲ၊ သူတို႔ စိတ္သက္သာေအာင္ ဘယ္လို လုပ္ေပးသင့္သလဲ ဆိုတာကို စဥ္းစားပါ။

၂။ ဒါေတြပဲ စဥ္းစားေနရင္ မင္းက်န္းမာေရးထိခိုက္လိမ့္မယ္

စိတ္လႈပ္ရွားမႈ မၾကာခဏခံစားရတဲ့သူေတြဟာ သူတို႔က်န္းမာေရး ထိခိုက္မွာကို တျခားလူေတြထပ္ပိုၿပီး စိတ္ပူတတ္ၾကပါတယ္။ ဒီလိုအစကတည္းက က်န္းမာေရးနဲ႔ ပတ္သတ္ၿပီး မသိုးမသန႔္ ျဖစ္ေနတဲ့သူကို အေပၚကလိုစကားမ်ိဳး ေျပာတာက အေျခအေနကို ပိုဆိုးသြားေစတာပဲ ရွိမွာပါ။

ဒီလိုစကားမ်ိဳး ေျပာမဲ့အစား သူတို႔ စိတ္သက္သာရာရမယ့္ တျခားအေၾကာင္းအရာတစ္ခုခုကို ေျပာၾကည့္ပါ။ အာ႐ုံ လႊဲေျပာင္းေပးတာက ျပႆနာကို ေျဖရွင္းေပးရာ မေရာက္ေပမဲ့ စိတ္ပူေနတဲ့သူကိုေတာ့ စိတ္သက္သာရာရေစမွာပါ။

၃။ ေအးေဆးပါကြာ၊ စိတ္ေလွ်ာ့ထားစမ္းပါ

႐ုတ္တရက္ နားေထာင္ၾကည့္ရင္ေတာ့ ဒီအႀကံဉာဏ္ ဟုတ္သလိုလိုပါပဲ။ ဒါေပမဲ့ အရမ္းစိတ္လႈပ္ရွားေနတဲ့သူေတြမွာ ဘယ္လိုလုပ္လုပ္ စိတ္ကိုေအးေဆးထားလို႔ မရတာက အသိသာဆုံး လကၡဏာတစ္ခုပါ။

တကယ္ စိုးရိမ္ပူပန္စရာ တစ္ခုခုရွိလို႔ စိတ္ေတြေထြျပားေနတဲ့ သူတစ္ေယာက္ကို ေဘးလူအေနနဲ႔ ဘယ္ေလာက္ စိတ္ေလွ်ာ့ဖို႔ေျပာေျပာ မထိေရာက္ပါဘူး။ ေျပာရရင္ ဒါက အေအးမိေနတဲ့ လူတစ္ေယာက္ကို ေခ်ာင္းမဆိုးဖို႔၊ ႏွာမေစးဖို႔ေျပာေနတာနဲ႔ တူပါတယ္။

ဒီလိုေျပာမဲ့ အစား စိတ္လႈပ္ရွားေနသူေျပာတဲ့ စကားေတြကို ေအးေအးေဆးေဆး နားေထာင္ေပးပါ။ နားေထာင္ေနတဲ့အခ်ိန္မွာ ဘာမွ ဝင္ဆုံးျဖတ္တာ၊ မွတ္ခ်က္ေပးတာေတြ မလုပ္ပါနဲ႔။

ၿပီးရင္ သူတို႔ကို အရင္က စိတ္လက္ေပါ့ပါးစရာကိစၥတစ္ခုခု၊ အျဖစ္အပ်က္တစ္ခုခုကို ျပန္ေျပာျပပါ။ ဒီလိုေျပာလိုက္ျခင္း အားျဖင့္ အရင္က ေပ်ာ္စရာ၊ စိတ္ခ်မ္းသာစရာ အခ်ိန္ေတြကို ျပန္သတိရသြားၿပီး အၿမဲဒီလို စိတ္ညစ္မေနႏိုင္ေၾကာင္း သိသြားေစမွာပါ။

၄။ မင္းက အရမ္းစဥ္းစားလြန္း၊ ေတြးလြန္းတာကိုး

စိတ္လႈပ္ရွားတယ္၊ စိတ္ပူပန္တယ္ဆိုတာ မျဖစ္ေသးတဲ့ ျဖစ္လာႏိုင္ေျခလည္း သိပ္မရွိတဲ့ အရာေတြကို ႀကိဳေတြးၿပီး စိတ္ပူေနတာပါပဲ။ ေျပာရရင္ အေတြးေတြမ်ားေနတာေပါ့။ ဒီလိုလူေတြရဲ႕ စိတ္ထဲမွာ အေၾကာင္းအရာတစ္ခုမဟုတ္ တစ္ခုနဲ႔ပတ္သတ္ၿပီး စိတ္ပူစရာက ရွိေနတတ္ပါတယ္။

စိတ္ပူတဲ့ကိစၥကို ဘယ္လိုေျဖရွင္းရမလဲထပ္ေတြးတယ္၊ ၾကာလာေတာ့ ကိုယ့္အေတြးနဲ႔ ကိုယ္ခ်ာလပတ္လည္လာပါတယ္။ ဒါ့ေၾကာင့္ သူတို႔ကို မစဥ္းစားဖို႔ ၊ မေတြးဖို႔ မေျပာသင့္ပါဘူး။ ေတာ္ၾကာ ကိုယ္ေျပာလိုက္တဲ့စကားနဲ႔ ပတ္သတ္ၿပီး ေတြးစရာ ထပ္ေပၚသြားႏိုင္ပါတယ္။

အႀကံျပဳခ်င္တာကေတာ့ ဒီလိုေျပာမဲ့အစား သူတို႔ကို အာ႐ုံေျပာင္းၾကည့္ပါ။ ဥပမာ စိတ္ထဲမွာ ၁ ကေန ၁၀၀ ထိ ေရတြက္ၾကည့္ခိုင္းတာမ်ိဳးေပါ့။ ဘာရယ္မဟုတ္ေပမဲ့ ႐ုတ္တရက္ အာ႐ုံေျပာင္းဖို႔ သုံးတဲ့အထဲမွာ ဒီလိုနည္းလမ္းေလးေတြက အေတာ္ထိေရာက္တာကို ေတြ႕ရပါတယ္။

၅။ စိတ္ေျပလက္ေပ်ာက္ အရက္ေလး ဘာေလး သြားေသာက္ရေအာင္

ဒါက ျပႆနာေျဖရွင္းတဲ့ နည္းတစ္ခု မဟုတ္ပါဘူူး။ ပိုဆိုးေအာင္ လုပ္မယ့္ နည္းပါ။ အရက္ေသာက္လိုက္ရင္ ခဏေတာ့ ပတ္ဝန္းက်င္နဲ႔ ကိုယ့္စိတ္ခံစားခ်က္ေတြ ေမ့သြားတာမွန္တယ္။

ဒါေပမဲ့ ဒါေတြက ၾကာရွည္မခံပါဘူး၊ အမူးေျပသြားရင္ ေစာေစာက ျပႆနာက ေခါင္းထဲ ျပန္ေရာက္လာမွာပါ။ ဒီအခါ ထပ္ေမ့ထားခ်င္ေတာ့ အရက္ထပ္ေသာက္နဲ႔ ၾကာလာရင္ အရက္သမား ျဖစ္သြားႏိုင္ပါတယ္။

သူငယ္ခ်င္းကို အဲ့လိုအရက္ေတြ ေသာက္ဖို႔ေခၚမဲ့အစား အားကစားအတူ လုပ္ၾကည့္ဖို႔ ဆြဲေဆာင္ပါ။ အတူေျပးတာ၊ စက္ဘီးနင္းတာ၊ ေရကူးတာ စတဲ့အဆင္ေျပမယ့္ ဘယ္အားကစားနည္းမဆို လုပ္ၾကည့္လို႔ ရပါတယ္။

အားကစားလုပ္လိုက္ရင္ ခႏၶာကိုယ္ထဲက အန္ေဒၚဖင္း လို႔ေခၚတဲ့ေဟာ္မုန္း ထြက္ရွိလာၿပီး ဒီေဟာ္မုန္းက စိတ္ဖိစီးမႈကို ေျဖေလ်ာ့ေစပါတယ္။

၆။ အလကား စိတ္ဖိစီးမေနနဲ႔

စိတ္ဖိစီးတာနဲ႔ စိတ္လႈပ္ရွားတာနဲ႔က မတူပါဘူး။ သို႔ေပမဲ့ ဒီ ၂ ခုက အျပန္အလွန္ သက္ေရာက္ေနပါတယ္။ ကြၽန္ေတာ္တို႔ေတြက ထိတ္လန႔္စရာ၊ ေၾကာက္စရာ ကိစၥတစ္ခုခုနဲ႔ ရင္ဆိုင္ရတဲ့အခါ စိတ္ဖိစီးမႈ ျဖစ္ေပၚလာပါတယ္။

ဒီလိုျဖစ္လာရင္ ႏွလုံးခုန္ျမန္လာမယ္၊ ေသြးေပါင္ခ်ိန္ တက္လာမယ္၊ မ်က္ႏွာနီျမန္းမယ္၊ စိတ္အေျပာင္းအလဲျမန္မယ္၊ ေနာက္ၿပီး စိတ္လႈပ္ရွားမႈ ျဖစ္ေပၚလာပါမယ္။ သို႔ေပမဲ့ ဒီလကၡဏာေတြထဲမွာ စိတ္လႈပ္ရွားမႈက စိတ္ဖိစီးစရာ ကိစၥ လြန္ေျမာက္သြားရင္ေတာင္ ဆက္ၿပီး ရွိေန၊ ခံစားေနရႏိုင္ပါတယ္။

ဒီလို စိတ္လႈပ္ရွားလြယ္၊ စိတ္ဖိစီးမႈျဖစ္လြယ္သူကို အေကာင္းဆုံးကူညီတဲ့ နည္းကေတာ့ သူတို႔ အခက္အခဲကို ေသခ်ာ ထဲထဲဝင္ဝင္ နားေထာင္ေပးဖို႔ပါ။ သူတို႔ ဘာေၾကာင့္ ဘယ္လိုခံစားေနရတယ္ဆိုတာကို သိပါေစ၊

ကိုယ့္အေနနဲ႔ ကူညီႏိုင္တာရွိရင္ ကူညီဖို႔ရွိေၾကာင္းသူတို႔ နားလည္ေအာင္ ေျပာျပေပးပါ။ ဒီလိုနားလည္ေပးတာကိုက သူတို႔ကို အကူအညီ ေပးရာေရာက္ပါတယ္။

၇။ မင္းစိတ္လႈပ္ရွားသလို ငါလည္း စိတ္လႈပ္ရွားေနတာပဲ

ဒီစကားက ျပႆနာကို မေျပလည္ေစ႐ုံသာမက ပိုေတာင္ ဆိုးလာေစပါတယ္။ ကိုယ့္စိတ္ထဲေတာ့ ထင္ေကာင္းထင္မွာေပါ့။ ကိုယ္လည္း သူနဲ႔ဘဝတူ အေျခအေနျဖစ္ေနေတာ့ သူ႔မွာ အေဖာ္ရွိေသးတယ္လို႔ ေတြးၿပီး စိတ္သက္သာရာရသြားႏိုင္တယ္ ဆိုၿပီး။

တကယ္က ကိုယ့္စကားေတြက သူခံစားေနရတဲ့ ခံစားခ်က္ကို သိပ္အေရးမႀကီးသလို သက္ေရာက္သြားေစပါတယ္။ မင္းလည္းျဖစ္တယ္၊ ငါလည္း ျဖစ္တယ္၊ သိပ္ထူးၿပီး ခံစားမေနနဲ႔ ဆိုတဲ့သေဘာသက္ေရာက္သြားေစပါတယ္။

ဒီစကားေျပာမဲ့အစား သူ႔ျပႆနာကို နားေထာင္ပါ။ သူက တိုက္႐ိုက္မေျပာရင္ တျခား အေၾကာင္းအရာေတြ လွည့္ပတ္ေျပာၿပီး ေမးခြန္းေလးေတြ ေမးၾကည့္ပါ။

အေတာ္မ်ားမ်ားကေတာ့ သူတို႔ခံစားေနရတာေတြကို ရင္ဖြင့္လိုစိတ္ ရွိၾကပါတယ္။ ေျပာထုတ္လာခဲ့ရင္လည္း နားပဲေထာင္ေပးပါ၊ မွတ္ခ်က္ေပးတာမ်ိဳး မလုပ္ပါနဲ႔၊ ေမးလာခဲ့ရင္ေတာင္ အျပဳသေဘာေဆာင္တဲ့၊ အေကာင္းဖက္ကပဲ ေျပာေပးပါ။

၈။ ဘာမဟုတ္တဲ့ကိစၥကို အဲ့ေလာက္ စိုးရိမ္မေနစမ္းပါနဲ႔ကြာ

ျပႆနာစပါၿပီ။ တကယ္လို႔ ကိစၥတစ္ခုခုနဲ႔ ပတ္သတ္ၿပီး စိတ္လႈပ္ရွားေနတဲ့လူကို ဒါမ်ိဳး သြားေျပာရင္ မိတ္ေဆြအရင္းအခ်ာႀကီးေတြေတာင္ ျပႆနာတက္သြားႏိုင္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့

စိတ္လႈပ္ရွားေနတယ္ဆိုတဲ့ လူတစ္ေယာက္အတြက္ အေရးမႀကီးတဲ့ကိစၥဆိုတာ မရွိပါဘူး။ ကိစၥတိုင္း၊ အျဖစ္အပ်က္တိုင္းက သူ႔အတြက္ စိတ္လႈပ္ရွားစရာ၊ စိုးရိမ္စရာ ျဖစ္ေနတတ္ပါတယ္။

ဒီလိုေျပာမဲ့အစား ဘာမွမေျပာပဲ သူေျပာတာ နားေထာင္ေပးတာ ကမွသူ႔အတြက္ ပိုေကာင္းပါေသးတယ္။ နားေထာင္ၿပီး သူလက္ရွိခံစားေနရတာ နားလည္ေၾကာင္း၊ တျဖည္းျဖည္း အဆင္ေျပသြားမွာ ျဖစ္ေၾကာင္း ဒါမ်ိဳးေလးေတြ ေျပာျပေပးပါ။

၉။ တခ်ိဳ႕သူေတြဆို မင္းထပ္ေတာင္ ပိုဆိုးေသးတယ္

ဒီစကားက သူခံစားေနရတဲ့ ျပႆနာကို အေရးမပါဘူးဆိုတဲ့ အဓိပၸါယ္ သက္ေရာက္ပါတယ္။ ကိုယ္က စိတ္သက္သာလို သက္သာျငား ေျပာတာျဖစ္ေပမဲ့ ဒီစကားက အေျပာခံရသူစိတ္ထဲမွာ ကိုုယ့္ကိုယ္ကို အသုံးမက်ဘူးလို႔ ထင္တဲ့စိတ္နဲ႔ ရွက္တဲ့စိတ္ပဲ ျဖစ္ေပၚေစပါတယ္။

၁၀။ မင္းက စိတ္ညစ္စရာမရွိ ႀကံဖန္စိတ္ညစ္ေနတာပဲ

စိတ္လႈပ္ရွားေန၊ စိုးရိမ္ေနတဲ့ သူကိုဒါမ်ိဳး စကားေျပာတာက သူ႔ကို အျပစ္တင္တဲ့ သေဘာ သက္ေရာက္႐ုံသာမက သူတို႔ရဲ႕ ခံစားခ်က္ေတြက အေရးမပါဘူးဆိုတဲ့ သေဘာပါ သက္ေရာက္ေနပါတယ္။

ဒါ့ေၾကာင့္ ကိုယ့္သူငယ္ခ်င္းအတြက္ အကူအညီျဖစ္ေအာင္ ေျပာခ်င္တယ္ ဆိုလည္း ဒီစကားမ်ိဳးေတာ့ မေျပာပါနဲ႔။

ဒါေတြကေတာ့ အရမ္းစိတ္လႈပ္ရွားေနတဲ့သူ၊ စိုးရိမ္ေနတဲ့သူကို မေျပာဖို႔ ဆင္ျခင္သင့္တဲ့ စကားေလးေတြပါ။ လူတိုင္း တစ္ခ်ိန္ခ်ိန္မွာ အလားတူအေျခအေနမ်ိဳးေတာ့ ရင္ဆိုင္ရမွာပါပဲ။

ကိုယ္ကိုယ္တိုင္ပဲျဖစ္ျဖစ္ ကိုယ့္မိတ္ေဆြ အေပါင္းအသင္းထဲကျဖစ္ျဖစ္ ဒါမ်ိဳး ႀကဳံေတြ႕လာခဲ့ရင္ အခုလို ေဆာင္ရန္၊ ေရွာင္ရန္ေလးေတြ သိထားေတာ့ပိုၿပီး အဆင္ေျပေစမွာပါ။

Dr. Barry

UNICODE

စိတ်လှုပ်ရှားပြီး စိတ်ထိခိုက်လွယ်နေသူကို မပြောသင့်သော စကားများ

သင်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ယောက်မှာ လတ်တလော ကိစ္စတစ်ခုခုနဲ့ပတ်သတ်ပြီး စိတ်လှုပ်ရှားနေတယ် ဆိုပါစို့။ သင်ကလည်း သူငယ်ချင်းတစ်ယောက်အနေနဲ့ တတ်နိုင်သလောက် ကူညီပေးချင်တယ်၊

နောက်ဆုံး သူတစ်ခုခု စိတ်သက်သာရာ ရအောင်ပဲဖြစ်ဖြစ် ပြောဆိုကူညီပေးချင်နေတယ်။ ဒီအချိန်မျိုးမှာ ကိုယ့်က ကူညီချင်တဲ့စိတ်နဲ့ မပြောသင့်တဲ့စကားတွေ ပြောမှားဆိုမှားဖြစ်သွားတတ်ပါတယ်။ ဘယ်လိုစကားတွေ မှားပြောမိ တတ်သလဲ ဆိုတာ ကြည့်လိုက်ကြရအောင်။

စိတ်လှုပ်ရှားပြီး စိတ်ထိခိုက်လွယ်နေသူကို မပြောသင့်သော စကားများ

၁။ မေ့လိုက်ပါကွာ

တကယ်ကို ကိစ္စတစ်ခုခုနဲ့ ပတ်သတ်ပြီး စိတ်ပူပန်နေတဲ့လူက ပြဿနာကို ဒီလိုပြောလိုက်ရုံနဲ့ မေ့ထားလို့ရမှာ မဟုတ်ပါဘူး။ ဒီလောက်လုပ်ရတာ မရိုးရှင်းပါဘူး။ စိတ်ပူပန်နေတဲ့ သူတစ်ယောက်ကို ဒီလိုပြောလိုက်လို့ ဘာမှထူးခြားသွားမှာ မဟုတ်ပါဘူး။

စိတ်လှုပ်ရှားတယ်ဆိုတာလည်း စိတ်ရောဂါ အခြေအနေတစ်မျိုးဖြစ်တာကြောင့် ခံစားရသူမှာ ပုဂ္ဂိုလ်ရေးခံစားချက်တွေ၊ ရင်တွင်းခံစားချက်တွေ ပါဝင်ပတ်သတ်နေပါတယ်။

ဒါ့ကြောင့် သူတို့ကို ပြန်တုန့်ပြန်တဲ့အခါမှာလည်း ကိုယ့်ရင်ထဲက နွေးထွေးမှုပါဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် မေ့လိုက်ဖို့ပြောတာက နွေးထွေးမှုပေးတာနဲ့မတူပဲ သူတို့ခံစားချက်ကို သိပ်အလေးမထားသလို ဖြစ်နေတာကြောင့် မပြောသင့်ပါဘူး။

အဲ့လိုပြောမဲ့အစား သူတို့ကြုံတွေ့နေရတဲ့ ပြဿနာကို မေးမြန်းပြီး နားလည်ပေးပါ။ ဘာ့ကြောင့် စိတ်လှုပ်ရှားနေရသလဲ၊ ဘာတွေခံစားနေရသလဲ၊ သူတို့ စိတ်သက်သာအောင် ဘယ်လို လုပ်ပေးသင့်သလဲ ဆိုတာကို စဉ်းစားပါ။

၂။ ဒါတွေပဲ စဉ်းစားနေရင် မင်းကျန်းမာရေးထိခိုက်လိမ့်မယ်

စိတ်လှုပ်ရှားမှု မကြာခဏခံစားရတဲ့သူတွေဟာ သူတို့ကျန်းမာရေး ထိခိုက်မှာကို တခြားလူတွေထပ်ပိုပြီး စိတ်ပူတတ်ကြပါတယ်။ ဒီလိုအစကတည်းက ကျန်းမာရေးနဲ့ ပတ်သတ်ပြီး မသိုးမသန့် ဖြစ်နေတဲ့သူကို အပေါ်ကလိုစကားမျိုး ပြောတာက အခြေအနေကို ပိုဆိုးသွားစေတာပဲ ရှိမှာပါ။

ဒီလိုစကားမျိုး ပြောမဲ့အစား သူတို့ စိတ်သက်သာရာရမယ့် တခြားအကြောင်းအရာတစ်ခုခုကို ပြောကြည့်ပါ။ အာရုံ လွှဲပြောင်းပေးတာက ပြဿနာကို ဖြေရှင်းပေးရာ မရောက်ပေမဲ့ စိတ်ပူနေတဲ့သူကိုတော့ စိတ်သက်သာရာရစေမှာပါ။

၃။ အေးဆေးပါကွာ၊ စိတ်လျှော့ထားစမ်းပါ

ရုတ်တရက် နားထောင်ကြည့်ရင်တော့ ဒီအကြံဉာဏ် ဟုတ်သလိုလိုပါပဲ။ ဒါပေမဲ့ အရမ်းစိတ်လှုပ်ရှားနေတဲ့သူတွေမှာ ဘယ်လိုလုပ်လုပ် စိတ်ကိုအေးဆေးထားလို့ မရတာက အသိသာဆုံး လက္ခဏာတစ်ခုပါ။

တကယ် စိုးရိမ်ပူပန်စရာ တစ်ခုခုရှိလို့ စိတ်တွေထွေပြားနေတဲ့ သူတစ်ယောက်ကို ဘေးလူအနေနဲ့ ဘယ်လောက် စိတ်လျှော့ဖို့ပြောပြော မထိရောက်ပါဘူး။ ပြောရရင် ဒါက အအေးမိနေတဲ့ လူတစ်ယောက်ကို ချောင်းမဆိုးဖို့၊ နှာမစေးဖို့ပြောနေတာနဲ့ တူပါတယ်။

ဒီလိုပြောမဲ့ အစား စိတ်လှုပ်ရှားနေသူပြောတဲ့ စကားတွေကို အေးအေးဆေးဆေး နားထောင်ပေးပါ။ နားထောင်နေတဲ့အချိန်မှာ ဘာမှ ဝင်ဆုံးဖြတ်တာ၊ မှတ်ချက်ပေးတာတွေ မလုပ်ပါနဲ့။

ပြီးရင် သူတို့ကို အရင်က စိတ်လက်ပေါ့ပါးစရာကိစ္စတစ်ခုခု၊ အဖြစ်အပျက်တစ်ခုခုကို ပြန်ပြောပြပါ။ ဒီလိုပြောလိုက်ခြင်း အားဖြင့် အရင်က ပျော်စရာ၊ စိတ်ချမ်းသာစရာ အချိန်တွေကို ပြန်သတိရသွားပြီး အမြဲဒီလို စိတ်ညစ်မနေနိုင်ကြောင်း သိသွားစေမှာပါ။

၄။ မင်းက အရမ်းစဉ်းစားလွန်း၊ တွေးလွန်းတာကိုး

စိတ်လှုပ်ရှားတယ်၊ စိတ်ပူပန်တယ်ဆိုတာ မဖြစ်သေးတဲ့ ဖြစ်လာနိုင်ခြေလည်း သိပ်မရှိတဲ့ အရာတွေကို ကြိုတွေးပြီး စိတ်ပူနေတာပါပဲ။ ပြောရရင် အတွေးတွေများနေတာပေါ့။ ဒီလိုလူတွေရဲ့ စိတ်ထဲမှာ အကြောင်းအရာတစ်ခုမဟုတ် တစ်ခုနဲ့ပတ်သတ်ပြီး စိတ်ပူစရာက ရှိနေတတ်ပါတယ်။

စိတ်ပူတဲ့ကိစ္စကို ဘယ်လိုဖြေရှင်းရမလဲထပ်တွေးတယ်၊ ကြာလာတော့ ကိုယ့်အတွေးနဲ့ ကိုယ်ချာလပတ်လည်လာပါတယ်။ ဒါ့ကြောင့် သူတို့ကို မစဉ်းစားဖို့ ၊ မတွေးဖို့ မပြောသင့်ပါဘူး။ တော်ကြာ ကိုယ်ပြောလိုက်တဲ့စကားနဲ့ ပတ်သတ်ပြီး တွေးစရာ ထပ်ပေါ်သွားနိုင်ပါတယ်။

အကြံပြုချင်တာကတော့ ဒီလိုပြောမဲ့အစား သူတို့ကို အာရုံပြောင်းကြည့်ပါ။ ဥပမာ စိတ်ထဲမှာ ၁ ကနေ ၁၀၀ ထိ ရေတွက်ကြည့်ခိုင်းတာမျိုးပေါ့။ ဘာရယ်မဟုတ်ပေမဲ့ ရုတ်တရက် အာရုံပြောင်းဖို့ သုံးတဲ့အထဲမှာ ဒီလိုနည်းလမ်းလေးတွေက အတော်ထိရောက်တာကို တွေ့ရပါတယ်။

၅။ စိတ်ပြေလက်ပျောက် အရက်လေး ဘာလေး သွားသောက်ရအောင်

ဒါက ပြဿနာဖြေရှင်းတဲ့ နည်းတစ်ခု မဟုတ်ပါဘူူး။ ပိုဆိုးအောင် လုပ်မယ့် နည်းပါ။ အရက်သောက်လိုက်ရင် ခဏတော့ ပတ်ဝန်းကျင်နဲ့ ကိုယ့်စိတ်ခံစားချက်တွေ မေ့သွားတာမှန်တယ်။

ဒါပေမဲ့ ဒါတွေက ကြာရှည်မခံပါဘူး၊ အမူးပြေသွားရင် စောစောက ပြဿနာက ခေါင်းထဲ ပြန်ရောက်လာမှာပါ။ ဒီအခါ ထပ်မေ့ထားချင်တော့ အရက်ထပ်သောက်နဲ့ ကြာလာရင် အရက်သမား ဖြစ်သွားနိုင်ပါတယ်။

သူငယ်ချင်းကို အဲ့လိုအရက်တွေ သောက်ဖို့ခေါ်မဲ့အစား အားကစားအတူ လုပ်ကြည့်ဖို့ ဆွဲဆောင်ပါ။ အတူပြေးတာ၊ စက်ဘီးနင်းတာ၊ ရေကူးတာ စတဲ့အဆင်ပြေမယ့် ဘယ်အားကစားနည်းမဆို လုပ်ကြည့်လို့ ရပါတယ်။

အားကစားလုပ်လိုက်ရင် ခန္ဓာကိုယ်ထဲက အန်ဒေါ်ဖင်း လို့ခေါ်တဲ့ဟော်မုန်း ထွက်ရှိလာပြီး ဒီဟော်မုန်းက စိတ်ဖိစီးမှုကို ဖြေလျော့စေပါတယ်။

၆။ အလကား စိတ်ဖိစီးမနေနဲ့

စိတ်ဖိစီးတာနဲ့ စိတ်လှုပ်ရှားတာနဲ့က မတူပါဘူး။ သို့ပေမဲ့ ဒီ ၂ ခုက အပြန်အလှန် သက်ရောက်နေပါတယ်။ ကျွန်တော်တို့တွေက ထိတ်လန့်စရာ၊ ကြောက်စရာ ကိစ္စတစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ဖိစီးမှု ဖြစ်ပေါ်လာပါတယ်။

ဒီလိုဖြစ်လာရင် နှလုံးခုန်မြန်လာမယ်၊ သွေးပေါင်ချိန် တက်လာမယ်၊ မျက်နှာနီမြန်းမယ်၊ စိတ်အပြောင်းအလဲမြန်မယ်၊ နောက်ပြီး စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာပါမယ်။ သို့ပေမဲ့ ဒီလက္ခဏာတွေထဲမှာ စိတ်လှုပ်ရှားမှုက စိတ်ဖိစီးစရာ ကိစ္စ လွန်မြောက်သွားရင်တောင် ဆက်ပြီး ရှိနေ၊ ခံစားနေရနိုင်ပါတယ်။

ဒီလို စိတ်လှုပ်ရှားလွယ်၊ စိတ်ဖိစီးမှုဖြစ်လွယ်သူကို အကောင်းဆုံးကူညီတဲ့ နည်းကတော့ သူတို့ အခက်အခဲကို သေချာ ထဲထဲဝင်ဝင် နားထောင်ပေးဖို့ပါ။ သူတို့ ဘာကြောင့် ဘယ်လိုခံစားနေရတယ်ဆိုတာကို သိပါစေ၊

ကိုယ့်အနေနဲ့ ကူညီနိုင်တာရှိရင် ကူညီဖို့ရှိကြောင်းသူတို့ နားလည်အောင် ပြောပြပေးပါ။ ဒီလိုနားလည်ပေးတာကိုက သူတို့ကို အကူအညီ ပေးရာရောက်ပါတယ်။

၇။ မင်းစိတ်လှုပ်ရှားသလို ငါလည်း စိတ်လှုပ်ရှားနေတာပဲ

ဒီစကားက ပြဿနာကို မပြေလည်စေရုံသာမက ပိုတောင် ဆိုးလာစေပါတယ်။ ကိုယ့်စိတ်ထဲတော့ ထင်ကောင်းထင်မှာပေါ့။ ကိုယ်လည်း သူနဲ့ဘဝတူ အခြေအနေဖြစ်နေတော့ သူ့မှာ အဖော်ရှိသေးတယ်လို့ တွေးပြီး စိတ်သက်သာရာရသွားနိုင်တယ် ဆိုပြီး။

တကယ်က ကိုယ့်စကားတွေက သူခံစားနေရတဲ့ ခံစားချက်ကို သိပ်အရေးမကြီးသလို သက်ရောက်သွားစေပါတယ်။ မင်းလည်းဖြစ်တယ်၊ ငါလည်း ဖြစ်တယ်၊ သိပ်ထူးပြီး ခံစားမနေနဲ့ ဆိုတဲ့သဘောသက်ရောက်သွားစေပါတယ်။

ဒီစကားပြောမဲ့အစား သူ့ပြဿနာကို နားထောင်ပါ။ သူက တိုက်ရိုက်မပြောရင် တခြား အကြောင်းအရာတွေ လှည့်ပတ်ပြောပြီး မေးခွန်းလေးတွေ မေးကြည့်ပါ။

အတော်များများကတော့ သူတို့ခံစားနေရတာတွေကို ရင်ဖွင့်လိုစိတ် ရှိကြပါတယ်။ ပြောထုတ်လာခဲ့ရင်လည်း နားပဲထောင်ပေးပါ၊ မှတ်ချက်ပေးတာမျိုး မလုပ်ပါနဲ့၊ မေးလာခဲ့ရင်တောင် အပြုသဘောဆောင်တဲ့၊ အကောင်းဖက်ကပဲ ပြောပေးပါ။

၈။ ဘာမဟုတ်တဲ့ကိစ္စကို အဲ့လောက် စိုးရိမ်မနေစမ်းပါနဲ့ကွာ

ပြဿနာစပါပြီ။ တကယ်လို့ ကိစ္စတစ်ခုခုနဲ့ ပတ်သတ်ပြီး စိတ်လှုပ်ရှားနေတဲ့လူကို ဒါမျိုး သွားပြောရင် မိတ်ဆွေအရင်းအချာကြီးတွေတောင် ပြဿနာတက်သွားနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့

စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ လူတစ်ယောက်အတွက် အရေးမကြီးတဲ့ကိစ္စဆိုတာ မရှိပါဘူး။ ကိစ္စတိုင်း၊ အဖြစ်အပျက်တိုင်းက သူ့အတွက် စိတ်လှုပ်ရှားစရာ၊ စိုးရိမ်စရာ ဖြစ်နေတတ်ပါတယ်။

ဒီလိုပြောမဲ့အစား ဘာမှမပြောပဲ သူပြောတာ နားထောင်ပေးတာ ကမှသူ့အတွက် ပိုကောင်းပါသေးတယ်။ နားထောင်ပြီး သူလက်ရှိခံစားနေရတာ နားလည်ကြောင်း၊ တဖြည်းဖြည်း အဆင်ပြေသွားမှာ ဖြစ်ကြောင်း ဒါမျိုးလေးတွေ ပြောပြပေးပါ။

၉။ တချို့သူတွေဆို မင်းထပ်တောင် ပိုဆိုးသေးတယ်

ဒီစကားက သူခံစားနေရတဲ့ ပြဿနာကို အရေးမပါဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ကိုယ်က စိတ်သက်သာလို သက်သာငြား ပြောတာဖြစ်ပေမဲ့ ဒီစကားက အပြောခံရသူစိတ်ထဲမှာ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ထင်တဲ့စိတ်နဲ့ ရှက်တဲ့စိတ်ပဲ ဖြစ်ပေါ်စေပါတယ်။

၁၀။ မင်းက စိတ်ညစ်စရာမရှိ ကြံဖန်စိတ်ညစ်နေတာပဲ

စိတ်လှုပ်ရှားနေ၊ စိုးရိမ်နေတဲ့ သူကိုဒါမျိုး စကားပြောတာက သူ့ကို အပြစ်တင်တဲ့ သဘော သက်ရောက်ရုံသာမက သူတို့ရဲ့ ခံစားချက်တွေက အရေးမပါဘူးဆိုတဲ့ သဘောပါ သက်ရောက်နေပါတယ်။

ဒါ့ကြောင့် ကိုယ့်သူငယ်ချင်းအတွက် အကူအညီဖြစ်အောင် ပြောချင်တယ် ဆိုလည်း ဒီစကားမျိုးတော့ မပြောပါနဲ့။

ဒါတွေကတော့ အရမ်းစိတ်လှုပ်ရှားနေတဲ့သူ၊ စိုးရိမ်နေတဲ့သူကို မပြောဖို့ ဆင်ခြင်သင့်တဲ့ စကားလေးတွေပါ။ လူတိုင်း တစ်ချိန်ချိန်မှာ အလားတူအခြေအနေမျိုးတော့ ရင်ဆိုင်ရမှာပါပဲ။

ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ် ကိုယ့်မိတ်ဆွေ အပေါင်းအသင်းထဲကဖြစ်ဖြစ် ဒါမျိုး ကြုံတွေ့လာခဲ့ရင် အခုလို ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိထားတော့ပိုပြီး အဆင်ပြေစေမှာပါ။

Dr. Barry