News








UNICODE

၃ နှစ် ပြည့်တဲ့ သီတင်းကျွတ် လပြည့်နေ့မှာ လက်ထပ်ဖို့ အိပ်မက်လေး ပျက်စီးခဲ့ ပေမဲ့ လိပ်ပြာလုံတယ် ဆိုတဲ့ ချစ်သူနှစ်ဦး

Pre wedding လှလှလေး ရို.က်ကြမယ် ဆိုပြီးလဲ အားရပါးရကို တွေးပြီး ဘယ်လိုလေး ဝတ်ကြမယ် ဆိုတာကအစ ကြိုပြီး စိတ်ကူး ယဉ်ခဲ့ကြတာပေါ့ ။ အနာဂတ် အိမ်မက်တွေ ဟာ တစ်ခုမှ ဖြစ်မလာသေး ပေမယ့် ပိုကောင်းတဲ့ အနာဂတ် အတွက် ဒီနေရာကို ရောက်ပြီး အတူတိုက်ပွဲဝင် နေတာ ခုဆို ၅ လ နီးပါး ရှိသွားပြီ ။

သူမရှိပဲ ကိုယ် တစ်ယောက်တည်းဆို ဒီလမ်းကို ဘယ်လိုမှ ဆက်လျှောက် နိုင်မယ် မထင်ပါဘူး ။ ကိုယ့်ကို အပြည့်အဝ ယုံကြည် ပေးပြီး ကိုယ် လုပ်ချင်တဲ့ အရာ အတွက် ဘေးကနေ အမြဲ ရှိနေပေးပြီး ပါရမီ ဖြည့်ပေးနေလို့ သာ ကိုယ်လုပ်ချင်တဲ့ အရာတွေ ဆက်လုပ် နိုင်တာပါ ။

ဖြစ် မလာသေးတဲ့ အိမ်မက် လေးတွေကို တော်လှန်ရေး အောင်မြင်တဲ့ တစ်နေ့ အတူတူ ကြိုးစားပြီး အကောင်အထည် ဖော်ကြ တာပေါ့ ။ အမြဲ ပြောဖူးသလို ဒါတွေ အားလုံး ပြီးသွားရင် Pre Wedding လှလှလေး ရိုက်ပြီး Wedding Day ကို ဘုရားရှေ့ လူရှေ့ မှာ ကျင်းပကြမယ် ။

ဒီ ၃ နှစ် ဆိုတဲ့ အချိန်လေးနဲ့ မကနိုင်အောင် ပျော်ရွှင် ရပြီး ချစ်ပေးတာမို့ ကျေးဇူး အများကြီး တင်ပါတယ် ။ ဒီ တော်လှန်ရေးကြီး ပြီးဆုံးသွားတဲ့ အချိန်ထိ အရာ အားလုံးကို အတူတူ ရင်ဆိုင် ဖြတ်သန်း ကြတာပေါ့ ။