ဗဟုသုတ

“ စစ် တု ရင် မှ ပေး သော အ ဖေ့ ဒဿ န ”

“ စစ် တု ရင် မှ ပေး သော အ ဖေ့ ဒဿ န ”

“ စစ် တု ရင် မှ ပေး သော အ ဖေ့ ဒဿ န ”

ဟိုး ခပ် ငယ် ငယ် က ကျွန် တော့် ဘ ဝ မှာ အ ရင် ဆုံး စစ် တု ရင် က စား နည်း သင် ပေး ရင်း နဲ့ ဆုံး မ ခဲ့ ဘူး တဲ့ အ ဖေ့ စ ကား တွေ ကို အ ခု ထိ သ တိ ရ မိ သေး တယ် ၊ အ ဖေ့ ရဲ့ စစ် တု ရင် ပ ညာ အ ဆင့် အ တန်း က လည်း တော် တော် လေး ကောင်း တယ် ပြော ရ မှာ ပဲ ၊ အဲ့ ဒီ တုန်း က ၈ ၈ အ ရေး အ ခင်း ကာ လ ဆို တော့ အ ရပ် ထဲ က လူ ကြီး ၊ လူ ငယ် တော် တော် များ များ အ ဖေ နဲ့ စစ် တု ရင် လက် ရည် စမ်း ချင် လို့ ဆို ပြီး မိုး လင်း မိုး ချုပ် မောင် ချမ်း တို့ အိမ် မှာ ပဲ တ ရုန်း ရုန်း နဲ့ ဆုံ ဖြစ် ခဲ့ ကြ တာ ပေါ့ ၊ အ စ ပိုင်း တော့ အိမ် မှာ လူ တွေ က တ ဝုန်း ဝုန်း နဲ့ ကျွန် တော် ဆို သိပ် ပျော် ခဲ့ ရ တာ ပေါ့ လေ ၊ စစ် တု ရင် ခုံ မှာ အ ခြား လူ တွေ သာ တစ် ယောက် ပြီး တစ် ယောက် ပြောင်း သွား မယ် အ ဖေ က တော့ ပန်း ပန် လျှက် ပဲ ၊ နောက် တော့ အဲ့ ဒီ လူ တွေ တ ဖြည်း ဖြည်း နဲ့ ပျောက် သွား လိုက် ကြ တာ စစ် တု ရင် ခုံ မှာ ကျွန် တော် တို့ သား အ ဖ နှစ် ယောက် ပဲ နောက် ဆုံး ကျန် ရစ် ခဲ့ တော့ တယ် ၊ အဲ့ ဒီ တော့ မှ အ ဖေ က စစ် တု ရင် ထိုး နည်း သင် ပေး ရင်း နဲ့ ရှင်း ပြ တယ် ၊” ဒီ လူ တွေ က ကိုယ့် ပြိုင် ဘက် ကို နိုင် ချင် တဲ့ စိတ် တစ် ခု က လွဲ ရင် ကိုယ့် ပ ညာ ကို မြှင့် တင် ဖို့ ဘယ် သော် အ ခါ မှ လုံး ဝ မ စဉ်း စား ခဲ့ ကြ ဘူး မ ကြိုး စား ခဲ့ ကြ ဘူး ၊ အဲ့ ဒါ အ မှား ဆုံး ပဲ သား ရဲ့ သ တိ ထား ကွ ၊ သူ တို့ ရဲ့ မ ခံ ချင် စိတ် တွေ နဲ့ တ နေ ကုန် ဝိုင်း ဆော့ ကြ တော့ အ ဖေ လည်း အိမ် မှာ အ လုပ် ပျက် တာ ပေါ့ ၊ ဒါ ကြောင့် ယ တိ ပြတ် ကြီး မ ငြင်း လိုက် ချင် တာ နဲ့ နောက် တစ် ဆင့် တက် ပြီး ပိုက် ဆံ ကြေး စမ်း ထိုး ကြည့် တယ် ၊ ငွေ ကြေး ပါ လာ တော့ ပို ဆိုး တာ ပေါ့ သား ရယ် ရှိ ရင်း စွဲ အ ခင် အ မင် တွေ ပါ ပျက် ကုန် ပါ ရော လား ၊ နောက် ဆုံး အ ဖေ ဘက် က အ လျှော့ ပေး ပြီး အ ရှုံး ခံ ထိုး ပေး လိုက် တော့ မှ ဟား ဒီ လူ တော့ လက် ရည် ကျ သွား ပါ ပြီ ကွာ လို့ တွေး ပြီး လာ ကို မ လာ ကြ တော့ တာ ၊ လော က ကြီး ကို က ဒီ လို ပဲ သား တဲ့ ” ။

အ ဖေ က ဆက် ပြော ပြ တယ် ၊ “ ပြိုင် ဘက် တိုင်း ကို နိုင် ချင် တာ လူ့ သ ဘာ ဝပဲ သား ၊ အေး ဒါ ပေ မယ့် ကိုယ် ကျွမ်း ကျင် မယ့် နေ ရာ ကို အ ရင် စဉ်း စား ၊ လော က ကြီး မှာ နေ ရာ ဆို တာ ဘယ် သူ က မှ လာ ပေး တာ မ ဟုတ် ဘူး ကိုယ့် ဟာ ကို ဖန် တီး ယူ ရ တာ ၊ အောင် မြင် တဲ့ နေ ရာ တစ် နေ ရာ ကို လို ချင် ရင် ကိုယ် နဲ့ သင့် တော် မယ့် နယ် ပယ် ကို ရွေး ချယ် တတ် ဖို့ လည်း လို တယ် ”

“ နယ် ပယ် က အ ရမ်း အ ရေး ကြီး တယ် ”

“ နယ် ပယ် တစ် ခု မှာ နေ ရာ ရ နေ တဲ့ လူ ကို ဖြစ် နိုင် ရင် ဘယ် တော့ မှ ခ လုတ် သွား မ တိုက် မိ စေ နဲ့ ၊ အ ဆုံး သတ် ရင် ကိုယ် ဘဲ ကွဲ မှာ အဲ့ ဒါ လေး ကို တော့ သ တိ ထား သား ၊ ဥ ပ မာ ကွာ အ ဖေ့ c h e s s ခုံ မှာ အ ဖေ ဘု ရင် ပဲ ၊ ငါ့ သား တို့ တောက် ခုံ ဝိုင်း ကို အ ဖေ ဝင် ကြည့် အ ဖေ ကွဲ ပြီ ဒီ သ ဘော ပဲ သား ၊ လော က ကြီး မှာ ကိုယ့် ပြိုင် ဘက် ( သို့ ) တစ် ဖက် မိတ် ဆွေ ရဲ့ စိတ် ကို ထပ် တူ နီး ပါး ဖတ် နိုင် အောင် အ မြဲ ကြိုး စား ယူ ရ မယ် ဒီ သ ဘော ပဲ ၊ စစ် တု ရင် မှာ လည်း ကိုယ် က ရွှေ့ ဖို့ ထက် တစ် ဖက် လူ ရွှေ့ လာ တဲ့ အ ကွက် က ပို ပြီး အ ဓိ က ကျ တယ် ၊ သူ ဘာ ဖြစ် လို့ ဒီ အ ကွက် ရွှေ့ ရ တာ လဲ ဒီ လို ရွှေ့ တာ ဘာ လုပ် ချင် လို့ လဲ သူ ဖြစ် ချင် တာ က ဘာ လဲ ၊တစ် ဖက် လူ ဖြစ် ချင် နေ တဲ့ ဆန္ဒ တွေ ကို ကိုယ် က ဘက် ပြောင်း ပြီး ခံ စား တတ် လာ အောင် လေ့ ကျင့် ယူ ရ မယ် ၊ အဲ့ ဒီ အ ခါ ကျ ရင် ပြိုင် ဘက် ( သို့ ) မိတ် ဆွေ တွေ နဲ့ ပတ် သက် ပြီး ပြင် ဆင် တာ နဲ့ ဖြည့် ဆည်း တာ ကို သား ဘ ဝ မှာ ကောင်း ကောင်း နား လည် သွား ပါ လိမ့် မယ် ထပ် ပြော ရ မယ် ဆို ရင် တော့ ပြင် ဆင် တာ နဲ့ ဖြည့် ဆည်း တာ ဆို တဲ့ ဒီ စ ကား ကို သား ဘ ဝ မှာ ဘယ် တော့ မှ မ မေ့ ပါ နဲ့ ဒီ လောက် ပါ ပဲ သား ရယ် ။ ”

အ ဖေ့ ရဲ့ ဒဿ န တွေ ကို နား လည် ဖို့ ခက် တဲ့ အ ရွယ် ဆို တော့ လည်း က လေး ချင်း က စား ရင် ကိုယ် ပဲ အ နိုင် ရ မှ / စာ ပြိုင်ဘက်ချင်း ယှဉ်ပြန်တော့လည်း ကိုယ်က အသာရမှ / လုပ် ငန်း ခွင် ဝင် တော့ လည်း ကြည့် ကိုယ် က ခေါင်း တစ် လုံး သာ မှ စ သ ဖြင့် စ သ ဖြင့် အ ဆိုး ဆုံး က သေ ရည် သေ ရက် လေး ဝင် လာ လို့ များ လျှာ သွက် အာ သွက် လေး ဖြစ် ရင် ပို ဆိုး ကိုယ် သိ သ လောက် တတ် သ လောက် နှမ်း စိ လောက် လေး နဲ့ မိုး လုံး ပြည့် မု သာ ဝါ ဒ တွေ သုံး ပြီး အ မုန်း ခံ ငြင်း တော့ တာ ပါ ပဲ ၊ ဘ ဝ မှာ ပင် ပန်း ခဲ့ လိုက် တာ ဆို တာ အ ခု ဆို ဒဏ် ရာ ဒဏ် ချက် တွေ အ တွေ့ အ ကြုံ အ တွေး အ ခေါ် တွေ နဲ့ နှစ် ၃ ၀ ကျော် လောက် ဖြတ် သန်း ခဲ့ ရ တော့ လူ က ပြောင်း လဲ လာ တယ် ၊ ဘ ဝ မှာ ကိုယ် ဖြစ် ချင် တာ ထက် တစ် ဖက် လူ ရဲ့ ဆန္ဒ ကို ပဲ အ မြဲ ဦး စား ပေး ပြီး နေ တတ် ဖို့ ကြိုး စား ကြည့် ချင် လာ တယ် ၊ ပြိုင် ဘက် ဆို တာ မ ရှိ စေ ချင် သ လောက် ဖြစ် ဖြစ် လာ တယ် ၊ ရန် မူ လို သူ ထက် ချစ် ခင် နှစ် သက် သူ မိတ် ဆွေ တွေ ပဲ တိုး တိုး လို ချင် လာ မိ တယ် ၊ အ ခု ဆို ဘ ဝ က တ ဖြေး ဖြေး နဲ့ နေ ပျော် သ လောက် တော့ ရှိ နေ ပြီ လို့ ပဲ ဆို ရ တော့ မှာ ပေါ့ လေ ၊ မိတ် ဆွေ တို့ လည်း မိ မိ ဖြစ် ချင် တဲ့ ဆန္ဒ ထက် တစ် ဖက် လူ ရဲ့ ဆန္ဒ တွေ ကို ဖြည့် ဆည်း ပေး နိုင် သော နား လည် ပေး နိုင် သော ကိုယ် ချင်း စာ တ ရား ထား နိုင် သော လူ များ ဖြစ် နိုင် ပါ စေ ။

မောင် ချမ်း ( ခ ရမ်း ပြာ )