ဗဟုသုတ

အိပ်ယာဘေးမှာ သံပုရာသီးထားအိပ်ခြင်းရဲ့ ရလဒ်ကောင်းများ

သံပုရာသီးဟာ ကျန်းမာရေးအတွက် အများကြီးအသုံးဝင်တယ်ဆိုတာ သင်ကိုယ်တိုင်လည်းသိပြီးလောက်ပြီဖြစ်မှာပါ။ ဒါပေမဲ့ အခုဖော်ပြပေးမှာက သင်ကိုယ်တိုင်သတိမထားမိသေးတဲ့ သံပုရာသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။

သုတေသနပညာရှင်တွေရဲ့ စမ်းသပ်ချက်အရ သံပုရာသီးရဲ့ အစွမ်းဟာ အံ့မခန်းပဲလို့ ပြောဆိုခဲ့ကြပါတယ်။

သူတို့ရဲ့စမ်းသပ်ချက်အရ သံပုရာသီးခြမ်း သံပုရာသီးစိပ်ကို သင်အိပ်တဲ့အိပ်ယာဘေးမှာ ထားအိပ်ခြင်းအားဖြင့် သံပုရာသီးရဲ့ရနံ့ကြောင့် သင့်ရဲ့ အသက်ရှုလမ်းကြောင်းကောင်းမွန်ခြင်း၊ လေ ကောင်းလေသန့်ရရှိခြင်း၊ သင့်ကို အိပ်ရေးဝဝအိပ်နိုင်ဖို့အတွက် အများကြီးထောက်ပံ့ပေးနိုင်ပါတယ်။ ပြုလုပ်ရမှာတော့ သင့်အိပ်မဲ့အခန်းထဲမှာ သံပုရာသီးကိုလှီးဖြတ်ပြီး ပန်းကန်ထဲကို ထည့်ထားပြီး သင်အိပ်မဲ့အိပ်ယာဘေးမှာ ထားအိပ်ပေးရပါမယ်။

သွေးဖိအားလျော့ချပေးခြင်း

ကျွန်တော်တို့လူတွေမှာ ၃၂%လောက်က သွေးပေါင်ချိန်အတက်အကျမမှန်တဲ့သူတွေဖြစ်ပါတယ်။ သံပုရာသီးခြမ်းက ဒီအတွက်ကောင်းမွန်သလို သူ့ရဲ့ အဓိကအားသာချက်ကတော့ သဘာဝနည်းလမ်းလေးပဲဖြစ်ပါတယ်။

သာမန်သွေးဖိအားများတဲ့သူတွေအတွက် သံပုရာသီးခြမ်းကို အိပ်ယာဘေးထားအိပ်ခြင်းက ထိရောက်မှုရှိပါတယ်။ အခြားရောဂါဝေဒနာကြောင့် သွေးတိုးရောဂါအခံရှိရင်တော့ ဆရာဝန်ထံသွားပြဖို့ အကြံပြုပါရစေ။

စိတ်ဖိစီးမှုကိုသက်သာစေခြင်း

ကျွန်တော်တို့ရဲ့ စိတ်ဟာ အလုပ်ကြောင့် သို့မဟုတ် အခြားအကြောင်းအရာတစ်ခုခုကြောင့် တစ်နေ့နဲ့တစ်နေ့ မရိုးအောင် စိတ်ဖိစီးမှုရှိပြီး ဦးနှောက်နဲ့အာရုံကြောစနစ်ကို ပင်ပန်းနွမ်းနယ်စေပါတယ်။

ဒါပေမဲ့ သံပုရာသီးရဲ့ အနံ့ကို ရှူရှိုက်ခြင်းအားဖြင့် စိတ်ဖိစီးမှုကိုလျော့ချပေးပြီး အားရုံကြောစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် အိပ်ယာဘေးမှာ သံပုရာသီးခြမ်းပန်းကန်ကို ထားပြီး အိပ်စက်ပေးပါ။

အသက်ရှုမဝခြင်းမှ ကာကွယ်ပေးခြင်း

သံပုရာသီးရဲ့ အနံ့ဟာ အသက်ရှူဖို့လမ်းကြောင်းမှာရှိတဲ့ ပိတ်ဆို့မှုတွေကိုရှင်းထုတ်ပေးနိုင်ပြီး အသက်ရှုပ်ကြပ်ခြင်း၊ နှာခေါင်းပိတ်ခြင်းအတွက် ကောင်းမွန်ပါတယ်။ ဒါ့အပြင် သံပုရာသီးရဲ့ ရနံ့ဟာ သင့်အခန်းအတွင်းမှာရှိတဲ့ လေထုကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

အင်းဆက်ပိုးမွှားများဖယ်ရှားခြင်းသင့်ရဲ့ အခန်းထဲမှာ သံပုရာသီးခြမ်းထားအိပ်ခြင်းကြောင့် အင်းဆက်ပိုးမွှားတွေကိုဖယ်ရှားပစ်နိုင်ပြီး သင့်အခန်းကိုလည်း သန့်ရှင်စေပါတယ်။ သံပုရာသီးရနံ့ကြောင့် အင်းဆက်များကိုဖယ်ရှားနိုင်တဲ့အပြင် သံပုရာသီးအနံ့ရတာနဲ့ အင်းဆက်ပိုးမွှားတွေမလာတော့ပါဘူး။

စွမ်းအင်ကို တိုးမြှင့်ပေးခြင်း

အသက်ရှူလမ်းကြောင်းကောင်းမွန်စေပြီး ဦးနှောက်အာရုံကြောစနစ်ကောင်းစွာအလုပ်လုပ်တာကြောင့် သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ နံနက်နိုးလာတဲ့အခါမှာလည်း သံပုရာသီးရဲ့ ရနံ့ကြောင့် သင့်ရဲ့စိတ်ကိုလန်းဆန်းမှုပေးပြီး ပျော်ရွှင်ခြင်းမှုကိုခံစားစေပါတယ်။

Credit with Respect to Original Writter