မီးပူနဲ့ ဒယ်အိုးအောက်ခြေမှာ တက်နေတဲ့ အိုးမဲတွေ ဂျိုးတွေ ပြောင်ပြီး အသစ်လိုဖြစ်သွားစေမယ့်နည်း
အိမ်ရှင်မတွေ တွေ့ကြုံနေရတဲ့ အခက်အခဲထဲက တစ်ခုဖြစ်တဲ့ အသုံးပြုနေတဲ့ မီးပူတွေ၊ ဒယ်အိုးတွေ၊ ထမင်းအိုးတွေ၊ ရေနွေးအိုးတွေရဲ့ အောက်ခြေမှာ တိုက်ချွတ်ရခက်တဲ့ အိုးမဲတွေတက်နေတာပါ ဘယ်လိုဆပ်ပြာ ဆပ်ပြာဆီတွေပဲသုံးသုံး တိုက်ချွတ်လို့မရပဲ အင်မတန်မှကို အရုပ်ဆိုးအကျည်းတန်တာကိုတော့ လူတိုင်းတွေ့ကြုံနေရတာပါ ။
ဒီနေ့တော့ အိမ်ရှင်မများအတွက် ဘယ်လိုနည်းလမ်းနဲ့လုပ်ရင် ဒယ်အိုးက အိုးမဲတွေပြောင်ပြီး အသစ်လို ပြောင်လက်သွားမလဲဆိုတာကို တင်ဆက်ပေးမှာဖြစ်ပါတယ် မီးပူဖင်မှာဂျီးတွေတက်နေလားမပူပါနဲ့ပါရာစီတမော့(၂)ပြားရှိရင် လွယ်ကူပါတယ်မီးပူဖင်မှာဂျီးတွေတက်နေလားမပူပါနဲ့ ပါရာစီတမော့(၂)ပြားရှိရင်လွယ်ကူပါတယ်ဗျ။
လက်တွေ့ လုပ်ကြည့်လိုက်ပါနော်ဂျီးတွေပေနေတဲ့အပေါ်မှာ ဆေးပြားလေးတင်ထား မီးပူကိုအပူနည်းနည်းပဲထား၊ ခဏနေအရည်ပျော်ကျကုန်ပြီး၊ တစ်ရှူးအကြမ်းလေးနဲ့ပွတ်လိုက်ရင် မီးပူမှာကပ်နေတဲ့ ဂျီးတွေအကုန်ပြောင်ကုန်တာပါပဲ အိမ်မှာလက်တွေ့စမ်းကြည့်နော်..ကဲ..မလွယ်ဘူးလား။
ဒယ်အိုးအောက်ခြေမှာ တက်နေတဲ့ အိုးမဲတွေပြောင်ပြီး အသစ်လိုဖြစ်သွားစေမယ့်နည်း
လိုအပ်တဲ့ပစ္စည်းကတော့ ပျော့နေတဲ့ခရမ်းချဉ်သီး သို့မဟုတ် ပုတ်ခါနီးခရမ်းချဉ်သီး ဈေးထဲမှာဆိုရင် အလကားတောင် တောင်းယူလို့ရပါတယ် ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ်ခရမ်းချဉ်သီး ၃-၄လုံးလောက်ကို ပါးပါးလှီးကာ အ၀ကျယ်ဒယ်အိုးထဲထည့် ရေသင့်ရုံထည့်ပြီး ဆူပွက်လာတဲ့အထိကျိုလိုက်ပါ ။
အိုးမဲချွတ်လိုတဲ့ အိုးတွေခွက်တွေကို အဲဒီထဲထည့်ပြုတ်လိုက်ပါ ၃ မိနစ်က နေ ၅မိနစ် ရှိပြီဆိုရင် ခါတိုင်းသုံးနေတဲ့ ဆပ်ပြာဆီနဲ့ ဖော့ကိုအသုံးပြုကာ ပွတ်ချလိုက်ပါ ဒယ်အိုးအောက်ခြေ တွေအသစ်လိုပြောင်လက်သွားမှာပဲဖြစ်ပါတယ်။
အရမ်းလည်းလွယ်ပြီး ကုန်ကျစရိတ်နည်းပါးတဲ့ နည်းပါ .မယုံရင်.အခုဘဲ.သင်စမ်းကြည့်လိုက်စမ်းပါ..သင်စိတ်ချမ်းသာစေမယ်လို့ ရဲရဲကြီးအာမခံပါတယ်။