နမခ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ၿဖိဳးသန္႔ တပ္ကို စြန္႔ခြာရန္ ျပင္သျဖင့္ ထိန္းသိမ္းခံရဟုဆို
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ အေျခစိုက္ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ (နမခ) တိုင္းမႉး၊ ဗိုလ္မႉးခ်ဳပ္ ၿဖိဳးသန္႔သည္ အာဏာ ဖီဆန္ေရး လႈပ္ရွားမႈ (CDM) လုပ္ကာ ျပည္သူ႔ရင္ခြင္ ခိုရန္အတြက္ တာဝန္ခံမည့္ လူတခ်ိဳ႕ႏွင့္ ဆက္သြယ္ညႇိ ႏႈိင္းမႈမ်ား ျပဳလုပ္ေနစဥ္ ဖမ္းဆီး ထိန္းသိမ္းခံခဲ့ရျခင္း ျဖစ္ေၾကာင္း အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ အသိုင္းအဝိုင္းထံက သတင္း ရရွိသည္။
ဗိုလ္မႉးခ်ဳပ္ ၿဖိဳးသန္႔သည္ ၿပီးခဲ့သည့္ ဇူလိုင္လ ၁၁ ရက္ႏွင့္ ၁၂ ရက္က စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္ ယင္း႐ြာႏွင့္ ကုန္းသာ႐ြာ အနီးက ေတာတြင္းတေန ရာ၌ လက္ျပန္ႀကိဳးတုပ္ထားၿပီး ႐ိုက္ႏွက္ႏွိပ္စက္ခံရသည့္ ဒဏ္ရာမ်ားႏွင့္ ေသဆုံးေနသည့္ အရပ္သား ႐ုပ္အေလာင္း ၁၅ ဦး ႏွင့္ ပတ္သက္၍ စစ္ေကာင္စီ ထိပ္ပိုင္းေခါင္းေဆာင္မ်ားက သူ႔အား ဓားစာခံအျဖစ္ အျပစ္ပုံခ်ခံရ မည္ကိုလည္း စိုးရိမ္ေနေၾကာင္း သိရသည္။
ထို႔အတြက္ သူသည္ စစ္ေကာင္စီ၏ ဖမ္းဆီးထိန္းသိမ္းမႈ မခံရခင္က NUG ႏွင့္ နီးစပ္သူမ်ားမွတဆင့္ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းရွိ လက္နက္ကိုင္အဖြဲ႕ တဖြဲ႕ထံသို႔ လက္နက္ခ် ခိုဝင္ရန္လည္း ဆက္သြယ္ခဲ့ေၾကာင္း သိရသည္။
ဗိုလ္မႉးခ်ဳပ္ ၿဖိဳးသန္႔အား ေအာက္တိုဘာလ ၅ ရက္က ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္း ျဖစ္ၿပီး အမွတ္ (၁) စစ္ဆင္ေရး အထူး အဖြဲ႕မႉး ဒုဗိုလ္ခ်ဳပ္ႀကီး ေတဇာေက်ာ္ႏွင့္ အမွတ္ (၆) စစ္ဆင္ေရး အထူးအဖြဲ႕မႉး ဒုဗိုလ္ခ်ဳပ္ႀကီးသန္းလႈိင္ တို႔က ဦးစီး စစ္ေဆးေနစဥ္ စက္တင္ဘာ ၆ ရက္၌ ေသဆုံး သြားၿပီ ဆိုသည့္ သတင္းမ်ား ထြက္လာခဲ့ေသာ္လည္း ဧရာဝတီက သီးျခား အတည္ျပဳႏိုင္ျခင္း မရွိေသးေပ။
ဗိုလ္မႉးခ်ဳပ္ ၿဖိဳးသန္႔သည္ အလုပ္သင္ ဗိုလ္ေလာင္း ေတဇ အပတ္စဥ္ (ေတဇ ၂၃) မွ ျဖစ္ၿပီး၊ စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ အာဏာသိမ္းၿပီး ေနာက္ပိုင္းမွ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ (နမခ) တိုင္းမႉး ရာထူး တိုးျမႇင့္ခံခဲ့ရသူ ျဖစ္သည္။
ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္ အာဏာသိမ္းတဲ့သည့္ေန႔တြင္ ဗိုလ္မႉးခ်ဳပ္ ၿဖိဳးသန္႔သည္ (ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ လက္ ေအာက္ခံ) စစ္ဆင္ေရးကြပ္ကဲမႈ ဌာနခ်ဳပ္ (စကခ – ၄) တပ္မမႉး ရာထူးႏွင့္ ရန္ကုန္တိုင္း၏ လုံၿခဳံေရးႏွင့္ အရပ္သား အစိုးရ အဖြဲ႕ဝင္ အေရးႀကီး တာဝန္ရွိလူႀကီးမ်ားကို ဖမ္းဆီးထိန္းသိမ္းရာ၌ တာဝန္ယူခဲ့သူလည္း ျဖစ္သည္။
အာဏာသိမ္း စစ္တပ္က ေဖေဖာ္ဝါရီလ ၂ ရက္တြင္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဖြဲ႕စည္းၿပီး မၾကာခင္ ကာလ အတြင္း ကေလးၿမိဳ႕နယ္အေျခစိုက္ စစ္ဆင္ေရး ကြပ္ကဲမႈ ဌာနခ်ဳပ္ (စကခ ၁၀) ၌ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ ဗိုလ္မႉးခ်ဳပ္ ၿဖိဳးသန္႔ကို အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ (နမခ) စစ္တိုင္းမႉးအျဖစ္ ရာထူးတိုးျမႇင့္ ခ်ီးေျမာက္ခဲ့ျခင္း ျဖစ္သည္။
UNICODE
နမခ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် တပ်ကို စွန့်ခွာရန် ပြင်သဖြင့် ထိန်းသိမ်းခံရဟုဆို
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး၊ ဗိုလ်မှူးချုပ် ဖြိုးသန့်သည် အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ကာ ပြည်သူ့ရင်ခွင် ခိုရန်အတွက် တာဝန်ခံမည့် လူတချို့နှင့် ဆက်သွယ်ညှိ နှိုင်းမှုများ ပြုလုပ်နေစဉ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် အသိုင်းအဝိုင်းထံက သတင်း ရရှိသည်။
ဗိုလ်မှူးချုပ် ဖြိုးသန့်သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ယင်းရွာနှင့် ကုန်းသာရွာ အနီးက တောတွင်းတနေ ရာ၌ လက်ပြန်ကြိုးတုပ်ထားပြီး ရိုက်နှက်နှိပ်စက်ခံရသည့် ဒဏ်ရာများနှင့် သေဆုံးနေသည့် အရပ်သား ရုပ်အလောင်း ၁၅ ဦး နှင့် ပတ်သက်၍ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များက သူ့အား ဓားစာခံအဖြစ် အပြစ်ပုံချခံရ မည်ကိုလည်း စိုးရိမ်နေကြောင်း သိရသည်။
ထို့အတွက် သူသည် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှု မခံရခင်က NUG နှင့် နီးစပ်သူများမှတဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့ တဖွဲ့ထံသို့ လက်နက်ချ ခိုဝင်ရန်လည်း ဆက်သွယ်ခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဖြိုးသန့်အား အောက်တိုဘာလ ၅ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ပြီး အမှတ် (၁) စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး တေဇာကျော်နှင့် အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးသန်းလှိုင် တို့က ဦးစီး စစ်ဆေးနေစဉ် စက်တင်ဘာ ၆ ရက်၌ သေဆုံး သွားပြီ ဆိုသည့် သတင်းများ ထွက်လာခဲ့သော်လည်း ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဗိုလ်မှူးချုပ် ဖြိုးသန့်သည် အလုပ်သင် ဗိုလ်လောင်း တေဇ အပတ်စဉ် (တေဇ ၂၃) မှ ဖြစ်ပြီး၊ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီး နောက်ပိုင်းမှ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး ရာထူး တိုးမြှင့်ခံခဲ့ရသူ ဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းတဲ့သည့်နေ့တွင် ဗိုလ်မှူးချုပ် ဖြိုးသန့်သည် (ရန်ကုန်တိုင်း စစ်ဌာနချုပ် လက် အောက်ခံ) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ – ၄) တပ်မမှူး ရာထူးနှင့် ရန်ကုန်တိုင်း၏ လုံခြုံရေးနှင့် အရပ်သား အစိုးရ အဖွဲ့ဝင် အရေးကြီး တာဝန်ရှိလူကြီးများကို ဖမ်းဆီးထိန်းသိမ်းရာ၌ တာဝန်ယူခဲ့သူလည်း ဖြစ်သည်။
အာဏာသိမ်း စစ်တပ်က ဖေဖော်ဝါရီလ ၂ ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး မကြာခင် ကာလ အတွင်း ကလေးမြို့နယ်အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၁၀) ၌ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးချုပ် ဖြိုးသန့်ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) စစ်တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့် ချီးမြောက်ခဲ့ခြင်း ဖြစ်သည်။