ဗဟုသုတ

မိန်;ကလေးတစ်ယောက် ရူးရူးမူးမူး ချစ်နေမိပြီဆိုရင်







( ၂ ) စိတ်မချ ဖြစ်လာမယ်










Credit to writer

UNICODE

Relationship တစ်ခု စတင်ချိန်မှာ ယောကျာ်လေးတွေရဲ့ အချစ်က ၁၀၀% ဖြစ်ပြီး မိန်းကလေးတွေ အချစ်ကတော့ ၁၀% လောက်ပဲ ရှိတယ်လို့ သတ်မှတ်ထားကြပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ မိန်းကလေးတွေရဲ့ အချစ်က ၁၀% ကနေ တစ်ရိပ်ရိပ် တိုးတက်လာ တတ်ကြတာ ဖြစ်ပါတယ် ။

နောက်ဆုံးမှာတော့ အဲ့ဒီယောကျာ်လေး တစ်ယောက်အပေါ်ကိုပဲ အချစ်တွေ အားလုံး ပုံအပ် တတ်ကြတာပါ။ ဒါကြောင့် မိန်းကလေးတစ်ယောက် သင့်ကို ရူးရူးမူးမူး ချစ်ပြီဆိုရင် ဒီအချက်တွေ ပြုလုပ်ပါလိမ့်မယ်။

( ၁ ) အချိန်တိုင်း အတူတူ ရှိချင်လာမယ်

သင့်နဲ့ အတူရှိနေရတဲ့ အချိန်ဟာ သူမအတွက်တော့ ပြီးပြည့်စုံတဲ့ အချိန်လေးလို့ ခံစားလာရပါလိမ့်မယ်။ အတူတူ မရှိရင်တောင်မှ အွန်းလိုင်းပေါ်က Video Call ခေါ်ပြီး မျက်နှာလေး မြင်ချင်လာမိမယ် ။

မိုးလင်းတာနဲ့ သင့်အသံလေးကို ကြားချင်မယ် ။ အိပ်ယာဝင်ခါနီး သင့်ရဲ့ Good Night အသံလေးနဲ့အတူ အိပ်ယာ ဝင်ချင်မယ် ။ သင့်နဲ့ အဆက်သွယ်ပြတ်နေတဲ့ အချိန်ဟာ သူမအတွက်တော့ နေ့လည်ဘက် မီးပျက်သလို အရမ်းကို ပူလောင်တယ်လို့ ခံစားရပါလိမ့်မယ် ။

( ၂ ) စိတ်မချ ဖြစ်လာမယ်

သင့်ကို အချိန်တိုင်း စိတ်မချ ဖြစ်နေတတ်ပါတယ် ။ သင်ဟာ သူမအပေါ် သစ္စာရှိတဲ့သူ တစ်ယောက်ဆိုတာ ယုံကြည်နေပါသော်လည်း စိုးရိမ်စိတ်ကြီးက လွှမ်းမိုးနေတက်ပါတယ် ။

အခုခေတ်က စနိုက်ကျော် ဇာတ်လမ်းတွေက မကြာခဏ ကြားနေရတော့ သင့်ကို မယုံတာထက် တခြားမိန်းကလေးတွေကို မယုံကြည်တာကြောင့် စိတ်မချ ဖြစ်နေရတာ ဖြစ်ပါတယ် ။

( ၃ ) လိုအပ်ချက်တွေကို လက်ခံလာနိုင်မယ်

သင့်မှာ ဘယ်လို လိုအပ်ချက်တွေ ရှိနေပါစေ သင့်ကို ရူးရူးမူးမူး ချစ်နေမိပြီဆိုရင် ဒါတွေအားလုံးကို နားလည်ပေးနိုင်လာပါတယ် ။ သင် အောင်မြင်ချိန်မှာ အတူတူ ပျော်ရွှင်မယ် ။ သင် ကျရှုံးချိန်မှာ အကောင်းဆုံး နှစ်သိမ့်အားပေးမယ် ။ သင့်ကိုလည်း ဘယ်တော့မှ အထင်သေးတဲ့ စကားမျိုး အပြုမူ အပြောအဆိုမျိုးတွေ တစ်ခုမှ ပြောဆိုမှာ မဟုတ်ပါဘူး ။

( ၄ ) ရန်ဖြစ်ချိန်တွေ လျော့လာမယ်

ရန်လုံးဝမဖြစ်တဲ့ စုံတွဲဆိုတာတော့ မရှိသလောက်ကို ရှားပါတယ် ။ ဒါပေမယ့် သင်ကို ရူးရူးမူးမူး ချစ်မိနေတဲ့ မိန်းကလေးတစ်ယောက်ဟာ မိန်းကလေးသဘာဝ စိတ်ဆိုးစိတ်ကောက်တာ ရှိပေမယ့် အကြာကြီး စိတ်ဆိုးစိတ်ကောက် ရန်ဖြစ်နေရမယ့် အချိန်တွေကိုတော့ မလိုလားတော့ပါဘူး ။ နှစ်ကိုယ်တူ အေးအေးချမ်းချမ်းလေးနဲ့ ဘဝကို ဖြတ်သန်းချင်လာပါလိမ့်မယ် ။

( ၅ ) အနာဂတ်အကြောင်း တိုင်ပင်လာမယ်

သင့်ကို ရူးရူးမူးမူးချစ်ပြီး သင့်ကိုပဲ အချစ်တွေ အားလုံးပုံအပ် ထားတာ ဖြစ်တဲ့အတွက် အနာဂတ်ကိုလည်း သင့်နဲ့အတူတူ ဖန်တီး ပုံဖော်ချင်လာပါလိမ့်မယ် ။

သင်နဲ့ အတူတူလက်ထပ်ပြီး သားသား မီးမီးလေးတွေနဲ့ ကြည်နူးစရာမိသားစု ဘဝလေးကို စိတ်ကူး ယဉ်မိမှာ ဖြစ်ပါတယ်။ သင်တို့နှစ်ယောက်ရဲ့ အသုံးအစွဲတွေ သာမာန်ထက်လျော့ပြီး နောင်ရေးအတွက် စုဆောင်းဖို့ တွန်းအားပေးလာပါလိမ့်မယ် ။

Credit to writer