Cele News








UNICODE

အိမ်ထောင်သက်(၁၀) နှစ် ပြည့်တဲ့နေ့မှာ ခင်ပွန်းပေးခဲ့ဖူးတဲ့ ကတိတစ်ခုကို မျက်ရည်တွေနဲ့ပြောလာတဲ့ ရွှေရည်သိန်းတန်

ပရိသတ်ကြီးရေ ဒီနေ့ ကတော့ အဆိုတော် ရွှေရည်သိန်းတန် တို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက် ( ၁၀ ) နှစ် ပြည့်တဲ့ နေ့လေး ဖြစ်ပါတယ်နော် ။ ရွှေရည်သိန်းတန်ရဲ့ ခင်ပွန်းဟာ လွန်ခဲ့တဲ့ ( ၂ ) လ လောက်က ကိုဗစ် ရောဂါဖြင့် ကွယ်လွန် သွားခဲ့တာ ဖြစ်ပါ တယ်နော် ။

မကြာသေး ခင်ကလည်း ရွှေရည်သိန်းတန်ရဲ့ လူမှု ကွန်ယက် စာမျက်နှာတွင် အိမ်ထောင်သက် ( ၁၀ ) နှစ် ပြည့်တဲ့နေ့မှာ ခင်ပွန်းဖြစ်သူ ပေးထားခဲ့ ဖူးတဲ့ ကတိလေး တစ်ခုကို ရင်ဖွင့် ပြောပြ လာခဲ့တာ ဖြစ်ပါတယ် ။” ဒီနေ့ မိန်းမတို့ အိမ်ထောင်သက် ၁၀နှစ် တင်းတင်း ပြည့်တဲ့နေ့..တခမ်းတနား မင်္ဂလာ မဆောင်ပေးခဲ့ ရလို့ အကြွေးဆပ်တဲ့ အနေနှင့် မောင်မိန်းမကို ပြည့်ပြည့်စုံစုံ မင်္ဂလာ ပြန်ဆောင် ပေးမယ်လို့

မောင် ပြောခဲ့တဲ့ နေ့လေးရောက်ပြီမောင်…သတို့သား မရှိတော့တဲ့ မင်္ဂလာပွဲ မို့ ချစ်ရသူနှင့် မင်္ဂလာဆောင် ရခြင်းကို မိန်းမ ဆုံးရှုံး ရပြန်ပြီမောင်ရယ်…ဒါပေမယ့် မောင် မိန်းမ ရင်ထဲ ရှိနေတဲ့အတွက်..ငွေရတု.ရွှေရတုစိန်ရတုတွေ အထိ မိန်းမ မှတ်သား အထိမ်းအမှတ် ကုသိုလ်ပြုပေးနေမယ်..ရောက်ရာ အရပ်က သာဓု ခေါ်ပါ ချစ်သူရေ…..

မျက်ရည် များနှင့် မောင့်ပါးလေးကို မနမ်းရတဲ့ Happy Anniversary ပါ မောင်..မိန်းမ…မောင့်ကို သိပ်ချစ်ပါတယ် အိပ်ခန်းလေးထဲ တစ်နေကုန် ငိုနေမိမှာ စိုးလို့..မိန်းမကို အလုပ်ကိစ္စနှင့် ခရီးထွက် နေခွင့် ပြုပါ မောင်ရယ် မိန်းမ မောင့်အတွက် ဆက်ရှင်သန် နေချင်သေးတယ်” လို့ ဝမ်းနည်းစွာ ရေးသား ထားတာ ဖြစ်ပါတယ်နော် ။