UNICODE
ဓားကို ဘေးထားအိပ်တဲ့မိန်းမကြောင့် မနက်မိုးလင်းချိန် ဘဝပြောင်းသွားခဲ့ရတဲ့ ဟာသလူရွှင်တော်ကြီး ဦးကောင်းကျော်
ပရိသတ်ကြီးရေ ဟာသလူရွှင်တော် ကောင်းကျော်ကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားနေဆဲပါပဲနော်။ သူ့ရဲ့ ဟာသပြက်လုံး
တွေကလည်း ကလိထိုးရယ်စရာမလိုအောင်ကို ကောင်းမွန်လွန်းသူလည်း ဖြစ်ပါတယ်နော်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အခြားစီးပွားရေးလုပ်ငန်းတွေကိုသာ
လုပ်ကိုင်နေရပါတယ်နော်။ သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ဝေမျှပေးလေ့ရှိရာ အခုမှာလည်း ကောင်းကျော်ရဲ့ လူမှုကွန်ယက်တွင် ဟာသလေးတစ်ခု ရေးသားပြောပြလာခဲ့တာ ဖြစ်ပါတယ်။
ဒါကတော့ ဇနီးဖြစ်သူရဲ့ ကြံစည်မှုတစ်ခုကြောင့် ဘဝပြောင်းသွားခဲ့ရတဲ့ သူ့ရဲ့အဖြစ်ကို ဟာသနှောပြီး ပြောပြလာတာ ဖြစ်ပါတယ်နော်။ သူကလည်း ”အိမ်က အဖွားကြီး ညကတည်းက
ကြက်သွန်လှီ.းဒ.ါးကြီး ခေါင်းအုံးဘေး ထားအိပ်တာ မသင်္ကာလို့ ညကမအိပ်ဘဲနဲ့ သတိထားနေခဲ့တာ မိုးလင်းခါနီးမှ အမှတ်တမဲ့ သတိလက်လွတ် အိပ်ပျော်သွားမိတာ ပြန်နိုးလာတော့
ဘဝက အဲ့လိုဖြစ်နေပီလေ မိန်းမတွေ ဆင်ကြံကြံလာပီဆိုရင် ယောကျာ်းတွေ ခံရတော့တာပဲ သွားပေဦးတော့“ယဥ” လေးရေ ခ်ခ်ခ်။ ” ဆိုပြီး ဟာသလေးနှောပြီး ရေးသားထားတာ ဖြစ်ပါတယ်နော်။