Uncategorized







Shoon (Cele Daily)

Unicode

အွန်လိုင်းပေါ်တွင် ဈေးအလွန်တန်သော ခြင်ထောင်ကြီးကို တွေ့ရှိသဖြင့် ဇနီးလေးနှင့်အတူအိပ်ရန် ဝယ်ယူခဲ့ရာ အိမ်ရောက်လာမှ ဆန္ဒတွေကို ထိန်းလိုက်ရသည့်အဖြစ်

၂၁ရာစုခေတ်ကြီးထဲတွင် လူသားတို့ဟာ ပစ္စည်းများဝယ်ယူရန်အတွက် ကိုယ်တိုင်သွားဝယ်စရာမလိုတော့ဘဲ ဖုန်းတစ်လုံးရှိရုံဖြင့် နေအိမ်ထိ လာပို့ခိုင်းနိုင်ပြီဖြစ်ပါတယ်။ယခုတွင်လည်း ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးဟာ ဖုန်းသုံးနေရင်းဖြင့် လိုင်းပေါ်မှရောင်းချနေသော အထည်ပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။

ဈေးနှုန်းများဟာလည်း အလွန်ချိုသာနေသည့်အတွက် ဇနီးသည်နှင့်အတူအိပ်ရန် နှစ်ယောက်အိပ်ခြင်ထောင်ကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ထို့နောက်တွင် ဝယ်ယူထားသော ခြင်ထောင်ကို နေအိမ်သို့လာပို့ပေးရာမှ ကြည့်လိုက်ရာ ခြင်ထောင်၏အရွယ်အစားကြောင့် မည်သည့်နေရာတွင် သုံးရသည့်ပစ္စည်းမှန်းမသိအောင်အထိပင်ဖြစ်သွားခဲ့ရပါတယ်။

ခြင်ထောင်ဟာ အလွန်သေးငယ်လှပြီး လူတစ်ယောက်အိပ်စရာမဟုတ်ဘဲ လူဦးခေါင်းလေးဘဲ ဝင်အိပ်လို့ရတာဖြစ်နေပါတယ်။

Shoon (Cele Daily)