Local News

ကတ်ကြေး လုံးဝမသုံးဘဲ သံချောင်းကိုအပူပေးပြီး ဆံပင်ညှပ်တဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသောဆိုင်

ကမ္ဘာပေါ်တွင် တစ်ခုတည်းသောဆိုင်အဖြစ် သံချောင်းကိုအပူပေးပြီး ဆံပင်ညှပ်ပေးပြီး ဆိုင်ဖွင့်လာသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်သည့် ၉၁ နှစ်အရွယ် အဖိုး၏ ဆံသဆိုင်လေး လူတိုင်းသည် နေအိမ်ထဲမှ အပြင်သို့သွားမည်ဆိုပါက လှပမှုရှိစေရန် အမျိုးမျိုးပြင်ဆင်ကြပါတယ်။

ထိုသို့ပြင်ဆင်ရာတွင် ဆံပင်သည်လည်း ဒုတိယမျက်နှာဟုပင် တင်စားရသည်အထိ အရေးပါကြပါတယ်။ ထို့ကြောင့် ဆံပင်ညှပ်ဆိုင်သို့သွားရောက်ကာ ဆံပင်များကို အမြဲပြုပြင်နေခဲ့တာဖြစ်ပါတယ်။

ဆံပင်ညှပ်ဆိုင်များဟာ ဆံပင်များကို စက်ကပ်ကြေးဖြင့်သာ အသုံးပြုပြီး ညှပ်ပေးနေခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း တရုတ်နိုင်ငံမှ Hubeiမှ အသက်၉၁နှစ်အရွယ် အဖိုးကတော့ ကပ်ကြေးကို လုံးဝအသုံးပြုခြင်းမရှိဘဲ အခြားနည်းကို အသုံးပြုနေခဲ့ပါတယ်။

အဖိုးအိုဟာ သံကိုအပူပေးပြီး ဆံပင်များကို ဖြတ်တောက်ပေးနေခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်တွင် တစ်ခုတည်းသောဆိုင်အဖြစ်တင်စားရမှာဖြစ်ပါတယ်။ ထိုသို့ညှပ်ပေးလာသည်မှာလည်း နှစ်ပေါင်း ၇၀အထိပင် ရှိနေခဲ့ပြီဟု သိရပါတယ်။

(Zawgyi)



