တစ္သက္လုံး ဆင္းရဲနည္း ။
( ၁ ) ေခ်ာင္ခိုပါ
သူေဌးမျမင္ေသာေနရာတြင္ ေခ်ာင္ခို ၿပီးေနပါ ။ အလုပ္ကို ခိုကပ္ပါ ။ စိတ္ေရာ ခႏၶာပါ သက္သာေအာင္ ျဖစ္သလိုေနပါ ။ မန္ေနဂ်ာ ေရွ႕မွာ အလုပ္ လုပ္ခ်င္ ဟန္ေဆာင္ပါ ။
( ၂ ) တြက္ကပ္ပါ
ကိုယ့္အလုပ္ကိုသာ ကိုယ္လုပ္ပါ ။ အပို လုံးဝ မလုပ္ပါႏွင့္ ။ ခိုင္းရင္ မၾကားဟန္ ေဆာင္ပါ ။ မျဖစ္မေန လုပ္ရမည္ ဆိုလ်င္လည္း အခ်ိန္ဆြဲ လုပ္ပါ ။ ျပႆနာ ျဖစ္ေအာင္လုပ္ပါ ။ လုပ္ေဖာ္ကိုင္ဖက္ အခ်င္းခ်င္း သူလုပ္ ကိုယ္လုပ္ ျငင္းခုန္ပါ ။
( ၃ ) အလုပ္သမားစိတ္ ေမြးပါ
ရသမွ် ေတာင္းဆိုပါ ။ အေသးအမႊားက စ မရရေအာင္ေတာင္းပါ ။ ရပိုင္ခြင့္ တစ္ဆုံးႏႈိက္ပါ ။ မိမိတို႔သည္ အလုပ္သမားမ်ားျဖစ္သည့္အေလ်ာက္ အလုပ္ရွင္ ရႈံးသည္ ျမတ္သည္ ပဓာန မဟုတ္ မိမိတို႔ အတြက္သည္သာ အဓိကျဖစ္သည္ ။ ခြင့္မွန္သမွ် ရႏိုင္သမွ် ယူပါ ။
( ၄ ) အလုပ္ခဏ ခဏ ေျပာင္းပါ
ၾကာၾကာလုပ္ေနလ်င္ ၾကာၾကာ ဒုကၡေရာက္ပါသည္ ။ ထို႔ေၾကာင့္ မၾကာမၾကာ အလုပ္ ေျပာင္းျခင္းသည္ အလြန္ ေကာင္းပါသည္ ။ လစာ ပိုေပးသည့္ေနရာသို႔ ခ်က္ခ်င္း ေျပာင္းပါက ခ်က္ခ်င္း ေငြပိုရပါသည္ ။
( ၅ ) မသင္ယူပါႏွင့္ ။
သင္ယူျခင္းသည္အလြန္ အလုပ္ရႈပ္ ပါသည္ ။ ေခါင္းလည္း ရႈပ္သည္ ။ အားလ်င္ နားပါ ။ မအားလည္း နားပါ ။ ေငြရဖို႔ ႏွင့္မသက္ဆိုင္ေသာ သင္ယူမႈမ်ိဳး ကို ပိုမို ေရွာင္ရွားပါ ။
( ၆ ) ရန္အၿမဲတိုက္ေပးပါ
မိမိ လုပ္ေဖာ္ကိုင္ဖက္မ်ားကို အခ်င္းခ်င္း ေသာ္လည္းေကာင္း မန္ေနဂ်ာျဖင့္ ေသာ္လည္းေကာင္း သူေဌးျဖင့္ ေသာ္လည္းေကာင္း မေကာင္းေၾကာင္း အၿမဲေျပာ၍ ရန္တိုက္ေပးပါ ။ ၿပီးလ်င္ မသိသလိုေနပါ ။
( ၇ ) ရသမွ် ျဖဳန္းပါ
ပိုက္ဆံ ရသမွ် ျဖဳန္းျပစ္ပါ ။ ခ်န္ထားရန္မ်ား ႂကြက္စားပါသည္ ။ ေသလ်င္ ကိုယ့္ေနာက္ဘာမွ မပါေသာေၾကာင့္ စုေဆာင္းမထားပါႏွင့္ ။
Credit to Original Writer
Credit
UNICODE
တစ်သက်လုံး ဆင်းရဲနည်း ။
( ၁ ) ချောင်ခိုပါ
သူဌေးမမြင်သောနေရာတွင် ချောင်ခို ပြီးနေပါ ။ အလုပ်ကို ခိုကပ်ပါ ။ စိတ်ရော ခန္ဓာပါ သက်သာအောင် ဖြစ်သလိုနေပါ ။ မန်နေဂျာ ရှေ့မှာ အလုပ် လုပ်ချင် ဟန်ဆောင်ပါ ။
( ၂ ) တွက်ကပ်ပါ
ကိုယ့်အလုပ်ကိုသာ ကိုယ်လုပ်ပါ ။ အပို လုံးဝ မလုပ်ပါနှင့် ။ ခိုင်းရင် မကြားဟန် ဆောင်ပါ ။ မဖြစ်မနေ လုပ်ရမည် ဆိုလျင်လည်း အချိန်ဆွဲ လုပ်ပါ ။ ပြဿနာ ဖြစ်အောင်လုပ်ပါ ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း သူလုပ် ကိုယ်လုပ် ငြင်းခုန်ပါ ။
( ၃ ) အလုပ်သမားစိတ် မွေးပါ
ရသမျှ တောင်းဆိုပါ ။ အသေးအမွှားက စ မရရအောင်တောင်းပါ ။ ရပိုင်ခွင့် တစ်ဆုံးနှိုက်ပါ ။ မိမိတို့သည် အလုပ်သမားများဖြစ်သည့်အလျောက် အလုပ်ရှင် ရှုံးသည် မြတ်သည် ပဓာန မဟုတ် မိမိတို့ အတွက်သည်သာ အဓိကဖြစ်သည် ။ ခွင့်မှန်သမျှ ရနိုင်သမျှ ယူပါ ။
( ၄ ) အလုပ်ခဏ ခဏ ပြောင်းပါ
ကြာကြာလုပ်နေလျင် ကြာကြာ ဒုက္ခရောက်ပါသည် ။ ထို့ကြောင့် မကြာမကြာ အလုပ် ပြောင်းခြင်းသည် အလွန် ကောင်းပါသည် ။ လစာ ပိုပေးသည့်နေရာသို့ ချက်ချင်း ပြောင်းပါက ချက်ချင်း ငွေပိုရပါသည် ။
( ၅ ) မသင်ယူပါနှင့် ။
သင်ယူခြင်းသည်အလွန် အလုပ်ရှုပ် ပါသည် ။ ခေါင်းလည်း ရှုပ်သည် ။ အားလျင် နားပါ ။ မအားလည်း နားပါ ။ ငွေရဖို့ နှင့်မသက်ဆိုင်သော သင်ယူမှုမျိုး ကို ပိုမို ရှောင်ရှားပါ ။
( ၆ ) ရန်အမြဲတိုက်ပေးပါ
မိမိ လုပ်ဖော်ကိုင်ဖက်များကို အချင်းချင်း သော်လည်းကောင်း မန်နေဂျာဖြင့် သော်လည်းကောင်း သူဌေးဖြင့် သော်လည်းကောင်း မကောင်းကြောင်း အမြဲပြော၍ ရန်တိုက်ပေးပါ ။ ပြီးလျင် မသိသလိုနေပါ ။
( ၇ ) ရသမျှ ဖြုန်းပါ
ပိုက်ဆံ ရသမျှ ဖြုန်းပြစ်ပါ ။ ချန်ထားရန်များ ကြွက်စားပါသည် ။ သေလျင် ကိုယ့်နောက်ဘာမှ မပါသောကြောင့် စုဆောင်းမထားပါနှင့် ။
Credit to Original Writer
Credit