Cele News

ျမန္မာစကားေျပာတတ္သူမရွိတဲ့႐ြာေလးမွာ ေနထိုင္ရတဲ့ အေတြ႕အႀကဳံ အျဖစ္အပ်က္ကို ေျပာျပလာတဲ့ ထားထက္ထက္

ျမန္မာစကားေျပာတတ္သူမရွိတဲ့႐ြာေလးမွာ ေနထိုင္ရတဲ့ အေတြ႕အႀကဳံ အျဖစ္အပ်က္ကို ေျပာျပလာတဲ့ ထားထက္ထက္

ျမန္မာစကားေျပာတတ္သူမရွိတဲ့႐ြာေလးမွာ ေနထိုင္ရတဲ့ အေတြ႕အႀကဳံ အျဖစ္အပ်က္ကို ေျပာျပလာတဲ့ ထားထက္ထက္

ဖုန္းေျပာခ်င္ရင္ အေပၚထပ္ ဒီအခန္းေထာင့္ေလးကေန တက္ေျပာရတယ္… ႐ြာကလဲ အေရးအေၾကာင္းဆို ဒီေနရာေလး အထိ လာေျပာရတာပဲ

ဖုန္းလိုင္းမမိ ၊ ျမန္မာစကားေျပာတတ္သူ လက္ခ်ိဳးေရလို႔ရတဲ့႐ြာကေလး တခုကိုေရာက္ခဲ့ခ်ိန္ အိမ္ရွင္ အမ က ကြၽန္မ ဖုန္းသုံးဖို႔ ေနရာေလး ၫႊန္ျပၿပီး ေျပာခဲ့တဲ့ စကားေလးပါ…

ညစာ စား ဖို႔ ျပင္ဆင္ၾကခ်ိန္ ျမန္မာစကားတတ္တဲ့ ခရစ္ယာန္သင္းအုပ္ဆရာရဲ႕အမ်ိဳးသမီးက သူ႔ရဲ႕အိမ္နီးခ်င္းျဖစ္တဲ့ ကရင္တိုင္းရင္းသူ အမ နဲ႔ အတူတူထိုင္ရင္း ကြၽန္မကို ေျပာျပတယ္…..

သူ(အိမ္နီးခ်င္းအမ) က ျမန္မာစကား မေျပာတတ္ဘူး။ တတ္လဲ မတတ္ခ်င္ဘူး။ မသင္ခ်င္ဘူးတဲ့ ဘာလို႔လဲ ဆိုေတာ့ သူအသက္ ၁၀ ႏွစ္သမီးေလာက္က စစ္ေဘးေရွာင္တဲ့ ဒုကၡေတြကို ကိုယ္ေတြ႕ႀကဳံခဲ့ရတယ္…

ေတာ္ေတာ္ပင္ပန္းတဲ့ ဒုကၡဆင္းရဲေတြခံစားခဲ့ရတယ္။ စစ္ေဘးေရွာင္ရတဲ့အခ်ိန္တုန္းက မိသားစုစားဖို႔ ရိကၡာသယ္သြားရတဲ့အခါ ဆန္အိတ္ကိုေခါင္းေပၚ႐ြက္ လို႔ မတ္တပ္အိပ္ရတဲ့အခါေတြေတာင္ ရွိခဲ့တယ္တဲ့…

ဆန္အိတ္ခ်ၿပီးနားရင္ ျပန္ၿပီး မ , တင္ဖို႔ မႏိုင္လို႔တဲ့… ႐ြာျပန္ေရာက္တဲ့ အခါ လဲ ေနစရာအိမ္က ျပာ က်ေအာင္ မီးတိုက္ခံထားရသလို အိမ္ေမြးတိရစာၦန္ေတြ ကိုလဲ စိတ္ႀကိဳက္ ယူေဆာင္ သြားၾကေသးသတဲ့ …

ၿပီးေတာ့ ဗမာစစ္သားေတြက ကရင္တိုင္းရင္းသားေတြကို ႐ြာလုံးကြၽတ္သ တ္ျဖတ္တာေတြ ၊ သ တ္တဲ့အခါလဲ ခ်က္ခ်င္း မသ တ္ပဲ ရက္ရက္စက္စက္ နား႐ြက္ကိုျဖ တ္ ၊ မ်က္လုံးေတြေဖာ က္ထုတ္နဲ႔ သ တ္တာေတြ ႀကဳံခဲ့ရတယ္ ဆိုတဲ့အေၾကာင္း ေျပာျပပါတယ္ …

ဒါေၾကာင့္ ဗမာေတြဆို သိပ္မုန္းတာ… ဗမာစကားကို လုံးဝမတတ္ခ်င္ မေျပာခ်င္ဘူး… မသင္ခ်င္ဘူး …ဗမာေတြနဲ႔ စကားေျပာေနရမွာစိုးလို႔တဲ့…

အဲ့လိုစကားေတြ နားေထာင္ေနရတဲ့အခ်ိန္ ကြၽန္မအင္မတန္ စိတ္မေကာင္း ျဖစ္ရပါတယ္… ကြၽန္မမ်က္ႏွာဘယ္နားထားရမွန္း မသိေအာင္ အားနာၿပီး မ်က္ႏွာေတြ ပူေနမိတယ္

အရင္က ဒီလိုနာၾကည္းစိတ္ေတြရွိတဲ့ အမ က အခု သူတခါမွ မျမင္ဖူးတဲ့ ကြၽန္မကို ေမတၱာျပ ဆက္ဆံေပးၿပီး ကြၽန္မတို႔စားဖို႔အတြက္ ညစာအျဖစ္ ၾကက္ဥေၾကာ္ၿပီး လာပို႔ေပးခဲ့တယ္…..

သူတို႔ရဲ႕ ေႏြးေထြးမႈ ၊ သေဘာထားႀကီးမႈ ၊ ခံစားခ်က္ နဲ႔ အိမ္ရွင္ ဝတၱရား ခြဲျခားထားႏိုင္မႈ ၊ ဂ႐ုစိုက္မႈနဲ႔ ခ်စ္ျခင္းေမတၱာေတြကို ကြၽန္မ သိပ္ေက်းဇူးတင္မိပါတယ္…

သူတို႔ေနရာေလး ဆက္သြယ္ေရး အဆင္ေျပၿပီး ဖုန္းလိုင္းမိဖို႔ ကြၽန္မႏိုင္ရာ ေဆာင္႐ြက္ပါဦးမယ္…

ဗမာတိုင္းရင္းသား အပါအဝင္ အျခားတိုင္းရင္းသား လူမ်ိဳးတိုင္း ဟာ အနည္းအမ်ားသာကြာခ်င္ ကြာမယ္… စစ္အာဏာရွင္ေၾကာင့္ ဒုကၡ ေရာက္ရတာခ်င္း အတူတူ ျဖစ္တဲ့အေၾကာင္း အခြင့္ရတဲ့ တေန႔က်ရင္ ကြၽန္မ ျပန္သြားၿပီး ကရင္ဘာသာနဲ႔ ေအးေအးေဆးေဆး စကားေျပာျဖစ္ဦးမယ္ ထင္ပါတယ္…

ရႈခင္းေတြက ဓါတ္ပုံ႐ိုက္ဖို႔ ႐ူးခ်င္စရာ ေကာင္းေလာက္ေအာင္ လွတဲ့ ပတ္ဝန္းက်င္ ျဖစ္ေနတာကလဲျပန္သြားခ်င္စရာႀကီးကိုး….

ေႏြးေထြးမႈအတြက္ ေက်းဇူးပါ အမတို႔ေရ…

ထားထက္ထက္

3 October 2021

UNICODE

မြန်မာစကားပြောတတ်သူမရှိတဲ့ရွာလေးမှာ နေထိုင်ရတဲ့ အတွေ့အကြုံ အဖြစ်အပျက်ကို ပြောပြလာတဲ့ ထားထက်ထက်

ဖုန်းပြောချင်ရင် အပေါ်ထပ် ဒီအခန်းထောင့်လေးကနေ တက်ပြောရတယ်… ရွာကလဲ အရေးအကြောင်းဆို ဒီနေရာလေး အထိ လာပြောရတာပဲ

ဖုန်းလိုင်းမမိ ၊ မြန်မာစကားပြောတတ်သူ လက်ချိုးရေလို့ရတဲ့ရွာကလေး တခုကိုရောက်ခဲ့ချိန် အိမ်ရှင် အမ က ကျွန်မ ဖုန်းသုံးဖို့ နေရာလေး ညွှန်ပြပြီး ပြောခဲ့တဲ့ စကားလေးပါ…

ညစာ စား ဖို့ ပြင်ဆင်ကြချိန် မြန်မာစကားတတ်တဲ့ ခရစ်ယာန်သင်းအုပ်ဆရာရဲ့အမျိုးသမီးက သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ကရင်တိုင်းရင်းသူ အမ နဲ့ အတူတူထိုင်ရင်း ကျွန်မကို ပြောပြတယ်…..

သူ(အိမ်နီးချင်းအမ) က မြန်မာစကား မပြောတတ်ဘူး။ တတ်လဲ မတတ်ချင်ဘူး။ မသင်ချင်ဘူးတဲ့ ဘာလို့လဲ ဆိုတော့ သူအသက် ၁၀ နှစ်သမီးလောက်က စစ်ဘေးရှောင်တဲ့ ဒုက္ခတွေကို ကိုယ်တွေ့ကြုံခဲ့ရတယ်…

တော်တော်ပင်ပန်းတဲ့ ဒုက္ခဆင်းရဲတွေခံစားခဲ့ရတယ်။ စစ်ဘေးရှောင်ရတဲ့အချိန်တုန်းက မိသားစုစားဖို့ ရိက္ခာသယ်သွားရတဲ့အခါ ဆန်အိတ်ကိုခေါင်းပေါ်ရွက် လို့ မတ်တပ်အိပ်ရတဲ့အခါတွေတောင် ရှိခဲ့တယ်တဲ့…

ဆန်အိတ်ချပြီးနားရင် ပြန်ပြီး မ , တင်ဖို့ မနိုင်လို့တဲ့… ရွာပြန်ရောက်တဲ့ အခါ လဲ နေစရာအိမ်က ပြာ ကျအောင် မီးတိုက်ခံထားရသလို အိမ်မွေးတိရစ္ဆာန်တွေ ကိုလဲ စိတ်ကြိုက် ယူဆောင် သွားကြသေးသတဲ့ …

ပြီးတော့ ဗမာစစ်သားတွေက ကရင်တိုင်းရင်းသားတွေကို ရွာလုံးကျွတ်သ တ်ဖြတ်တာတွေ ၊ သ တ်တဲ့အခါလဲ ချက်ချင်း မသ တ်ပဲ ရက်ရက်စက်စက် နားရွက်ကိုဖြ တ် ၊ မျက်လုံးတွေဖော က်ထုတ်နဲ့ သ တ်တာတွေ ကြုံခဲ့ရတယ် ဆိုတဲ့အကြောင်း ပြောပြပါတယ် …

ဒါကြောင့် ဗမာတွေဆို သိပ်မုန်းတာ… ဗမာစကားကို လုံးဝမတတ်ချင် မပြောချင်ဘူး… မသင်ချင်ဘူး …ဗမာတွေနဲ့ စကားပြောနေရမှာစိုးလို့တဲ့…

အဲ့လိုစကားတွေ နားထောင်နေရတဲ့အချိန် ကျွန်မအင်မတန် စိတ်မကောင်း ဖြစ်ရပါတယ်… ကျွန်မမျက်နှာဘယ်နားထားရမှန်း မသိအောင် အားနာပြီး မျက်နှာတွေ ပူနေမိတယ်

အရင်က ဒီလိုနာကြည်းစိတ်တွေရှိတဲ့ အမ က အခု သူတခါမှ မမြင်ဖူးတဲ့ ကျွန်မကို မေတ္တာပြ ဆက်ဆံပေးပြီး ကျွန်မတို့စားဖို့အတွက် ညစာအဖြစ် ကြက်ဥကြော်ပြီး လာပို့ပေးခဲ့တယ်…..

သူတို့ရဲ့ နွေးထွေးမှု ၊ သဘောထားကြီးမှု ၊ ခံစားချက် နဲ့ အိမ်ရှင် ဝတ္တရား ခွဲခြားထားနိုင်မှု ၊ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကျွန်မ သိပ်ကျေးဇူးတင်မိပါတယ်…

သူတို့နေရာလေး ဆက်သွယ်ရေး အဆင်ပြေပြီး ဖုန်းလိုင်းမိဖို့ ကျွန်မနိုင်ရာ ဆောင်ရွက်ပါဦးမယ်…

ဗမာတိုင်းရင်းသား အပါအဝင် အခြားတိုင်းရင်းသား လူမျိုးတိုင်း ဟာ အနည်းအများသာကွာချင် ကွာမယ်… စစ်အာဏာရှင်ကြောင့် ဒုက္ခ ရောက်ရတာချင်း အတူတူ ဖြစ်တဲ့အကြောင်း အခွင့်ရတဲ့ တနေ့ကျရင် ကျွန်မ ပြန်သွားပြီး ကရင်ဘာသာနဲ့ အေးအေးဆေးဆေး စကားပြောဖြစ်ဦးမယ် ထင်ပါတယ်…

ရှုခင်းတွေက ဓါတ်ပုံရိုက်ဖို့ ရူးချင်စရာ ကောင်းလောက်အောင် လှတဲ့ ပတ်ဝန်းကျင် ဖြစ်နေတာကလဲပြန်သွားချင်စရာကြီးကိုး….

နွေးထွေးမှုအတွက် ကျေးဇူးပါ အမတို့ရေ…

ထားထက်ထက်

3 October 2021