ဗဟုသုတ

နည်းနည်းဖတ်ကြည့်လိုက် ကောင်းလွန်းလို့ ဆရာကြီးဦးအောင်သင်းပြောတဲ့ ” သတ္တိ “

နည်းနည်းဖတ်ကြည့်လိုက် ကောင်းလွန်းလို့ဆရာကြီးဦးအောင်သင်းပြောတဲ့ ” သတ္တိ “

လောကကြီးကို သတ္တိရှိတဲ့လူတွေ ဦးဆောင်နေတာသတ္တိမရှိတဲ့ကောင်တွေအတွက်နေရာမရှိဘူး ..ဟောဒီသစ်သားပြားပေါ်ကိုသံချောင်းနဲ့ ဒိုင်းခနဲရိုက်လိုက် သံချောင်းစိုက်ဝင်သွားမယ်သစ်သားပြား သူထက်မာတဲ့ကောင်နဲ့တွေ့တော့နေရာ ဖယ်ပေးလိုက်ရတယ်အဲ့ဒီသံချောင်းကို ကျောက်တုံးပေါ်ရိုက်သံချောင်းပဲကွေးသွားမယ်ကျောက်တုံးက နေရာဖယ်မပေးဘူးI’m sorry ပဲ ။

သွေးကြောင်ရင် ဘေးရှောင်သွေးကျဲရင် သစ်သားပြားလို ဘေးပြဲသွားမှာပဲအဲ့ဒီတော့ မင်းတို့မာမလား ပျော့မလား ..ငါ မာသလားပျော့သလား ကိုယ့်ကိုကိုယ်ပြန်စဉ်းစားကိုယ်ကိုကိုယ် ပြန်တွေးတဲ့အခါ ရဲရဲကြီးတွေးမညှာတမ်းတွေး အားမနာတမ်းတွေးကိုယ့်ကိုကိုယ်ညှာတွေးနေသရွေ့ကိုယ့်အားနည်းချက်ကိုယ်သိမှာ မဟုတ်ဘူးအားနည်းချက် မတွေ့သရွေ့ ပြင်ဖို့မရှိဘူးပြင်ဖို့မရှိသရွေ့ အဲ့ဒီလူ တစ်သက်လုံးမတိုးတက်ဘူး ။

အဲ့ဒါ မင်းတို့ ပုံသေယုံ ..ပြီးတော့ မင်းတို့ အမိန့်နာခံနိုင်တဲ့ သတ္တိရှိရမယ်အမိန့်ဆိုတာ သူများအမိန့်မဟုတ်ဘူးကိုယ့်အမိန့်ကို ကိုယ်လိုက်နာနိုင်ရမယ်လူတွေက သူများအမိန့်ပဲ ကျိူးနွံတာကိုယ့်အမိန့်ကို ကျိူးနွံနိုင်တဲ့သူရှားတယ် ..မနက်ဘယ်အချိန်ထမယ်ဆိုပြီးနှိုးစက်လေးချထားတယ်

မနက်ရောက်တော့ နှိုးစက်ကမြည်တယ်လူကအိပ်ချင်မူးတူးနဲ့ မထချင်ဘူးစောပါသေးတယ် ဘာညာနဲ့ ပိတ်လိုက်တယ်အဲ့ဒါ ကိုယ့်အမိန့်ကို မနာခံတာကိုယ့်ကိုကိုယ် မအောင်နိုင်တာကိုယ့်ကိုကိုယ် မအောင်နိုင်သေးသရွေ့လောကကြီးကို မအောင်နိုင်ဘူးဆိုတာမင်းတို့ပုံသေယုံလိုက်ပါ ..လူတစ်ယောက် မိုးပျံအောင်တော်တာဝန်ယူချင်တဲ့စိတ် တာဝန်ယူရဲတဲ့ သတ္တိမရှိရင်လောကကြီးအတွက် လူပိုပဲကိုယ့်တိုင်းပြည် ကိုယ့်မိသားစုအတွက်နိုင်သလောက် တာဝန်ယူနိုင်ရမယ် ..

ရိုးသားနိုင်ခြင်းဟာ သတ္တိရိုးသားတယ်ဆိုတာ နုံတာ အ.တာမဟုတ်ဘူးကိုယ်မရသင့်မရထိုက်တာကို မမက်မောတာမလိုချင်တာ မယူတာ အဲ့ဒါရိုးသားဖြောင့်မတ်တာရိုးသားမှုကို လူတိုင်းကြိုက်တယ်ဒါပေမယ့် လူတိုင်းဆီမှာမရှိဘူးရိုးသားခြင်းကြောင့် ဒုက္ခရောက်တတ်တယ်အပင်တောင် ဖြောင့်တဲ့အပင်ပဲရွေးခုတ်တတ်ကြတယ်သတ္တိမရှိပဲ ရိုးသားလို့မရဘူး ..အမှန်တရားကို ချစ်မြတ်နိုးတာ အမှန်တရားကိုပြောရဲတာ သတ္တိမှန်တာပြောရင် ရွာ့အပြင်ထုတ်ခံရတတ်တယ်ဆိုတဲ့စကားရှိတယ်သတ္တိရှိဖို့လိုတယ် ..

ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုကြိုစားတယ် မအောင်မြင်သေးဘူးဇွဲရှိရမယ်ဇွဲဆိုတာ ကြာရှည်ခံနိုင်တဲ့ ဂုဏ်သတ္တိကိုပြောတာ . ကြောက်လို့ထွက်ပြေးရင်တစ်သက်လုံးပြေးပေတော့အောင်မြင်မှုက မင်းတို့နောက်လိုက်မလာဘူးရင်ဆိုင်နိုင်ရမယ်ရင်ဆိုင်ရဲတဲ့သတ္တိရှိရမယ် ..

ရန်ဖြစ်တာ သတ္တိမဟုတ်ဘူး ကိုယ့်ကိုကိုယ်သတ်သေရဲတာ သတ္တိမဟုတ်ဘူး ..သတ္တိဆိုတဲ့စကားလုံးဟာ အရမ်းကျယ်ပြန့်တယ် နက်ရှိုင်းတယ် ..သတ္တိဆိုတာ အရည်အချင်းအားလုံးရဲ့ဇစ်မြှစ်သတ္တိမရှိသရွေ့ ဘယ်တော့မှ မတိုးတက်ဘူးဘာသတ္တိမှ မရှိရင် ဘာမှဖြစ်မလာနိုင်ဘူးအဲ့ဒါ မင်းတို့ ပုံသေယုံပါ ။

#ဆရာအောင်သင်း

နည္းနည္းဖတ္ၾကည့္လိုက္ ေကာင္းလြန္းလို႔ဆရာႀကီးဦးေအာင္သင္းေျပာတဲ့ ” သတၱိ ”

ေလာကႀကီးကို သတၱိရွိတဲ့လူေတြဦးေဆာင္ေနတာသတၱိမရွိတဲ့ေကာင္ေတြအတြက္ေနရာမရွိဘူး ..ေဟာဒီသစ္သားျပားေပၚကိုသံေခ်ာင္းနဲ႕ ဒိုင္းခနဲရိုက္လိုက္သံေခ်ာင္းစိုက္ဝင္သြားမယ္သစ္သားျပား သူထက္မာတဲ့ေကာင္နဲ႕ေတြ႕ေတာ့ေနရာ ဖယ္ေပးလိုက္ရတယ္အဲ့ဒီသံေခ်ာင္းကို ေက်ာက္တုံးေပၚရိုက္သံေခ်ာင္းပဲေကြးသြားမယ္ေက်ာက္တုံးက ေနရာဖယ္မေပးဘူး။

I’m sorry ပဲ ..ေသြးေၾကာင္ရင္ ေဘးေရွာင္ေသြးက်ဲရင္ သစ္သားျပားလို ေဘးၿပဲသြားမွာပဲအဲ့ဒီေတာ့ မင္းတို႔မာမလား ေပ်ာ့မလား ..ငါ မာသလားေပ်ာ့သလား ကိုယ့္ကိုကိုယ္ျပန္စဥ္းစားကိုယ္ကိုကိုယ္ ျပန္ေတြးတဲ့အခါ ရဲရဲႀကီးေတြးမညွာတမ္းေတြး အားမနာတမ္းေတြးကိုယ့္ကိုကိုယ္ညွာေတြးေနသေ႐ြ႕ကိုယ့္အားနည္းခ်က္ကိုယ္သိမွာ မဟုတ္ဘူးအားနည္းခ်က္ မေတြ႕သေ႐ြ႕ ျပင္ဖို႔မရွိဘူးျပင္ဖို႔မရွိသေ႐ြ႕ အဲ့ဒီလူ တစ္သက္လုံးမတိုးတက္ဘူး။

အဲ့ဒါ မင္းတို႔ ပုံေသယုံ ..ၿပီးေတာ့ မင္းတို႔ အမိန့္နာခံနိုင္တဲ့ သတၱိရွိရမယ္အမိန့္ဆိုတာ သူမ်ားအမိန့္မဟုတ္ဘူးကိုယ့္အမိန့္ကို ကိုယ္လိုက္နာနိုင္ရမယ္လူေတြက သူမ်ားအမိန့္ပဲ က်ိဴးႏြံတာကိုယ့္အမိန့္ကို က်ိဴးႏြံနိုင္တဲ့သူရွားတယ္ ..မနက္ဘယ္အခ်ိန္ထမယ္ဆိုၿပီးႏွိုးစက္ေလးခ်ထားတယ္မနက္ေရာက္ေတာ့ ႏွိုးစက္ကျမည္တယ္လူကအိပ္ခ်င္မူးတူးနဲ႕ မထခ်င္ဘူးေစာပါေသးတယ္ ဘာညာနဲ႕ ပိတ္လိုက္တယ္အဲ့ဒါ ကိုယ့္အမိန့္ကို မနာခံတာကိုယ့္ကိုကိုယ္ မေအာင္နိုင္တာကိုယ့္ကိုကိုယ္ မေအာင္နိုင္ေသးသေ႐ြ႕ေလာကႀကီးကို မေအာင္နိုင္ဘူးဆိုတာမင္းတို႔ပုံေသယုံလိုက္ပါ ..

လူတစ္ေယာက္ မိုးပ်ံေအာင္ေတာ္တာဝန္ယူခ်င္တဲ့စိတ္ တာဝန္ယူရဲတဲ့ သတၱိမရွိရင္ေလာကႀကီးအတြက္ လူပိုပဲကိုယ့္တိုင္းျပည္ ကိုယ့္မိသားစုအတြက္နိုင္သေလာက္ တာဝန္ယူနိုင္ရမယ္ ..ရိုးသားနိုင္ျခင္းဟာ သတၱိရိုးသားတယ္ဆိုတာ ႏုံတာ အ.တာမဟုတ္ဘူးကိုယ္မရသင့္မရထိုက္တာကို မမက္ေမာတာမလိုခ်င္တာ မယူတာ အဲ့ဒါရိုးသားေျဖာင့္မတ္တာရိုးသားမႈကိုလူတိုင္းႀကိဳက္တယ္ဒါေပမယ့္ လူတိုင္းဆီမွာ မရွိဘူးရိုးသားျခင္းေၾကာင့္ ဒုကၡေရာက္တတ္တယ္အပင္ေတာင္ ေျဖာင့္တဲ့အပင္ပဲေ႐ြးခုတ္တတ္ၾကတယ္သတၱိမရွိပဲ ရိုးသားလို႔မရဘူး ..

အမွန္တရားကို ခ်စ္ျမတ္နိုးတာ အမွန္တရားကိုေျပာရဲတာ သတၱိမွန္တာေျပာရင္ ႐ြာ့အျပင္ထုတ္ခံရတတ္တယ္ဆိုတဲ့စကားရွိတယ္သတၱိရွိဖို႔လိုတယ္ ..ကိုယ္လုပ္ေနတဲ့အလုပ္တစ္ခုႀကိဳစားတယ္ မေအာင္ျမင္ေသးဘူးဇြဲရွိရမယ္ဇြဲဆိုတာ ၾကာရွည္ခံနိုင္တဲ့ ဂုဏ္သတၱိကိုေျပာတာ ..ေၾကာက္လို႔ထြက္ေျပးရင္တစ္သက္လုံးေျပးေပေတာ့ေအာင္ျမင္မႈက မင္းတို႔ေနာက္လိုက္မလာဘူးရင္ဆိုင္နိုင္ရမယ္ရင္ဆိုင္ရဲတဲ့သတၱိရွိရမယ္ ..ရန္ျဖစ္တာ သတၱိမဟုတ္ဘူးကိုယ့္ကိုကိုယ္သတ္ေသရဲတာသတၱိမဟုတ္ဘူး ..သတၱိဆိုတဲ့စကားလုံးဟာအရမ္းက်ယ္ျပန့္တယ္ နက္ရွိုင္းတယ္ ..

သတၱိဆိုတာ အရည္အခ်င္းအားလုံးရဲ႕ဇစ္ျမႇစ္သတၱိမရွိသေ႐ြ႕ ဘယ္ေတာ့မွ မတိုးတက္ဘူးဘာသတၱိမွ မရွိရင္ ဘာမွျဖစ္မလာနိုင္ဘူးအဲ့ဒါ မင္းတို႔ ပုံေသယုံပါ ။

#ဆရာေအာင္သင္း