ဗဟုသုတ

အပ်ပျောက်လျင် ဆင်နဲ့ရှာပါ

အပ်ပျောက်လျင် ဆင်နဲ့ရှာ ဆိုတဲ့ ရှေးစကားလေးကို ငယ်စဉ်ထဲက ကြားဖူးနားဝ ရှိနေခဲ့တာ ကြာပါပြီ။ သို့သော်လည်း အဲဒီစကားကို အရင်တုန်းကတော့ သာမန်အပေါ်ယံ အတွေးလေးနဲ့ တွေးမိခဲ့ ဖူးပါတယ်။

” အပ်ကလေး တစ်ချောင်း ပျောက်တာများ ဆင်စီးပြီး ရှာစရာလား ” ဆိုတဲ့ အတွေးထက်ပိုပြီး နက်နက်နဲနဲ မတွေးမိ မစဉ်းစားမိခဲ့ဘူး။ နောက်တစ်ဖြည်းဖြည်းနဲ့ စာပေဗဟုသုတတွေ ဖတ်မှတ်လေ့လာရင်းနဲ့ အမြင်မှန် ရသွားခဲ့ ရပါတော့တယ်။

( အပ်ပျောက်ရင် ဆင်နဲ့ရှာ) ဆိုတဲ့ ဝေါဟာရ စကားလေးဟာ အင်မတန်မှ လေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ပညာရှိ သူတော်ကောင်းတို့ရဲ့စကားဆိုတာ မိမိရဲ့ အသိဉာဏ်မှာ ပွင့်လင်းသွားပါတော့တယ်။တစ်ကယ်တော့ “အပ်” ဆိုတာက လူတွေရဲ့အသုံးအဆောင် တစ်ခုဖြစ်တဲ့ အဝတ်ချုပ်တဲ့ အပ်ကို ဆိုလိုတာ မဟုတ်ပါဘူး။

ပညာရှိတွေပြောတဲ့ “အပ်”ကတော့ လူတစ်ယောက်အတွက် နေ့စဉ်ကြုံတွေ့ကြရတဲ့ လူမှုကိစ္စတွေများစွာထဲက မိမိမှာ ပြောစရာကိစ ္စရှိလာတဲ့အခါ ပြော “အပ်” မပြော”အပ်” ၊ သွားစရာကိစ္စ ကြုံလာတဲ့အခါမှာ သွား “အပ် မသွား “အပ်”၊ နေစရာကိစ္စများနဲ့ ကြုံတဲ့အခါ နေ”အပ်”မနေ”အပ်” ၊ မိမိတို့ လိုအင်ဆန္ဒရဲ့ ပါတ်သက်တဲ့အခါ လို “အပ်” မလို”အပ်” အစရှိတဲ့ လူမှုဝန်းကျင်မှာ နေ့စဉ်ထိတွေ့ ကြုံတွေ့နေရတဲ့ “အပ်” ပေါင်းများစွာ တွေပါ။

တစ်ခါတရံ မိမိတို့မှာ လုပ်အပ် မလုပ်အပ် ၊ သွားအပ်မသွားအပ် စသည်တွေကို ဆုံးဖြတ်ရ ခက်ခဲနေတတ်ပါတယ်။ အဲဒီလို အခက်အခဲ ကြုံလာရင် တစ်နည်းအားဖြင့် “အပ်” ပျောက်နေရင် ခုနကပြောတဲ့ “ဆင်” ဆိုတဲ့အရာနဲ့ ရှာရပါမယ်တဲ့။

“ဆင်” ဆိုတာကလည်း ဆင်ကောင်ကြီးကို ဆိုလိုတာ မဟုတ်ပါဘူး။ ( ယောနိသောမနသီကာရ) နည်းမှန်လမ်း မှန်သင့်တင့်လျှောက်ပတ်တဲ့ တွေးတောမှုလို့ ခေါ်ရမယ့် (ဆင်ခြင်တုံတရား) ကို ဆိုလိုတာပါ။ “အပ်” ပျောက်နေရင် တစ်နည်းအားဖြင့် မိမိမှာ လုပ်အပ် မလုပ်အပ်နဲ့ ၊ ပြောအပ် မပြောအပ် စသည် ဝေခွဲရခက်နေရင် (ဆင်ခြင်တုံတရား) လေးနဲ့စဉ်းစား ဆုံးဖြတ်ပါ။

( ဆင်ခြင်တုံတရား) ကို ဖြစ်ပေါ်စေဖို့ ပံ့ပိုးပေးတဲ့ အဓိက အကြောင်းတရားကတော့ (သတိနဲ့ ဉာဏ်ပညာ) ပါ။ အဲဒီတရား ၂ ပါးကသာ မိမိတို့ရဲ့ပျောက်နေတဲ့ “အပ်” ကို ရှာဖွေပေးနိုင်မှာပါ။ ဒါကြောင့်မို့ ပျောက်နေတဲ့ “အပ်” ကိုရှာဖွေဖို့ မိမိတို့မှာ “ဆင်” ရှိဖို့လိုပါတယ်။ နည်းမှန်လမ်းမှန် သမာသမတ်ကျကျ စဉ်းစားတွေးခေါ် ချင့်ချိန်သုံးသပ်နိုင်မှု (အခံ) ရှိရပါမယ်။

အဲဒီ နည်းမှန်လမ်းမှန်တွေးခေါ် သုံးသပ်နိုင်စွမ်းဆိုတဲ့ (အခံ) ကို ရရှိဖို့ရာမှာမိမိတို့အနေနဲ့ (ကလျာဏ) မိတ်ဆွေ သူတော်ကောင်းမိတ်ဆွေ ရှိရပါမယ်။ ပညာရှိသူတော်ကောင်း ဆရာများထံမှာ ကောင်းမြတ်တဲ့ လေ့လာသင်ယူမှုတွေ ပြုလုပ်ရပါမယ်။

အဲဒီလို လေ့လာသင်ယူနိုင်အောင်လည်း နည်းမှန် လမ်းမှန်တွေကို လက်ဆင့်ကမ်းပြောပြ ဟောပြနိုင်တဲ့ သူတော်ကောင်း ပညာရှိတွေကို ပေါင်းဖော် ဆည်းကပ်ရပါမယ်။ပညာရှိသူတော်ကောင်းတွေနဲ့ အဆွေခင်ပွန်းဖြစ်ရတာဟာ မိမိတို့အတွက် ပစ္စုပ္ပါန်ဘဝမှာရော တမလွန်ဘဝတွေအထိ ကောင်းကျိုးချမ်းသာကို ဖြစ်စေပါတယ်။

ဒါကြောင့် မြတ်စွာဘုရားရှင်က ” အဆွေခင်ပွန်းကောင်း ရှိသူဟာ မြင့်မြတ်တဲ့ စရိုက်လက္ခဏာ မြင့်မြတ်တဲ့ အကျင့်သီလတွေ ဖြစ်ထွန်းစေရန်အတွက် ပြီးပြည့်စုံစေတယ်” လို့ (သဂါထာဝဂ္ဂသံယုတ်ပါဠိကလျာဏမိတ္တ) သုတ်မှာ ဟောကြားတော် မူခဲ့ပါတယ်။

ထို့ကြောင့် ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့မှာလည်း ကောင်းမွန်သော ကလျာဏမိတ္တတို့ဖြင့် ပေါင်းမှီဝဲပြီး တစ်ခါတရံ ပျောက်နေတတ်တဲ့ မိမိတို့ “အပ်” ကို “ဆင်” စီးပြီးရှာဖွေ တွေ့ရှိနိုင်ကြပါစေလို့ တောင်းဆုပတ္ထနာ အခါခါ ပြုလိုက်ပါကြောင်း။

Crd

for zawgyi

အပ္ေပ်ာက္လ်င္ ဆင္နဲ႔ရွာပါ

အပ္ေပ်ာက္လ်င္ ဆင္နဲ႔ရွာ ဆိုတဲ့ ေရွးစကားေလးကို ငယ္စဥ္ထဲက ၾကားဖူးနားဝ ရွိေနခဲ့တာ ၾကာပါၿပီ။ သို႔ေသာ္လည္း အဲဒီစကားကို အရင္တုန္းကေတာ့ သာမန္အေပၚယံ အေတြးေလးနဲ႔ေတြးမိခဲ့ ဖူးပါတယ္။

” အပ္ကေလး တစ္ေခ်ာင္း ေပ်ာက္တာမ်ား ဆင္စီးၿပီး ရွာစရာလား ” ဆိုတဲ့ အေတြးထက္ပိုၿပီး နက္နက္နဲနဲ မေတြးမိ မစဥ္းစားမိခဲ့ဘူး။ ေနာက္တစ္ျဖည္းျဖည္းနဲ႔ စာေပဗဟုသုတေတြ ဖတ္မွတ္ေလ့လာရင္းနဲ႔ အျမင္မွန္ ရသြားခဲ့ ရပါေတာ့တယ္။

( အပ္ေပ်ာက္ရင္ ဆင္နဲ႔ရွာ) ဆိုတဲ့ ေဝါဟာရ စကားေလးဟာ အင္မတန္မွ ေလးနက္ၿပီး အဓိပၸါယ္ျပည့္ဝတဲ့ ပညာရွိ သူေတာ္ေကာင္းတို႔ရဲ႕စကားဆိုတာ မိမိရဲ႕ အသိဉာဏ္မွာ ပြင့္လင္းသြားပါေတာ့တယ္။

တစ္ကယ္ေတာ့ “အပ္” ဆိုတာက လူေတြရဲ႕အသုံးအေဆာင္ တစ္ခုျဖစ္တဲ့ အဝတ္ခ်ဳပ္တဲ့ အပ္ကို ဆိုလိုတာ မဟုတ္ပါဘူး။ ပညာရွိေတြေျပာတဲ့ “အပ္”ကေတာ့ လူတစ္ေယာက္အတြက္ ေန႔စဥ္ႀကဳံေတြ႕ၾကရတဲ့ လူမႈကိစၥေတြမ်ားစြာထဲက မိမိမွာ ေျပာစရာကိစ ၥရွိလာတဲ့အခါ ေျပာ “အပ္” မေျပာ”အပ္” ၊ သြားစရာကိစၥ ႀကဳံလာတဲ့အခါမွာ သြား”အပ္ မသြား”အပ္”၊ ေနစရာကိစၥမ်ားနဲ႔ ႀကဳံတဲ့အခါ ေန”အပ္”မေန”အပ္” ၊ မိမိတို႔ လိုအင္ဆႏၵရဲ႕ ပါတ္သက္တဲ့အခါ လို”အပ္” မလို”အပ္” အစရွိတဲ့ လူမႈဝန္းက်င္မွာ ေန႔စဥ္ထိေတြ႕ ႀကဳံေတြ႕ေနရတဲ့ “အပ္” ေပါင္းမ်ားစြာ ေတြပါ။

တစ္ခါတရံ မိမိတို႔မွာ လုပ္အပ္ မလုပ္အပ္ ၊ သြားအပ္မသြားအပ္ စသည္ေတြကို ဆုံးျဖတ္ရ ခက္ခဲေနတတ္ပါတယ္။ အဲဒီလို အခက္အခဲ ႀကဳံလာရင္ တစ္နည္းအားျဖင့္ “အပ္” ေပ်ာက္ေနရင္ ခုနကေျပာတဲ့ “ဆင္” ဆိုတဲ့အရာနဲ႔ ရွာရပါမယ္တဲ့။

“ဆင္” ဆိုတာကလည္း ဆင္ေကာင္ႀကီးကို ဆိုလိုတာ မဟုတ္ပါဘူး။ ( ေယာနိေသာမနသီကာရ) နည္းမွန္လမ္း မွန္သင့္တင့္ေလွ်ာက္ပတ္တဲ့ ေတြးေတာမႈလို႔ ေခၚရမယ့္ (ဆင္ျခင္တုံတရား) ကို ဆိုလိုတာပါ။ “အပ္” ေပ်ာက္ေနရင္ တစ္နည္းအားျဖင့္ မိမိမွာ လုပ္အပ္ မလုပ္အပ္နဲ႔ ၊ ေျပာအပ္ မေျပာအပ္ စသည္ ေဝခြဲရခက္ေနရင္ (ဆင္ျခင္တုံတရား)ေလးနဲ႔စဥ္းစား ဆုံးျဖတ္ပါ။

( ဆင္ျခင္တုံတရား) ကို ျဖစ္ေပၚေစဖို႔ ပံ့ပိုးေပးတဲ့ အဓိက အေၾကာင္းတရားကေတာ့ (သတိနဲ႔ ဉာဏ္ပညာ) ပါ။ အဲဒီတရား ၂ ပါးကသာ မိမိတို႔ရဲ႕ေပ်ာက္ေနတဲ့ “အပ္” ကို ရွာေဖြေပးႏိုင္မွာပါ။ ဒါေၾကာင့္မို႔ ေပ်ာက္ေနတဲ့ “အပ္” ကိုရွာေဖြဖို႔ မိမိတို႔မွာ “ဆင္” ရွိဖို႔လိုပါတယ္။ နည္းမွန္လမ္းမွန္ သမာသမတ္က်က် စဥ္းစားေတြးေခၚ ခ်င့္ခ်ိန္သုံးသပ္ႏိုင္မႈ (အခံ) ရွိရပါမယ္။

အဲဒီ နည္းမွန္လမ္းမွန္ေတြးေခၚ သုံးသပ္ႏိုင္စြမ္းဆိုတဲ့ (အခံ) ကို ရရွိဖို႔ရာမွာမိမိတို႔အေနနဲ႔ (ကလ်ာဏ) မိတ္ေဆြ သူေတာ္ေကာင္းမိတ္ေဆြ ရွိရပါမယ္။ ပညာရွိသူေတာ္ေကာင္း ဆရာမ်ားထံမွာ ေကာင္းျမတ္တဲ့ ေလ့လာသင္ယူမႈေတြ ျပဳလုပ္ရပါမယ္။

အဲဒီလို ေလ့လာသင္ယူႏိုင္ေအာင္လည္း နည္းမွန္ လမ္းမွန္ေတြကို လက္ဆင့္ကမ္းေျပာျပ ေဟာျပႏိုင္တဲ့ သူေတာ္ေကာင္း ပညာရွိေတြကို ေပါင္းေဖာ္ ဆည္းကပ္ရပါမယ္။ ပညာရွိ သူေတာ္ေကာင္းေတြနဲ႔ အေဆြခင္ပြန္းျဖစ္ရတာဟာ မိမိတို႔အတြက္ ပစၥဳပၸါန္ဘဝမွာေရာ တမလြန္ဘဝေတြအထိ ေကာင္းက်ိဳးခ်မ္းသာကို ျဖစ္ေစပါတယ္။

ဒါေၾကာင့္ ျမတ္စြာဘုရားရွင္က ” အေဆြခင္ပြန္းေကာင္း ရွိသူဟာ ျမင့္ျမတ္တဲ့ စ႐ိုက္လကၡဏာ ျမင့္ျမတ္တဲ့ အက်င့္သီလေတြ ျဖစ္ထြန္းေစရန္အတြက္ ၿပီးျပည့္စုံေစတယ္” လို႔ (သဂါထာဝဂၢသံယုတ္ပါဠိကလ်ာဏမိတၱ) သုတ္မွာ ေဟာၾကားေတာ္ မူခဲ့ပါတယ္။

ထို႔ေၾကာင့္ ဓမၼမိတ္ေဆြ သူေတာ္ေကာင္းအေပါင္းတို႔မွာလည္း ေကာင္းမြန္ေသာ ကလ်ာဏမိတၱတို႔ျဖင့္ ေပါင္းမွီဝဲၿပီး တစ္ခါတရံ ေပ်ာက္ေနတတ္တဲ့ မိမိတို႔

“အပ္” ကို “ဆင္” စီးၿပီးရွာေဖြ ေတြ႕ရွိႏိုင္ၾကပါေစလို႔ ေတာင္းဆုပတၳနာ အခါခါ ျပဳလိုက္ပါေၾကာင္း။

Crd