အခုချိန်မှာဒီစာလေးကို ခင်ဗျားတို့ဖတ်မိရင် အချိန်မီကောင်းမီနိုင်ပါသေးရဲ့
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင် . ဒီလောကမှာ မင်းနဲ့သွေးချင်းအရင်းနှီးဆုံး လူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ။ ဒါကြောင့် မိဘတွေရှိတုန်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ…မိဘတွေကို မင်းအတွက် စိတ်မပူပါစေနဲ့။
မိဘတွေ လိုချင်တာက သားသမီးတွေဆီက ပိုက်ဆံတွေထက် သားသမီးတွေရဲ့ အဖော်ပြုပေးမှုပါပဲ။ဘာလို့လဲဆိုတော့ သားသမီးတွေဆိုတာ မိဘတွေရဲ့ နှလုံးသည်းပွတ်ဖြစ်နေလို့ပါပဲ။
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်…ဒီလောကမှာ မင်းကို စိတ်ရင်းစေတနာ နွေးထွေးတဲ့အကြင်နာနဲ့ယုယစွာချစ်မဲ့သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ။
ဘယ်မိဘကမှ သူတို့ရဲ့ အုတ်ဂူရှေ့မှာ သားသမီးတွေ ပူဆွေးနေတာကို ကြည့်ရက်မှာ မဟုတ်ပါဘူး ဒါကြောင့် အချိန်ရပြီဆိုတာနဲ့အိမ်ကိုပြန်ပြီး မိဘတွေနဲ့ တွေ့ပါ…ကိုယ့်အိမ်မဟုတ်တဲ့ စား သောက် ဆိုင် ပျော်ပွဲစားရုံတွေမှာ အချိန်ကုန်နေမဲ့အစား မိဘရဲ့ ရင်ခွင်မှာ ပျော်ရွှင်ပါ….။ဘာလို့လဲဆိုတော့ မိဘတွေဆိုတာ သားသမီးတွေ ပြန်လာမှာကို မျှော်လင့်နေတတ်လို့ပါပဲ….
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်….ဒီလောကမှာ မင်း ထမင်းမစားချင်တဲ့အခါ.. ဂရုတစိုက် ကျွေးမွေးမဲ့သူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ။
ဒါကြောင့်အပြင်မှာ ဘယ်လောက် အလုပ်များများ…အိမ်ပြန်ပြီး မိဘတွေနဲ့အတူတူ ထမင်းလက်ဆုံစားပါ…ဘာလို့လဲဆိုတော့ မိဘတွေမရှိတော့မှ သူတို့နဲ့အတူတူ ထမင်းစားချင်လို့ မရနိုင်တော့လို့ပါပဲ။
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်….ဒီလောကမှာ…မင်းကို နေကောင်းရဲ့လား …အလုပ်အဆင်ပြေရဲ့လား…ပိန်သွားလား..၀ နေလား..ဆိုပြီး ဂရုစိုက်မဲ့သူနှစ်ယောက် မရှိနိုင်တော့ဘူးလို့ နားလည်ပါ။
တကယ်တော့ လူတစ်ယောက်ကို ဂရုစိုက်ရတယ်ဆိုတာ အပင်ပန်းဆုံးပါပဲ…တော်ရုံလူက မင်းကို အမြဲဂရုစိုက်နေဖို့ဆိုတာ မလွယ်ပါဘူး။ဒါကြောင့် မိဘတွေ နေမကောင်းတဲ့အခါ…သူတို့ကို အထူး ဂရုစိုက်ပါ…အဝေးရောက်နေခဲ့ရင်လဲ မိဘတွေနဲ့အမြဲဖုန်းဆက်သွယ်ပါ…ကိုယ့်ရဲ့အခြေအနေကို ပြောပြသလို မိဘတွေရဲ့ကျန်းမာရေးကိုလဲ အလေးထားပါ။ဘာလို့လဲဆိုတော့ သူတို့ နာမကျန်းတဲ့အခါ…အတမ်းတဆုံးက မင်းဆီက မေတ္တာဖြစ်နေလို့ပါပဲ။
တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်….ဒီလောကမှာ မင်းကို အဆုံးအစမရှိ မေတ္တာအနန္တနဲ့ချစ်နိုင်မဲ့ သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ….ဒါကြောင့် မိဘတွေကို စိတ်မထိခိုက်ပါစေနဲ့…မိဘတွေရှိတုန်းမှာ ပျော်ရွှင်မှုများများပေးပါ။
မင်းမှာ အချိန်မရှိဘူးလို့စောဒက မတက်ပါနဲ့…အလုပ်အရမ်းများတယ်လို့ မညည်းတွားပါနဲ့….ကိုယ့်ရဲ့အချိန်တွေကို တခြားသူတွေဆီမှာ အချည်းနှီး အချိန်မကုန်ပါစေနဲ့…မိဘတွေရဲ့ ရင်ထဲမှာ သင့်တစ်ယောက်ပဲ ရှိတယ်ဆိုတာ မှတ်ထားပေးပါ။
သူငယ်ချင်းဆုံးရှုံးသွားရင် ပြန်ရှာလို့ရတယ်…အလုပ်မရှိတော့ရင်…အလုပ်အသစ်ရှာလို့ရတယ်…ယုတ်စွအဆုံး နှလုံးသားတစ်ခုဆုံးရှုံးသွားရင် ပြန်အစားထိုးလို့ရပါတယ်…ဒါပေမဲ့မိဘတွေမရှိတော့ဘူးဆိုရင်တော့ ဘယ်အရာနဲ့မှ အစားထိုးလို့ရမှာ မဟုတ်တော့ပါဘူး။
Credit to KoKoMg
zawgyi
Credit to KoKoMg