ဗဟုသုတ

ချိုင်းမွေးတွေကို ရိတ်စရာမလိုဘဲ သဘာဝအတိုင်း ကျွတ်သွားစေမယ့် နည်းလမ်းကောင်းများ

ချိုင်းမွေးတွေကို ရိတ်စရာမလိုဘဲ သဘာဝအတိုင်း ကျွတ်သွားစေမယ့် နည်းလမ်းကောင်းများ

နွေရာသီက ဂါဝန်လက်ပြတ် ၊ အင်္ကျီလက်ပြတ် ၊ ဘောင်းဘီတို ၊ ဘီကီနီ တို့ဝတ်ရမယ့် အချိန်ပါ … ။

ဒီအဝတ်အစားတွေ လှပေမယ့် ချိုင်း နဲ့ ခြေသလုံးရှိ အမွှေးတွေ ရှင်းနေမှ ကြည့်လို့လှပါတယ်။

အမွှေးရိတ်တယ်ဆိုတာ အသားအရေကို ကြမ်းတမ်းစေတယ် ၊ ပြန်ပေါက်လာတဲ့ အမွှေးတွေက ကြမ်းလာတယ် ၊ အချိန်ခဏလေးနဲ့ ပြန်ပေါက်လာတယ်။

ဒါကြောင့် မွှေးရိတ်တံနဲ့ ရိတ်စရာမလိုဘဲ သဘာဝနည်းတွေကို သုံးပြီး အမွှေးချွတ်ပေးနိုင်မယ့် နည်းလမ်း (၃)မျိုးကို မျှဝေပေးလိုက်ပါတယ်။

(၁) သကြားနဲ့ သံပရိုရည်

သကြား နဲ့ သံပရိုရည် ရောထားတဲ့အနှစ်ကတော့ မလိုချင်တဲ့ အမွှေးတွေကို ချွတ်ပေးနိုင်ပါတယ်။

၎င်းအနှစ်က အမွှေးတွေကို လွယ်လွယ်ချွတ်ပေးနိုင်ပြီး တော်တော်ကြာတဲ့အထိ ပြန်မပေါက်ပါဘူး။

ပါဝင်ပစ္စည်းများ – သကြား (တစ်ခွက်) ၊ ပျားရည် (ခွက်ရဲ့ လေးပုံတစ်ပုံ) ၊ သံပရိုရည် (စားပွဲတင်ဇွန်း ၂ဇွန်း) ။

– ပါဝင်ပစ္စည်းများကို ဇလုံထဲ ထည့်ပေးပြီး ပျစ်လာအောင်မွေပေးပါ။

– ပြီးရင် (၂)မိနစ်လောက် အပူပေးပေးပါ။

– အအေးခံပြီးရင် သုံးနိုင်ပါတယ်။

(၂) ကြက်ဥ အကာ နဲ့ cornstarch

ချိုင်းကြားရှိ အမွှေးတွေကို ချွတ်ဖို့အတွက်က ဆားဝက်ခြံကို ပျောက်အောင်လုပ်ဖို့ထက်တောင် ပိုလွယ်ပါတယ်။

ပါဝင်ပစ္စည်းများ – ကြက်ဥ (၁လုံး) ၊ cornstarch (စားပွဲတင်ဇွန်းတစ်ဝက်) ၊ သကြား (စားပွဲတင်ဇွန်း ၁ ဇွန်း)။

– ကြက်ဥကို အကာ နဲ့ အနှစ်ခွဲပေးပါ။

– ကြက်ဥအကာ ကိုယူပြီး ပါဝင်ပစ္စည်းများအားလုံကိုရောပေးပါ။

– မလိုချင်တဲ့ အမွှေးပေါ် လိမ်းပေးပြီး ခြောက်အောင်ထားပေးပါ။

– ခြောက်သွားမှ ဆွဲချွတ်ပေးပါ။

(၃) Baking soda နဲ့ နနွင်း

ပါဝင်ပစ္စည်းများ – နနွင်း (စားပွဲတင်ဇွန်း ၁ ဇွန်း ) ၊ baking soda (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ ရေ ။

– နနွင်း နဲ့ baking soda ကိုရောနေချိန်မှာ ရေထည့်ရောပြီး မွှေပေးပါ။

– အနှစ်ပြစ်လာရင် ချိုင့်ပေါ်မှာ လိမ်းပေးပြီး အခြောက်ခံပေးပါ။

– လက်နဲ့ ပွတ်သပ်ပေးပြီး ရေနဲ့ဆေးပေးပါ။