အခုတစ်ခါဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာတွေထဲကမှ မြွေအရှင်တွေကို အစိမ်းလိုက်စားပြတဲ့ လူတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။
သူ့ရဲ့နာမည်ကတော့ စူတာရီနာရက်ဆိုသူဖြစ်ပြီး အိန္ဒိယနိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။ ကလေးသုံးယောက်ဖခင်ဖြစ်တဲ့ နာရက်ဟာ အရင်ကတော့ သာမန် လယ်အလုပ်ပဲ လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ မြွေတွေကို အရှင်စားပြနေတာကြောင့် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးလာခဲ့ပါတယ်။ နာရက်ဟာ မြွေအရှင်တွေကို အခုမှ စားပြနေတာမဟုတ်ပဲ သူငယ်စဉ်ကတည်းက သူငယ်ချင်းတေွနဲ့ စိန်ခေါ်ခဲ့ရာမှ စပြီး စားပြလာခဲ့ရာကနေ စတင်လာခဲ့တယ်လို့လည်း သိရပါတယ်။
အခုဆိုရင် နာရက်ဟာ မြွေအရှင်တွေကို စားပြနေတာကြောင့် သူ့မြို့လေးမှာ နာမည်ကြီးလာခဲ့ပြီး ရှိုးတစ်ခုအဖြစ် ပြစားလာရသည်အထိ ဖြစ်လာခဲ့တာကြောင့် အပိုဝင်ငွေတွေလည်း ရရှိနေခဲ့ပါတယ်။
မြွေသားတွေကို နောက်ပိုင်းမှာ နိုင်ငံတော်တော်များများ စားသုံးနေကြပြီး အထူးသဖြင့် တရုတ်နိုင်ငံမှာ မြွေသားကို ကျန်းမာရေးအတွက် စားသုံးကြသူ များပြားလာကြပါတယ်။ မြွေသားကို အမျိုးမျိုး ချက်ပြုတ်စားသောက်ကြကာ မြွေဈေးဆိုပြီး သီးသန့်ဖွင့်ထားတာတောင် ရှိပါသေးတယ်။
အောက်မှာဆိုရင်တော့ အသည်းငယ်သူတွေ မကြည်သင့်တဲ့ နာရက်ရဲ့ မြွေစားပြတဲ့ Video ကို ဖော်ပြလိုက်ပါတယ်။
Zawgyi
အခုတစ္ခါေဖာ္ျပေပးခ်င္တဲ့ အေၾကာင္းအရာေလးကေတာ့ ကမာၻတစ္ဝွမ္းမွာျဖစ္ေပၚေနတဲ့ ထူးထူးဆန္းဆန္းအေၾကာင္းအရာေတြထဲကမွ ေႁမြအရွင္ေတြကို အစိမ္းလိုက္စားျပတဲ့ လူတစ္ဦးအေၾကာင္းပဲ ျဖစ္ပါတယ္။
သူ႔ရဲ႕နာမည္ကေတာ့ စူတာရီနာရက္ဆိုသူျဖစ္ၿပီး အိႏၵိယႏိုင္ငံသားတစ္ဦး ျဖစ္ပါတယ္။ ကေလးသုံးေယာက္ဖခင္ျဖစ္တဲ့ နာရက္ဟာ အရင္ကေတာ့ သာမန္ လယ္အလုပ္ပဲ လုပ္ကိုင္ေနခဲ့တာ ျဖစ္ပါတယ္။
ေနာက္ပိုင္းမွာေတာ့ ေႁမြေတြကို အရွင္စားျပေနတာေၾကာင့္ လူမႈကြန္ယက္ေပၚမွာ နာမည္ႀကီးလာခဲ့ပါတယ္။ နာရက္ဟာ ေႁမြအရွင္ေတြကို အခုမွ စားျပေနတာမဟုတ္ပဲ သူငယ္စဥ္ကတည္းက သူငယ္ခ်င္းေတြနဲ႔ စိန္ေခၚခဲ့ရာမွ စၿပီး စားျပလာခဲ့ရာကေန စတင္လာခဲ့တယ္လို႔လည္း သိရပါတယ္။
အခုဆိုရင္ နာရက္ဟာ ေႁမြအရွင္ေတြကို စားျပေနတာေၾကာင့္ သူ႔ၿမိဳ႕ေလးမွာ နာမည္ႀကီးလာခဲ့ၿပီး ရႈိးတစ္ခုအျဖစ္ ျပစားလာရသည္အထိ ျဖစ္လာခဲ့တာေၾကာင့္ အပိုဝင္ေငြေတြလည္း ရရွိေနခဲ့ပါတယ္။
ေႁမြသားေတြကို ေနာက္ပိုင္းမွာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ား စားသုံးေနၾကၿပီး အထူးသျဖင့္ တ႐ုတ္ႏိုင္ငံမွာ ေႁမြသားကို က်န္းမာေရးအတြက္ စားသုံးၾကသူ မ်ားျပားလာၾကပါတယ္။ ေႁမြသားကို အမ်ိဳးမ်ိဳး ခ်က္ျပဳတ္စားေသာက္ၾကကာ ေႁမြေဈးဆိုၿပီး သီးသန႔္ဖြင့္ထားတာေတာင္ ရွိပါေသးတယ္။
ေအာက္မွာဆိုရင္ေတာ့ အသည္းငယ္သူေတြ မၾကည္သင့္တဲ့ နာရက္ရဲ႕ ေႁမြစားျပတဲ့ Video ကို ေဖာ္ျပလိုက္ပါတယ္။