ကျန်းမာရေး

ေဆာင္းတြင္းပိုင္း မွာ ဂ႐ုစိုက္ သင့္တဲ့ ေရာဂါမ်ား

ေဆာင္းတြင္းပိုင္း မွာ ဂ႐ုစိုက္ သင့္တဲ့ ေရာဂါမ်ား

ေဆာင္းတြင္းပိုင္း မွာ ဂ႐ုစိုက္ သင့္တဲ့ ေရာဂါမ်ား

၁ ။ ႏွလုံးေရာဂါ

ႏွလုံးေရာဂါဟာ ေဆာင္းတြင္းမွာ ပိုအျဖစ္မ်ားတယ္ ဆိုတာကို လူအမ်ားစုက မသိၾကပါဘူး ။

ေအးတဲ့ အခ်ိန္မွာ ေသြးလႊတ္ေၾကာေတြဟာ က်ဳံ႕သြားၿပီး ႏွလုံးကေန ေသြးေတြ စုပ္ထုတ္ရာမွာ အခက္အခဲ ျဖစ္ေစပါတယ္ ။

ကိုယ့္မွာ နဂိုတည္းက ႏွလုံးေရာဂါ အခံလည္း ရွိတယ္ဆိုရင္ ေဆာင္းတြင္း မနက္ေစာေစာ လမ္းထ ေလွ်ာက္မယ္ဆိုရင္ ေနစ ထြက္ခ်ိန္မွ ေလွ်ာက္တာ ပိုမို သင့္ေလ်ာ္ၿပီး၊ မနက္စာကိုလည္း တနင့္တပိုး မစားသင့္ ပါဘူး ။

ေနာက္ၿပီး ေဆာင္းတြင္းမွာ ညစာ ကိုလည္း ေလွ်ာ့စားတာက ႏွလုံးေရာဂါ အႏၲရာယ္ကို အတိုင္းအတာ တစ္ခုထိ ကာကြယ္ႏိုင္ပါတယ္ ။

၂ ။ ရင္ၾကပ္ေရာဂါ

တစ္ကယ္လို႔ သင္ဟာ ပန္းနာရင္ၾကပ္သမား တစ္ဦးဆိုရင္ ေဆာင္းတြင္းမွာ ပိုဂ႐ုစိုက္သင့္ပါတယ္ ။

ေအးျမၿပီး ေျခာက္ေသြ႕တဲ့ေလဟာ အသက္ရႈလမ္းေၾကာင္းကို ပိုမိုတင္းၾကပ္ေစၿပီး အသက္ရႈရ ခက္ခဲေစပါတယ္ ။

အိမ္မွာမီးခိုးေငြ႕လို ရင္ၾကပ္ေစတဲ့ အရာေတြကို ဂ႐ုတစိုက္ ေရွာင္ရွားသင့္ၿပီး၊ အိပ္ယာခင္းမ်ား တစ္ပတ္တစ္ခါလဲျခင္းျဖင့္ ရင္ၾကပ္ေရာဂါကို ကာကြယ္ႏိုင္ပါတယ္ ။

၃ ။ အေရျပား ယားယံျခင္း

စိုထိုင္းမႈနည္းၿပီး အပူခ်ိန္နည္းျခင္းဟာ အေရျပားကို ယားယံေစပါတယ္ ။

ဆီမ်ားတဲ့ လမ္းေဘးစာေတြ စားျခင္းကို ေရွာင္ရွားျခင္းျဖင့္ အေရျပား ယားယံျခင္းကို ကာကြယ္ႏိုင္ပါတယ္ ။

ေရေႏြးၾကမ္း ပူပူေလးကို ထန္းလ်က္ခဲနဲ႔ စားျခင္း၊ အေရျပားမွာ သံလြင္ဆီ လိမ္းထားျခင္းတို႔နဲ႔လည္း အေရျပားယားယံျခင္းကို ကာကြယ္ တားဆီးႏိုင္ပါတယ္ ။

၄ ။ အ႐ိုးအဆစ္ ကိုက္ခဲျခင္း

အ႐ိုးအဆစ္ ကိုက္ခဲျခင္းဟာလည္း ေဆာင္းတြင္းမွာ ျဖစ္ပြားတတ္တဲ့ ေရာဂါတစ္မ်ိဳးပါပဲ ။

အဝတ္အထည္ ႏွစ္ထပ္ ဝတ္ၿပီး ေႏြးေႏြးေထြးေထြးေနျခင္း ၊ ေသြးပူေအာင္ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းလုပ္ျခင္းတို႔နဲ႔ အ႐ိုးအဆစ္ ကိုက္ခဲျခင္းကို ကာကြယ္ႏိုင္ပါတယ္ ။

ေနေရာင္ျခည္ေႏြးေႏြးေအာက္မွာ ေနပူစာ လႈံျခင္းဟာလည္း အေကာင္းဆုံး နည္းလမ္းတစ္ခုပါပဲ ။

၅ ။ ႏွာပိတ္ျခင္း

ေခ်ာင္းဆိုးျခင္း၊ ေခါင္းကိုက္ျခင္း၊ ႏွာပိတ္ျခင္းတို႔ဟာလည္း ေဆာင္းတြင္းမွာ အျဖစ္မ်ားတာမို႔ သတိထားသင့္ပါတယ္ ။

ေလဝင္ေလထြက္ မေကာင္းရင္လည္း ႏွာပိတ္တတ္ပါတယ္ ။

ႏွာပိတ္ျခင္းကို လုံေလာက္စြာ အနားယူျခင္း၊ က်န္းမာေရးနဲ႔ ကိုက္ညီတဲ့ အစားအေသာက္ေတြကို စားသုံးေပးျခင္း၊ အရည္မ်ားမ်ားေသာက္ျခင္း၊ အေအးမမိေအာင္ ေနျခင္းတို႔ျဖင့္ ကာကြယ္ႏိုင္ပါတယ္ ။

ကုသမႈအပိုင္းကေတာ့ ဂ်င္းျပဳတ္ရည္ ေသာက္ေပးတာတို႔၊ သစ္ႀကံပိုးေခါက္မႈန႔္ ထည့္ထားတဲ့ လက္ဖက္ရည္ေသာက္ေပးတာတို႔နဲ႔ ကုသေပးႏိုင္ပါတယ္ ။

Credit to writer

ေမတၱာျဖင့္ မွ်ေဝပါသည္ ။

Unicode

ဆောင်းတွင်းပိုင်း မှာ ဂရုစိုက် သင့်တဲ့ ရောဂါများ

၁ ။ နှလုံးရောဂါ

နှလုံးရောဂါဟာ ဆောင်းတွင်းမှာ ပိုအဖြစ်များတယ် ဆိုတာကို လူအများစုက မသိကြပါဘူး ။

အေးတဲ့ အချိန်မှာ သွေးလွှတ်ကြောတွေဟာ ကျုံ့သွားပြီး နှလုံးကနေ သွေးတွေ စုပ်ထုတ်ရာမှာ အခက်အခဲ ဖြစ်စေပါတယ် ။

ကိုယ့်မှာ နဂိုတည်းက နှလုံးရောဂါ အခံလည်း ရှိတယ်ဆိုရင် ဆောင်းတွင်း မနက်စောစော လမ်းထ လျှောက်မယ်ဆိုရင် နေစ ထွက်ချိန်မှ လျှောက်တာ ပိုမို သင့်လျော်ပြီး၊ မနက်စာကိုလည်း တနင့်တပိုး မစားသင့် ပါဘူး ။

နောက်ပြီး ဆောင်းတွင်းမှာ ညစာ ကိုလည်း လျှော့စားတာက နှလုံးရောဂါ အန္တရာယ်ကို အတိုင်းအတာ တစ်ခုထိ ကာကွယ်နိုင်ပါတယ် ။

၂ ။ ရင်ကြပ်ရောဂါ

တစ်ကယ်လို့ သင်ဟာ ပန်းနာရင်ကြပ်သမား တစ်ဦးဆိုရင် ဆောင်းတွင်းမှာ ပိုဂရုစိုက်သင့်ပါတယ် ။

အေးမြပြီး ခြောက်သွေ့တဲ့လေဟာ အသက်ရှုလမ်းကြောင်းကို ပိုမိုတင်းကြပ်စေပြီး အသက်ရှုရ ခက်ခဲစေပါတယ် ။

အိမ်မှာမီးခိုးငွေ့လို ရင်ကြပ်စေတဲ့ အရာတွေကို ဂရုတစိုက် ရှောင်ရှားသင့်ပြီး၊ အိပ်ယာခင်းများ တစ်ပတ်တစ်ခါလဲခြင်းဖြင့် ရင်ကြပ်ရောဂါကို ကာကွယ်နိုင်ပါတယ် ။

၃ ။ အရေပြား ယားယံခြင်း

စိုထိုင်းမှုနည်းပြီး အပူချိန်နည်းခြင်းဟာ အရေပြားကို ယားယံစေပါတယ် ။

ဆီများတဲ့ လမ်းဘေးစာတွေ စားခြင်းကို ရှောင်ရှားခြင်းဖြင့် အရေပြား ယားယံခြင်းကို ကာကွယ်နိုင်ပါတယ် ။

ရေနွေးကြမ်း ပူပူလေးကို ထန်းလျက်ခဲနဲ့ စားခြင်း၊ အရေပြားမှာ သံလွင်ဆီ လိမ်းထားခြင်းတို့နဲ့လည်း အရေပြားယားယံခြင်းကို ကာကွယ် တားဆီးနိုင်ပါတယ် ။

၄ ။ အရိုးအဆစ် ကိုက်ခဲခြင်း

အရိုးအဆစ် ကိုက်ခဲခြင်းဟာလည်း ဆောင်းတွင်းမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးပါပဲ ။

အဝတ်အထည် နှစ်ထပ် ဝတ်ပြီး နွေးနွေးထွေးထွေးနေခြင်း ၊ သွေးပူအောင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့ အရိုးအဆစ် ကိုက်ခဲခြင်းကို ကာကွယ်နိုင်ပါတယ် ။

နေရောင်ခြည်နွေးနွေးအောက်မှာ နေပူစာ လှုံခြင်းဟာလည်း အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ ။

၅ ။ နှာပိတ်ခြင်း

ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာပိတ်ခြင်းတို့ဟာလည်း ဆောင်းတွင်းမှာ အဖြစ်များတာမို့ သတိထားသင့်ပါတယ် ။

လေဝင်လေထွက် မကောင်းရင်လည်း နှာပိတ်တတ်ပါတယ် ။

နှာပိတ်ခြင်းကို လုံလောက်စွာ အနားယူခြင်း၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို စားသုံးပေးခြင်း၊ အရည်များများသောက်ခြင်း၊ အအေးမမိအောင် နေခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ် ။

ကုသမှုအပိုင်းကတော့ ဂျင်းပြုတ်ရည် သောက်ပေးတာတို့၊ သစ်ကြံပိုးခေါက်မှုန့် ထည့်ထားတဲ့ လက်ဖက်ရည်သောက်ပေးတာတို့နဲ့ ကုသပေးနိုင်ပါတယ် ။

Credit to writer

မေတ္တာဖြင့် မျှဝေပါသည် ။