ဗဟုသုတ

“ မ ေက်ာ္ သင့္ ေသာ စည္း က ေလး မ်ား ”

“ မ ေက်ာ္ သင့္ ေသာ စည္း က ေလး မ်ား ”

“ မ ေက်ာ္ သင့္ ေသာ စည္း က ေလး မ်ား ”

လူ တစ္ ေယာက္ နဲ႔ တစ္ ေယာက္ ၾကား မွာ စည္း ေလး တစ္ ခု ေတာ့ ထား ေပး ပါ သူ ငယ္ ခ်င္း ပဲ ျဖစ္ ျဖစ္ ခ်စ္ သူ ခ်င္း ပဲ ျဖစ္ ျဖစ္ေမာင္ ႏွ မ ၾကား မွာ ပဲ ျဖစ္ ျဖစ္ ေနာက္ ဆုံး မိ ဘ နဲ႔ သား သ မီး ၾကား မွာ ေတာင္ စည္း ေလး တစ္ ခု ရွိ ရ ပါ မယ္

လို တာ ထက္ ပို မ ဝင္ မိ ေစ ဖို႔…သူ႔ ရဲ႕ကိုယ္ ပိုင္ ဆုံး ျဖတ္ ခ်က္ ကိုယ္ ပိုင္ ခံ ယူ ခ်က္ သူ႔ ရဲ႕လြတ္ လပ္ ခြင့္ သူ႔ ရဲ႕ရည္ မွန္း ခ်က္ သူ႔ ရဲ႕ျပင္လို႔ မ ရ တဲ့ ဗီ ဇ နဲ႔ စ ႐ိုက္ ေတြ အ တြက္ ကိုယ္ က ဝင္ ေရာက္ သင့္ တဲ့ အ တိုင္း အ တာ ထက္ ပို ၿပီး မ ဝင္ မိ ေစ ဖို႔….

ေမး သင့္ ေမး ထိုက္ တာ ထက္ ေျပာ သင့္ ေျပာ ထိုက္ တာ ထက္ ပို ၿပီး ေဘာင္ ေတြ မ ေက်ာ္ ဖို႔ အ တြက္ စည္း တစ္ ခု ထား ကို ထား ရ ပါမယ္ …

အ ရမ္း ခ်စ္ ၾက တဲ့ သူ ေတြ ဘာ လို႔ မုန္း သြား ၾက သ လဲ ? အ ရမ္း ခင္ ၾက တဲ့ မိတ္ ေဆြ ေတြ က ဘာ လို႔ အ မုန္း ဆုံး ရန္ သူ ေတြ ျဖစ္ သြားၾက သ လဲ ?

အ ရင္ က အ ရမ္း အ ဖြဲ႕ က် စား အ တူ သြား အ တူ ေပ်ာ္ ခဲ့ ၾက တဲ့ BFF ေတြ ဘာ လို႔ ခပ္ တန္း တန္း ေတြ ျဖစ္ ကုန္ ၾက သ လဲ ?

ဘာ လို႔ တစ္ ေယာက္ နဲ႔ တစ္ ေယာက္ အ ထင္ မ ႀကီး မ ေလး စား ၾက ေတာ့ တာ လဲ… ?

ျပ ႆ နာ အ မ်ား စု ရဲ႕ အ ေျဖ က ေတာ့ လို တာ ထက္ ပို ၿပီး စည္း ေတြ ေက်ာ္ ေဘာင္ ေတြ နင္း ခဲ့ ၾက လို႔ ပါ …

အ ရမ္း ခင္ အ ရမ္း ခ်စ္ ေန ၾက ဆဲ ကာ လ မွာ ေတာ့ အ ယုံ ၾကည္ ရ ဆုံး လို႔ ထင္ မိ ၿပီး မိ မိ ဘ ဝ အ ေၾကာင္း မိ မိ စိတ္ ဓာတ္ အ ေၾကာင္း မိ မိ ရဲ႕ မိ သား စု အ ေၾကာင္း အိတ္ သြန္ ဖာ ေမွာက္ေျပာ ျပ ၾက သ လို မိ မိ က လည္း သူ တ ပါး ရဲ႕အ တြင္း ေရး ေတြ ကို အ ႀကံျပဳ ေဝ ဖန္ ဆုံး ျဖတ္ ၾက ပါ တယ္….

အဆင္ေျပေနတုန္းေတာ့ အဆင္ေျပေနတာေပါ့ အဲဒီကတစ္ဆင့္ တက္ သူ႔ရဲ႕ဘဝ ကိုယ့္ရဲ႕ဘဝ သူ႔ရဲ႕အတြင္းေရး ကိုယ့္ရဲ႕အတြင္းေရးထိ ဝင္ေရာက္လာၾကတယ္

စည္းလြတ္ ဝါးလြတ္ေတြေျပာလာ ၾကတယ္ ကိုယ့္အေတြး ကိုယ့္အျမင္ေတြကိုသူက လက္မခံတဲ့အခါ ရန္ေတြျဖစ္လာၾကတယ္..

သူ႔ရဲ႕စည္းလြတ္ေဘာင္လြတ္ နယ္ခ်ဲ႕ၿပီး မိမိအတြင္းေရး အထိ ပါဝင္လာတာကိုလည္း ကိုယ္တိုင္က အရင္လို မႏွစ္သက္ႏိုင္ေတာ့ ပါဘူး အဲဒီ အခါမွာေတာ့

သူ႔အေပၚကိုယ္ျမင္ခဲ့တဲ့ ကိုယ္အထင္ႀကီးခဲ့တဲ့ အားသာခ်က္ေတြ အျပင္ ကိုယ္လက္ခံလို႔ မရတဲ့ ကိုယ္မႀကိဳက္ႏွစ္သက္တဲ့ သူ႔ရဲ႕ character ေတြပါသိလာရတဲ့အခ်ိန္မွာ စည္းေတြေတာ္ေတာ္ေက်ာ္ေနပါၿပီ

အေကာင္းျမင္တာေတြ ေမွးမွိန္ၿပီး မေကာင္းျမင္ခ်က္ေတြ အားသာလာတဲ့အခ်ိန္မွာေတာ့ လူႏွစ္ဦးရဲ႕ဆက္ဆံေရးဟာ အရင္ကလို မေႏြးေထြးႏိုင္ေတာ့ပါဘူး

သူကငါထင္သလို မဟုတ္ဘူး ဆိုတာေတြသူက မိတ္ေဆြေကာင္း မဟုတ္ဘူး ဆိုတာေတြ ေတြးမိလာၾကပါတယ္ တကယ္ေတာ့ လူတိုင္းရဲ႕အတြင္းစိတ္မွာ weak point ေတြရွိေနပါတယ္ မရင့္က်က္မႈေတြရွိတယ္ မျပည့္ဝတာေတြလည္း ရွိေနပါတယ္

အေပၚယံကသာ လူေတြနဲ႔အဆင္ေျပဖို႔ လူအထင္ႀကီးဖို႔ ႐ုပ္ဝတၳဳပစၥည္းေတြ အၿပဳံးတုေတြနဲ႔ ဖုံးကြယ္ထားၾကတာပါ ခက္တာက လူေတြက ကိုယ္တိုင္သာေကာင္းေအာင္ မေနႏိုင္ၾကတယ္သူမ်ားကိုေတာ့ေကာင္းတဲ့ အရာကို ပဲျမင္ခ်င္ၾကတာမ်ိဳး ႀကဳံခ်င္ၾကတာမ်ိဳးပါ

ဒါ့ေၾကာင့္ သူတပါးရဲ႕ weak point ေတြနဲ႔ ႀကဳံေတြ႕ရတဲ့အခါ စည္းလြတ္ဝါးလြတ္ေတြ ေျပာဆိုၾက ျပင္ဖို႔ ႀကိဳးစားၾကမရတဲ့အခါ ေလွာင္ေျပာင္ရႉံ႔ခ်ၾက ကဲ့ရဲ႕အတင္းေျပာၾကရင္း စိုေသာလက္ေတြ ေျခာက္လာၾကတာ ႀကဳံဖူးၾကမွာပါ

ဒါ့ေၾကာင့္ လူႏွစ္ဦးအေနနဲ႔ လူတစ္စုအေနနဲ႔ ေရရွည္လက္တြဲသြားဖို႔ ရည္႐ြယ္တယ္ဆိုရင္….ေနသင့္တဲ့ ေနရာမွာပဲေနပါမေမးသင့္တဲ့ အရာေတြကို မေမးပါနဲ႔မသိသင့္တဲ့ အေၾကာင္းေတြကို မသိခ်င္ပါနဲ႔

သူ႔ရည္မွန္းခ်က္ေတြ သူ႔ခံယူခ်က္ေတြ သူ႔မွာ မူလထဲကရွိေနတဲ့ စ႐ိုက္ေတြ ဗီဇေတြကို သင့္အျမင္ သင့္ခံစားခ်က္တစ္ခု ထဲနဲ႔ ျပဳျပင္ဖို႔မႀကိဳးစားပါနဲ႔ကိစၥတစ္ခု ျပႆနာတစ္ခုကိုသင္နဲ႔ထပ္တူက်ဖို႔ ဘယ္ေတာ့မွ အတင္းအၾကပ္မႀကိဳးစားပါနဲ႔

ေကာင္းဖို႔အတြက္ ေစတနာနဲ႔ေျပာတာရယ္ ဝင္ေရာက္စြတ္ဖက္တာရယ္က မတူဘူးဆိုတာ သိပါ…မိတ္ေဆြေကာင္းဆိုတာ ႐ိုးသားရပါမယ္ ဒါ့အျပင္ အကင္းလဲပါးရပါမယ္

သူ႔စည္းကိုယ့္စည္း ၂ခုစလုံးကိုမေျပာဘဲနဲ႔ အလိုလို နားလည္ရပါမယ္…လူႏွစ္ေယာက္ဟာ လူတစ္စုဟာ ဘယ္ေသာအခါမွ အရာရာအတြက္ထပ္တူက်ႏိုင္မယ္မဟုတ္ဘူးဆိုတာလည္း သိရပါမယ္

ေကာင္းတာေတြကို လက္ခံႏိုင္သလိုမေကာင္းတာေတြ အတြက္လည္းစည္းမေက်ာ္ေစဘဲ လက္ခံေပးႏိုင္မွသာဘယ္သူနဲ႔မဆို လက္တြဲႏိုင္မယ္ ဆိုတာလည္း သိရပါမယ္….

ဒါ့ေၾကာင့္မခ်စ္ခင္က မမုန္းဖို႔အတြက္ႀကိဳတင္ ျပင္ဆင္ထားလို႔ရပါတယ္ စည္းကေလးေတြ မနင္းမိေအာင္ေပါ့….ေဘာင္ကေလးေတြ မေက်ာ္မိေအာင္ေပါ့…

Credit Original Writer.

Unicode

“ မ ကျော် သင့် သော စည်း က လေး များ ”

လူ တစ် ယောက် နဲ့ တစ် ယောက် ကြား မှာ စည်း လေး တစ် ခု တော့ ထား ပေး ပါ သူ ငယ် ချင်း ပဲ ဖြစ် ဖြစ် ချစ် သူ ချင်း ပဲ ဖြစ် ဖြစ်မောင် နှ မ ကြား မှာ ပဲ ဖြစ် ဖြစ် နောက် ဆုံး မိ ဘ နဲ့ သား သ မီး ကြား မှာ တောင် စည်း လေး တစ် ခု ရှိ ရ ပါ မယ်

လို တာ ထက် ပို မ ဝင် မိ စေ ဖို့…သူ့ ရဲ့ကိုယ် ပိုင် ဆုံး ဖြတ် ချက် ကိုယ် ပိုင် ခံ ယူ ချက် သူ့ ရဲ့လွတ် လပ် ခွင့် သူ့ ရဲ့ရည် မှန်း ချက် သူ့ ရဲ့ပြင်လို့ မ ရ တဲ့ ဗီ ဇ နဲ့ စ ရိုက် တွေ အ တွက် ကိုယ် က ဝင် ရောက် သင့် တဲ့ အ တိုင်း အ တာ ထက် ပို ပြီး မ ဝင် မိ စေ ဖို့….

မေး သင့် မေး ထိုက် တာ ထက် ပြော သင့် ပြော ထိုက် တာ ထက် ပို ပြီး ဘောင် တွေ မ ကျော် ဖို့ အ တွက် စည်း တစ် ခု ထား ကို ထား ရ ပါမယ် …

အ ရမ်း ချစ် ကြ တဲ့ သူ တွေ ဘာ လို့ မုန်း သွား ကြ သ လဲ ? အ ရမ်း ခင် ကြ တဲ့ မိတ် ဆွေ တွေ က ဘာ လို့ အ မုန်း ဆုံး ရန် သူ တွေ ဖြစ် သွားကြ သ လဲ ?

အ ရင် က အ ရမ်း အ ဖွဲ့ ကျ စား အ တူ သွား အ တူ ပျော် ခဲ့ ကြ တဲ့ BFF တွေ ဘာ လို့ ခပ် တန်း တန်း တွေ ဖြစ် ကုန် ကြ သ လဲ ?

ဘာ လို့ တစ် ယောက် နဲ့ တစ် ယောက် အ ထင် မ ကြီး မ လေး စား ကြ တော့ တာ လဲ… ?

ပြ ဿ နာ အ များ စု ရဲ့ အ ဖြေ က တော့ လို တာ ထက် ပို ပြီး စည်း တွေ ကျော် ဘောင် တွေ နင်း ခဲ့ ကြ လို့ ပါ …

အ ရမ်း ခင် အ ရမ်း ချစ် နေ ကြ ဆဲ ကာ လ မှာ တော့ အ ယုံ ကြည် ရ ဆုံး လို့ ထင် မိ ပြီး မိ မိ ဘ ဝ အ ကြောင်း မိ မိ စိတ် ဓာတ် အ ကြောင်း မိ မိ ရဲ့ မိ သား စု အ ကြောင်း အိတ် သွန် ဖာ မှောက်ပြော ပြ ကြ သ လို မိ မိ က လည်း သူ တ ပါး ရဲ့အ တွင်း ရေး တွေ ကို အ ကြံပြု ဝေ ဖန် ဆုံး ဖြတ် ကြ ပါ တယ်….

အဆင်ပြေနေတုန်းတော့ အဆင်ပြေနေတာပေါ့ အဲဒီကတစ်ဆင့် တက် သူ့ရဲ့ဘဝ ကိုယ့်ရဲ့ဘဝ သူ့ရဲ့အတွင်းရေး ကိုယ့်ရဲ့အတွင်းရေးထိ ဝင်ရောက်လာကြတယ်

စည်းလွတ် ဝါးလွတ်တွေပြောလာ ကြတယ် ကိုယ့်အတွေး ကိုယ့်အမြင်တွေကိုသူက လက်မခံတဲ့အခါ ရန်တွေဖြစ်လာကြတယ်..

သူ့ရဲ့စည်းလွတ်ဘောင်လွတ် နယ်ချဲ့ပြီး မိမိအတွင်းရေး အထိ ပါဝင်လာတာကိုလည်း ကိုယ်တိုင်က အရင်လို မနှစ်သက်နိုင်တော့ ပါဘူး အဲဒီ အခါမှာတော့

သူ့အပေါ်ကိုယ်မြင်ခဲ့တဲ့ ကိုယ်အထင်ကြီးခဲ့တဲ့ အားသာချက်တွေ အပြင် ကိုယ်လက်ခံလို့ မရတဲ့ ကိုယ်မကြိုက်နှစ်သက်တဲ့ သူ့ရဲ့ character တွေပါသိလာရတဲ့အချိန်မှာ စည်းတွေတော်တော်ကျော်နေပါပြီ

အကောင်းမြင်တာတွေ မှေးမှိန်ပြီး မကောင်းမြင်ချက်တွေ အားသာလာတဲ့အချိန်မှာတော့ လူနှစ်ဦးရဲ့ဆက်ဆံရေးဟာ အရင်ကလို မနွေးထွေးနိုင်တော့ပါဘူး

သူကငါထင်သလို မဟုတ်ဘူး ဆိုတာတွေသူက မိတ်ဆွေကောင်း မဟုတ်ဘူး ဆိုတာတွေ တွေးမိလာကြပါတယ် တကယ်တော့ လူတိုင်းရဲ့အတွင်းစိတ်မှာ weak point တွေရှိနေပါတယ် မရင့်ကျက်မှုတွေရှိတယ် မပြည့်ဝတာတွေလည်း ရှိနေပါတယ်

အပေါ်ယံကသာ လူတွေနဲ့အဆင်ပြေဖို့ လူအထင်ကြီးဖို့ ရုပ်ဝတ္ထုပစ္စည်းတွေ အပြုံးတုတွေနဲ့ ဖုံးကွယ်ထားကြတာပါ ခက်တာက လူတွေက ကိုယ်တိုင်သာကောင်းအောင် မနေနိုင်ကြတယ်သူများကိုတော့ကောင်းတဲ့ အရာကို ပဲမြင်ချင်ကြတာမျိုး ကြုံချင်ကြတာမျိုးပါ

ဒါ့ကြောင့် သူတပါးရဲ့ weak point တွေနဲ့ ကြုံတွေ့ရတဲ့အခါ စည်းလွတ်ဝါးလွတ်တွေ ပြောဆိုကြ ပြင်ဖို့ ကြိုးစားကြမရတဲ့အခါ လှောင်ပြောင်ရှူံ့ချကြ ကဲ့ရဲ့အတင်းပြောကြရင်း စိုသောလက်တွေ ခြောက်လာကြတာ ကြုံဖူးကြမှာပါ

ဒါ့ကြောင့် လူနှစ်ဦးအနေနဲ့ လူတစ်စုအနေနဲ့ ရေရှည်လက်တွဲသွားဖို့ ရည်ရွယ်တယ်ဆိုရင်….နေသင့်တဲ့ နေရာမှာပဲနေပါမမေးသင့်တဲ့ အရာတွေကို မမေးပါနဲ့မသိသင့်တဲ့ အကြောင်းတွေကို မသိချင်ပါနဲ့

သူ့ရည်မှန်းချက်တွေ သူ့ခံယူချက်တွေ သူ့မှာ မူလထဲကရှိနေတဲ့ စရိုက်တွေ ဗီဇတွေကို သင့်အမြင် သင့်ခံစားချက်တစ်ခု ထဲနဲ့ ပြုပြင်ဖို့မကြိုးစားပါနဲ့ကိစ္စတစ်ခု ပြဿနာတစ်ခုကိုသင်နဲ့ထပ်တူကျဖို့ ဘယ်တော့မှ အတင်းအကြပ်မကြိုးစားပါနဲ့

ကောင်းဖို့အတွက် စေတနာနဲ့ပြောတာရယ် ဝင်ရောက်စွတ်ဖက်တာရယ်က မတူဘူးဆိုတာ သိပါ…မိတ်ဆွေကောင်းဆိုတာ ရိုးသားရပါမယ် ဒါ့အပြင် အကင်းလဲပါးရပါမယ်

သူ့စည်းကိုယ့်စည်း ၂ခုစလုံးကိုမပြောဘဲနဲ့ အလိုလို နားလည်ရပါမယ်…လူနှစ်ယောက်ဟာ လူတစ်စုဟာ ဘယ်သောအခါမှ အရာရာအတွက်ထပ်တူကျနိုင်မယ်မဟုတ်ဘူးဆိုတာလည်း သိရပါမယ်

ကောင်းတာတွေကို လက်ခံနိုင်သလိုမကောင်းတာတွေ အတွက်လည်းစည်းမကျော်စေဘဲ လက်ခံပေးနိုင်မှသာဘယ်သူနဲ့မဆို လက်တွဲနိုင်မယ် ဆိုတာလည်း သိရပါမယ်….

ဒါ့ကြောင့်မချစ်ခင်က မမုန်းဖို့အတွက်ကြိုတင် ပြင်ဆင်ထားလို့ရပါတယ် စည်းကလေးတွေ မနင်းမိအောင်ပေါ့….ဘောင်ကလေးတွေ မကျော်မိအောင်ပေါ့…

Credit Original Writer.