News

တပည့္ျဖစ္သူ ပါဝါရိန္းဂ်ား ျပန္လည္လြတ္ေျမာက္လာလို႔ ဝမ္းသာပီတိျဖစ္ေနတဲ့ ေဒါက္တာခင္ေမာင္လြင္ (FAME)

တပည့္ျဖစ္သူ ပါဝါရိန္းဂ်ား ျပန္လည္လြတ္ေျမာက္လာလို႔ ဝမ္းသာပီတိျဖစ္ေနတဲ့ ေဒါက္တာခင္ေမာင္လြင္ (FAME)

တပည့္ျဖစ္သူ ပါဝါရိန္းဂ်ား ျပန္လည္လြတ္ေျမာက္လာလို႔ ဝမ္းသာပီတိျဖစ္ေနတဲ့ ေဒါက္တာခင္ေမာင္လြင္ (FAME)

“ဒီေန႔ တစ္စက္႐ုံလုံး ေပ်ာ္တဲ့ေန႔”

မဂၤလာရွိတဲ့ ေန႔တစ္ေန႔ပါ..

မေန႔ည ၇ နာရီက ကြၽန္ေတာ့္ရဲ႕ FAME ဝန္ထမ္းျဖစ္သူ ေမာင္မ်ိဳးသက္လြင္ လြတ္ေျမာက္လာပါၿပီ ။ အားလုံး သိၾကတဲ့အတိုင္း ေမာင္မ်ိဳးသက္လြင္ဟာ ၂၀၂၀ ခုႏွစ္မွာ လုယက္သူႏွစ္ဦးကို ခုခံကာကြယ္ရင္း ျဖစ္ခဲ့တဲ့အမႈကေန ကြင္းလုံးကြၽတ္ လြတ္ေျမာက္လာခဲ့တာ ျဖစ္ပါတယ္။ ကိုဗစ္အေျခအေနနဲ႔ အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ အမႈရင္ဆိုင္ခ်ိန္ဟာ ၁ ႏွစ္နဲ႔ ၈ လနီးပါးေလာက္ ၾကန႔္ၾကာေနခဲ့ရာကေန အခုလို အၿပီးသတ္ လြတ္ေျမာက္လာခဲ့အတြက္ အားလုံး ဝမ္းသာပီတိ ျဖစ္ရပါတယ္။

အမႈရင္ဆိုင္ေနခဲ့ရတဲ့ အခ်ိန္အတြင္းမွာ ေမာင္မ်ိဳးသက္လြင္ကို အလုပ္ကေန မထုတ္ပယ္ဘဲ လစာအျပည့္နဲ႔ ဝန္ထမ္းတစ္ေယာက္အျဖစ္ ဆက္လက္ထားရွိေပးထားခဲ့ၿပီး သူ႔ရဲ႕ရပိုင္ခြင့္ကို အျပည့္အဝ ေပးထားတဲ့အျပင္ အမႈၿပီးဆုံးတဲ့ေန႔အထိ ေဆးခြင့္အေနနဲ႔ သတ္မွတ္ေပးထားခဲ့ပါတယ္။ FAME မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ေမာင္မ်ိဳးသက္လြင္ရဲ႕ ညီျဖစ္သူကိုလည္း အၿမဲတမ္းဝန္ထမ္းအျဖစ္ သတ္မွတ္ၿပီး ေစာင့္ေရွာက္ကူညီ ေပးခဲ့ပါတယ္။

ေမာင္မ်ိဳးသက္လြင္ရဲ႕ သတၱိကို ေလးစားလို႔ အမ်ားက ေခၚၾကတဲ့ ပါဝါရိန္ဂ်ားက FAME ေဆးဝါးစက္႐ုံမွာပဲ ဥယ်ဥ္မႉးလုပ္သား ဝန္ထမ္းေကာင္းအျဖစ္ ဆက္ၿပီး တာဝန္ထမ္းေဆာင္သြားမွာပဲ ျဖစ္ပါတယ္။ အလုပ္မဝင္ခင္မွာ သူ႔ရဲ႕ဖခင္ဆီကို သြားေရာက္ကန္ေတာ့ဖို႔ ေငြက်ပ္ ၁၀ သိန္း ထပ္မံကူညီေပးခဲ့ပါတယ္ ။

ေမာင္မ်ိဳးသက္လြင္ လြတ္ေျမာက္ေရးအတြက္ ေက်းဇူးတင္ထိုက္သူမ်ား အားလုံးကို ေမာင္မ်ိဳးသက္လြင္ ကိုယ္စား ေက်းဇူးတင္ရွိေၾကာင္း မွတ္တမ္းတင္အပ္ပါတယ္.။

မႈခင္းဆိုင္ရာႏွင့္ ပတ္သက္ၿပီး အႀကံျပဳေျပာၾကားေပးခဲ့ပါေသာ မိမိရဲ႕ ဆရာသမားျဖစ္သူ Prof. ေဒါက္တာေဒးဗစ္ေက်ာ္၊ ပါေမာကၡ/ ဌာနမႉး(ၿငိမ္း)၊ ဥပေဒေရးရာ ေဆးပညာဌာန၊ ေဆးတကၠသိုလ္ (၁) ရန္ကုန္၊

လြတ္ေျမာက္ေရးအတြက္ ကူညီေပးပါေသာ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ေရွ႕ေနမ်ား ျဖစ္ၾကတဲ့ ဦးခင္ေမာင္ျမင့္၊ ေဒၚဇင္မာဦး၊

အခ်ဳပ္က်ေနတဲ့အတြင္း အမႈနဲ႔ပတ္သက္ၿပီး ကူညီေပးခဲ့ပါေသာ လႈိင္သာယာၿမိဳ႕နယ္ စခန္းမႉး ဦးစန္းယု

ျဖစ္စဥ္အတြင္း ေမာင္မ်ိဳးသက္လြင္ ရရွိခဲ့တဲ့ဒဏ္ရာမ်ားကို ကုသေပးခဲ့ပါေသာ လႈိင္သာယာၿမိဳ႕နယ္ေဆး႐ုံမွ တာဝန္က် ဆရာဝန္မ်ားႏွင့္ ဝန္ထမ္းမ်ားအားလုံး အမႈစတင္ျဖစ္ပြားတဲ့ အခ်ိန္ကစၿပီး ေမာင္မ်ိဳးသက္လြင္ ေထာင္ကထြက္တဲ့အထိ၊ ေထာင္ဘူးဝကေန သြားႀကိဳေပးခဲ့တဲ့၊ ကိုယ္ေရာစိတ္ပါ လိုက္ပါကူညီေဆာင္႐ြက္ေပးခဲ့တဲ့ Quality Management Manager ေဒါက္တာၿဖိဳးေဝေအာင္

ေငြေၾကးအားျဖင့္ ထည့္ဝင္လႉဒါန္း ကူညီေပးၾကတဲ့ အလႉရွင္မ်ားအားလုံး သတင္းမီဒီယာမ်ားႏွင့္ Social media ကေန ေမာင္မ်ိဳးသက္လြင္အား စာနာကူညီေဖးမ အားေပးစကား ေျပာၾကားေပးတဲ့သူမ်ား အားလုံးႏွင့္ အျခား ေက်းဇူးတင္ထိုက္သူ အားလုံးကို အထူးေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားလိုက္ပါတယ္…။

Credit : ေဒါက္တာခင္ေမာင္လြင္ (FAME)

Unicode

တပည့်ဖြစ်သူ ပါဝါရိန်းဂျား ပြန်လည်လွတ်မြောက်လာလို့ ဝမ်းသာပီတိဖြစ်နေတဲ့ ဒေါက်တာခင်မောင်လွင် (FAME)

“ဒီနေ့ တစ်စက်ရုံလုံး ပျော်တဲ့နေ့”

မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါ..

မနေ့ည ၇ နာရီက ကျွန်တော့်ရဲ့ FAME ဝန်ထမ်းဖြစ်သူ မောင်မျိုးသက်လွင် လွတ်မြောက်လာပါပြီ ။ အားလုံး သိကြတဲ့အတိုင်း မောင်မျိုးသက်လွင်ဟာ ၂၀၂၀ ခုနှစ်မှာ လုယက်သူနှစ်ဦးကို ခုခံကာကွယ်ရင်း ဖြစ်ခဲ့တဲ့အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်အခြေအနေနဲ့ အခြေအနေ အမျိုးမျိုးကြောင့် အမှုရင်ဆိုင်ချိန်ဟာ ၁ နှစ်နဲ့ ၈ လနီးပါးလောက် ကြန့်ကြာနေခဲ့ရာကနေ အခုလို အပြီးသတ် လွတ်မြောက်လာခဲ့အတွက် အားလုံး ဝမ်းသာပီတိ ဖြစ်ရပါတယ်။

အမှုရင်ဆိုင်နေခဲ့ရတဲ့ အချိန်အတွင်းမှာ မောင်မျိုးသက်လွင်ကို အလုပ်ကနေ မထုတ်ပယ်ဘဲ လစာအပြည့်နဲ့ ဝန်ထမ်းတစ်ယောက်အဖြစ် ဆက်လက်ထားရှိပေးထားခဲ့ပြီး သူ့ရဲ့ရပိုင်ခွင့်ကို အပြည့်အဝ ပေးထားတဲ့အပြင် အမှုပြီးဆုံးတဲ့နေ့အထိ ဆေးခွင့်အနေနဲ့ သတ်မှတ်ပေးထားခဲ့ပါတယ်။ FAME မှာ တာဝန်ထမ်းဆောင်နေတဲ့ မောင်မျိုးသက်လွင်ရဲ့ ညီဖြစ်သူကိုလည်း အမြဲတမ်းဝန်ထမ်းအဖြစ် သတ်မှတ်ပြီး စောင့်ရှောက်ကူညီ ပေးခဲ့ပါတယ်။

မောင်မျိုးသက်လွင်ရဲ့ သတ္တိကို လေးစားလို့ အများက ခေါ်ကြတဲ့ ပါဝါရိန်ဂျားက FAME ဆေးဝါးစက်ရုံမှာပဲ ဥယျဉ်မှူးလုပ်သား ဝန်ထမ်းကောင်းအဖြစ် ဆက်ပြီး တာဝန်ထမ်းဆောင်သွားမှာပဲ ဖြစ်ပါတယ်။ အလုပ်မဝင်ခင်မှာ သူ့ရဲ့ဖခင်ဆီကို သွားရောက်ကန်တော့ဖို့ ငွေကျပ် ၁၀ သိန်း ထပ်မံကူညီပေးခဲ့ပါတယ် ။

မောင်မျိုးသက်လွင် လွတ်မြောက်ရေးအတွက် ကျေးဇူးတင်ထိုက်သူများ အားလုံးကို မောင်မျိုးသက်လွင် ကိုယ်စား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်.။

မှုခင်းဆိုင်ရာနှင့် ပတ်သက်ပြီး အကြံပြုပြောကြားပေးခဲ့ပါသော မိမိရဲ့ ဆရာသမားဖြစ်သူ Prof. ဒေါက်တာဒေးဗစ်ကျော်၊ ပါမောက္ခ/ ဌာနမှူး(ငြိမ်း)၊ ဥပဒေရေးရာ ဆေးပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊

လွတ်မြောက်ရေးအတွက် ကူညီပေးပါသော ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေများ ဖြစ်ကြတဲ့ ဦးခင်မောင်မြင့်၊ ဒေါ်ဇင်မာဦး၊

အချုပ်ကျနေတဲ့အတွင်း အမှုနဲ့ပတ်သက်ပြီး ကူညီပေးခဲ့ပါသော လှိုင်သာယာမြို့နယ် စခန်းမှူး ဦးစန်းယု

ဖြစ်စဉ်အတွင်း မောင်မျိုးသက်လွင် ရရှိခဲ့တဲ့ဒဏ်ရာများကို ကုသပေးခဲ့ပါသော လှိုင်သာယာမြို့နယ်ဆေးရုံမှ တာဝန်ကျ ဆရာဝန်များနှင့် ဝန်ထမ်းများအားလုံး အမှုစတင်ဖြစ်ပွားတဲ့ အချိန်ကစပြီး မောင်မျိုးသက်လွင် ထောင်ကထွက်တဲ့အထိ၊ ထောင်ဘူးဝကနေ သွားကြိုပေးခဲ့တဲ့၊ ကိုယ်ရောစိတ်ပါ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ Quality Management Manager ဒေါက်တာဖြိုးဝေအောင်

ငွေကြေးအားဖြင့် ထည့်ဝင်လှူဒါန်း ကူညီပေးကြတဲ့ အလှူရှင်များအားလုံး သတင်းမီဒီယာများနှင့် Social media ကနေ မောင်မျိုးသက်လွင်အား စာနာကူညီဖေးမ အားပေးစကား ပြောကြားပေးတဲ့သူများ အားလုံးနှင့် အခြား ကျေးဇူးတင်ထိုက်သူ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုက်ပါတယ်…။

Credit : ဒေါက်တာခင်မောင်လွင် (FAME)