(၁) မြွေကိုကြောက်ပြီးထွက်ပြေးတယ်လို့ အိပ်မက်မက်တဲ့အခါ အိပ်မက်ထဲမှာမြွေကကိုယ့်ကို ကိုက်တော့မယ့်ပုံစံ၊ ပေါက်တော့မယ့်ပုံစံနဲ့လိုက်လာလို့ ကြောက်လန့်တကြားထွက်ပြေးရတယ်လို့ အိပ်မက်မြင်မက်တယ်ဆိုရင် သင့်ထံသို့ကံမကောင်းတဲ့ကိစ္စရပ်တစ်ခု မကြာခင်ရောက်ရှိလာတော့မှာလို့ ဆိုလိုခြင်းဖြစ်ပါတယ်။
(၂) မြွေနဲ့တရင်းတနှီး ကစားနေရတယ်လို့မြင်မက်လျှင် သင်ဟာပြင်ပမှာတော့ မြွေကို သေမလိုကြောက်ပေမယ့် အိပ်မက်ထဲမှာ မြွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ ကစားနေတယ်လို့ မြင်မက်တယ်ဆိုရင် သင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတွေရဲ့အရင်းအမြစ်ကို ရှာတွေ့ပြီးမကြာခင် ဖြေရှင်းနိုင်တော့မှာဖြစ်ပါတယ်။
(၃) မြွေအရေခွံလဲတာကို သင်ကိုယ်တိုင်မြင်တွေ့ရတယ်လို့မြင်မက်လျှင် အိပ်မက်ထဲမှာမြွေတစ်ကောင် အရေခွံလဲနေတာကို သင့်မျက်စိရှေ့မှာ မျက်ဝါးထင်ထင်မြင်တွေ့ရတယ်ဆိုရင် မကြာခင်အချိန်မှာသင့်ထံသို့ ကောင်းသောဘဝတစ်ဆစ်ချိုးပြောင်းလဲမှုတွေ ရောက်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
(၄) မြွေကိုသတ်ရတယ်လို့ အိပ်မက်မြင်မက်လျှင် အိပ်မက်ထဲမှာသင်ကိုယ်တိုင် မြွေကိုသတ်လိုက်ရတယ်လို့ အိပ်မက်မြင်မက်လျှင် သင့်ဘဝမှာကြုံတွေ့နေရတဲ့ အခက်အခဲဆုံးပြဿနာတွေကို ယုံကြည်ချက်အပြည့်နဲ့ ကျော်လွှားနိုင်မှာဖြစ်ပြီး သူမတူတဲ့အောင်မြင်မှုမျိုး ရရှိတော့မှာဖြစ်ကြောင်း နိမိတ်ပြခြင်းဖြစ်ပါတယ်။
(၅) မြွေကသင်ဘယ်သွားသွား နောက်ကလိုက်လာတယ်လို့မြင်မက်တဲ့အခါ အိပ်မက်ထဲမှာမြွေက သင်ဘယ်သွားသွားနောက်ကလိုက်နေတယ်လို့မြင်မက်တာဟာ သင့်မှာငိုစရာဝမ်းနည်းစရာကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာတော့မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
(၆) မြွေကိုက်ခံရတယ်လို့ အိပ်မက်မြင်မက်လျှင် အိပ်မက်ထဲမှာသင့်ကိုမြွေတစ်ကောင်က ပြင်းပြင်းထန်ထန်လိုက်ကိုက်ပြီး သင်ဒဏ်ရာရသွားတယ်လို့ မြင်မက်တယ်ဆိုရင် ဘယ်လိုမှရှောင်လွဲလို့မရတော့တဲ့ ပြဿနာအကြီးကြီး ပေါ်လာတော့မှာဖြစ်ပါတယ်။ ဒီလိုအိပ်မက်မျိုးမြင်မက်ပြီးပြီဆိုရင် မပေါ့ဆသင့်ပဲ သတိကြီးစွာနေထိုင်သင့်ပါတယ်။
(၇) မြွေအချင်းချင်းရန်ဖြစ်နေတာကို အိပ်မက်မြင်မက်လျှင် မြွေအချင်းချင်းရန်သတ်နေတာကို အိပ်မက်မြင်မက်တယ်ဆိုရင် သင်ပေါင်းသင်းနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ သင့်ကိုမလိုမုန်းထားသူရှိနေပြီလို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။
Credit.
(၁) မြွေကိုကြောက်ပြီးထွက်ပြေးတယ်လို့ အိပ်မက်မက်တဲ့အခါ အိပ်မက်ထဲမှာမြွေကကိုယ့်ကို ကိုက်တော့မယ့်ပုံစံ၊ ပေါက်တော့မယ့်ပုံစံနဲ့လိုက်လာလို့ ကြောက်လန့်တကြားထွက်ပြေးရတယ်လို့ အိပ်မက်မြင်မက်တယ်ဆိုရင် သင့်ထံသို့ကံမကောင်းတဲ့ကိစ္စရပ်တစ်ခု မကြာခင်ရောက်ရှိလာတော့မှာလို့ ဆိုလိုခြင်းဖြစ်ပါတယ်။
(၂) မြွေနဲ့တရင်းတနှီး ကစားနေရတယ်လို့မြင်မက်လျှင် သင်ဟာပြင်ပမှာတော့ မြွေကိုသေမလိုကြောက်ပေမယ့် အိပ်မက်ထဲမှာမြွေနဲ့ရင်းနှီးကျွမ်းဝင်စွာ ကစားနေတယ်လို့မြင်မက်တယ်ဆိုရင် သင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတွေရဲ့အရင်းအမြစ်ကို ရှာတွေ့ပြီးမကြာခင် ဖြေရှင်းနိုင်တော့မှာဖြစ်ပါတယ်။