ဗဟုသုတ

“ဆံပင်ညှပ် ဆိုင်မှာ ပထမဦးဆုံး ဆံပင်ညှပ်ခွင့်ရတဲ့ အလုပ်သင်ကောင်လေးအတွက် တစ်ဘ၀စာ ယုံကြည့်မှုကို ပေးခဲ့သူ”

ငါ့ယုံၾကည္မႈေတြ အသတ္ခံခဲ့ရဖူးလို႔ပါကြာ…..

ဆံသဆိုင္ (ဆံပင္ညႇပ္ဆိုင္) တစ္ဆိုင္တြင္ ဆံပင္ညႇပ္သူမ်ားႏွင့္ စည္ကားေန၏။ ဆံပင္ညႇပ္ဆရာတစ္ေယာက္မွ

လြဲၿပီး က်န္ဆံသဆရာ အားလုံးမွာ ဆံသေပးေနၾကေလသည္။

ထို ဆံသဆရာလူငယ္ေလးတစ္ဦးသည္ စိတ္လႈပ္ရွားျခင္းမ်ားစြာျဖင့္ ဆံပင္လာညႇပ္မည့္ ဧည့္သည္ကို ေမွ်ာ္ေနမိ၏။ ယေန႔မွစကာ

ဆိုင္ပိုင္ရွင္က သူ႔ကို ဆံသခြင့္ ေပးလိုက္သည္။ သူသည္ ထိုဆိုင္တြင္ ေအာက္ေျခ သိမ္းအလုပ္မ်ားႏွင့္ေခါင္းေလွ်ာ္သည့္ အလုပ္ေတြ

၂ ႏွစ္ လုပ္ရင္း ဆံပင္ညႇပ္ပညာကို သင္ယူခဲ့ရၿပီး ယေန႔သည္ သူ၏ပထမဆုံးေသာ ဧည့္သည္ကို ဆံသေပးရမည့္ ေန႔ ျဖစ္ေနေလသည္။

သူတို႔ဝန္ထမ္းအခ်င္းခ်င္း ဆံသေပးဖူးေသာ္လည္း သူ၏ပထမဆုံးေသာ ဧည့္သည္ကို ဆရာမကူဘဲ ညႇပ္ရေတာ့မည္ ျဖစ္ေသာေၾကာင့္

သူ၏ ရင္ထဲတြင္ ေၾကာက္သလိုလို၊ေပ်ာ္သလိုလို ျဖစ္ေနေလသည္။ သူေတြးေနစဥ္ ဧည္သည့္ႏွစ္ဦးက ဆိုင္ထဲ ဝင္လာၾကသည္။

“မဂၤလာပါခင္ဗ်ာ….ဆံပင္ညႇပ္မွာလားဆရာ”

“ေအး အာကာ အားၿပီးလား။”

“ဦးမိုးေရ ခဏေစာင့္ပါဦး။ ဒီတစ္ေယာက္ၿပီးရင္ ရပါၿပီ”

သူပင္ မေျဖလိုက္ရ။ အာကာ က ဆံသေနရင္း လွမ္းေအာ္သည္။

ဆံပင္လာညႇပ္သည့္ လူအားလုံးက သူတို႔ညႇပ္ေနက် လူေတြႏွင့္သာ ေစာင့္ညႇပ္ၾကသည္။

“ဆရာ ႂကြပါခင္ဗ်ာ”

သူ ေတြးေနတုန္း လူတစ္ေယာက္ဝင္လာ၍ ေျပာေနက်စကားက အလိုလို ထြက္သြားသည္။

“မဂၤလာပါခင္ဗ်ာ….ဆံပင္ညႇပ္မွာလားဆရာ”

“အင္း”

သူ၏စိတ္ထဲတြင္ ထိုလူ႔၌ ညႇပ္ေနက် ဆံသဆရာမရွိပါေစႏွင့္ဟု ဆုေတာင္းေနမိသည္။

“ညႇပ္လို႔ ရၿပီလား။ေစာင့္ရဦးမွာလား”

“ရပါၿပီဆရာ”

ဆံပင္ညႇပ္မည့္ေနရာကို ဦးေဆာင္ေခၚသြားရင္းသူ၏ စိတ္ထဲ ေပ်ာ္႐ႊင္ေနမိသည္။

“ဆရာ ထိုင္ပါခင္ဗ်ာ”

ဧည့္သည္၏ ကိုယ္ေပၚတြင္ ၿခဳံလႊာလႊားရင္း“ဆရာ ဘယ္လိုေက ညႇပ္မလဲဗ်”

“ဒီပုံအတိုင္းပဲ။ တိုေပး။ ပါးေပး”

“ဟုတ္ကဲ့ဆရာ”

“ေသခ်ာ ညႇပ္ေနာ္။ ဧည့္သည္ မႀကိဳက္ရင္ မင္း ေနာက္ေန႔ မညႇပ္ရဘူူး”

ဆံပင္ညႇပ္ဆရာ အႀကီးတစ္ေယာက္က သူ႔ကို လွမ္းေအာ္သည္။

ဧည့္သည္ေရွ႕တြင္ လွမ္းေအာ္ေသာ အႀကီးကို စိတ္ထဲက က်ိန္ဆဲမိသည္။ ဘာေၾကာင့္မ်ား ဧည့္သည္ကြယ္ရာမွာ မေျပာပါလိမ့္။

ဧည့္သည္၏ မ်က္ဝန္းေတြကို ၾကည့္မိေတာ့ သူ႔ကို အထင္ေသးသည့္ အရိပ္ေတြ မေတြ႕ရ၍ ေတာ္ပါေသးရဲ႕ဟု ေတြးလိုက္မိသည္။

သူ၏ လက္ေတြက ဆံသပစၥည္း တခ်ိဳ႕ႏွင့္ ေရာေထြးကာ ကေခ်သည္လို လႈပ္ရွားေနမိသည္။ စိတ္လႈပ္ရွားျခင္းကို အတတ္ႏိုင္ဆုံး

ဖုံးကြယ္ထားေသာ္လည္း ညႇပ္စတြင္ လက္ေတြက တုန္ယီေနမိသည္။ သူ ႀကိဳးစားညႇပ္ေသာ္လည္း ဘယ္ႏွင့္ညာဘက္ေခါင္းက

ဆံပင္ေတြက မညီ ။ သိသာေလာက္ေအာင္ ႐ုပ္ပ်က္ဆင္းပ်က္ေတာ့ မျဖစ္။

ဧည့္သည္က မွန္တြင္ကပ္ထားေသာ “ဝန္ထမ္းမ်ား ဆက္ဆံေရး မေျပျပစ္ပါက ဖုန္းဆက္ တိုင္ႏိုင္ပါသည္”ဟူေသာ စာတမ္းကို ၾကည့္ေန

သည္။ သူ၏ ဆံပင္ညႇပ္ပုံ မေကာင္းေၾကာင္း အတိုင္ခံရလွ်င္ ဆိုင္ပိုင္ရွင္က သူ႔ကို ေခါင္းေလွ်ာ္သည့္ေနရာကို ျပန္ပို႔မွာ သူ ေၾကာက္မိသည္။

“ဆရာ ၿပီးပါၿပီခင္ဗ်ာ။ ေခါင္းေလွ်ာ္ဦးမလား ဆရာ”

ေနာက္ၾကည့္မွန္ႏွင့္ ေခါင္းအေနာက္ဘက္ကို ျပရင္း သူေမးေတာ့ ဧည့္သည္က “မေလွ်ာ္ေတာ့ဘူး ညီေလး။ ေက်းဇူးပဲ။

ဆံပင္ညႇပ္တာ ပုံစံေလးေကာင္းတယ္” ဧည့္သည္က က်သင့္ေငြ ရွင္းၿပီး ျပန္သြားေတာ့မွ ရင္ထဲက အပူလုံးႀကီးကို ဟူး…ခနဲ မွႈတ္ထုတ္

လိုက္ရသည္။

“ငါ လုပ္ႏိုင္တယ္ကြ” ဟုေတြးကာ ေပ်ာ္႐ႊင္သြားမိသည္။

ေနာက္ တစ္ႏွစ္ ခန႔္ၾကာေသာ္……..။

“မဂၤလာပါခင္ဗ်ာ…. ဆံပင္ညႇပ္မွာလားဆရာ” သူ၏ အသံေတြထဲတြင္ ယုံၾကည္ခ်က္ေတြ အျပည့္ပါေနေလသည္။

တစ္ႏွစ္အတြင္း သူ ကိုင္ခဲ့ရသည့္ ေခါင္းေတြက မ်ားခဲ့ေသာေၾကာင့္ ဆံပင္ညႇပ္သည့္ကိစၥက သူ႔အတြက္ အကြၽမ္းတဝင္ ျဖစ္ေနေပၿပီ။

ဧည့္သည္ တစ္ဦး၏ ဆံပင္ကို ကြၽမ္းက်င္စြာ ညႇပ္ေနရင္း ထိုဧည့္သည္ကို ျမင္ဖူးသလို ရွိ၍ စဥ္းစားေနမိသည္။

‘ဟာ ဒီဆရာက ငါပထမဆုံး ဆံသေပးခဲ့တဲ့လူပဲ’ သူ၏ စိတ္ထဲသာ ေျပာေနမိသည္။

“ဆရာ ၿပီးပါၿပီခင္ဗ်ာ။ ေခါင္းေလွ်ာ္ဦးမလား ဆရာ” ေနာက္ၾကည့္မွန္ႏွင့္ ျပရင္း သူေမးေတာ့ ဧည့္သည္ကျပန္ေျပာေသာ စကားေၾကာင့္

သူအံ့ဩသြားမိ၏။

“ငါ့ညီေလးေတာင္ ဆံပင္ညႇပ္တာ ကြၽမ္းက်င္သြားၿပီပဲ”

“ဟာ ဆရာက က်ေတာ့္ကို မွတ္မိတယ္ေပါ့”

“မွတ္မိတာေပါ့ကြ။ အဲ့ဒီေန႔က ငါ တျခားဆိုင္မွာ ျပန္ျပင္လိုက္ရေသးတယ္။”

သူ အံ့ၾသ သြားမိသည္။ သူညႇပ္ေပးသည့္ ဆံပင္ မညီတာ သိလ်က္ႏွင့္ အဘယ္ေၾကာင့္ ျပႆနာ မရွာရတာလဲ ဆိုတာကို သူ သိခ်င္မိသည္။

“ဆရာ က အဲဒီေန႔က ဆံပင္ မညီတာသိေပမဲ့ ကြၽန္ေတာ္ကို ဘာလို႔ ေက်းဇူးပဲ။ ဆံပင္ညႇပ္တာပုံစံေလးေကာင္းတယ္ လို႔ ေျပာသြားရ တာလဲ”

ဧည့္သည္ ျပန္ေျပာလာမည့္ စကားကို ေမွ်ာ္လင့္ရင္း ဧည့္သည္၏ မ်က္ဝန္းေတြကို ေငးေမာေနမိသည္။

“ငါ အဲဒီေန႔က မင္းကို ယုံၾကည္မႈေတြ ေပးလိုက္တာပါ။ အဲဒီယုံၾကည္မႈက အခု မင္းကို အမ်ားႀကီး အေထာက္အကူေပးေနမယ္လို႔ ငါထင္တယ္။ မင္း စိတ္လႈပ္ရွားေနမွန္း ငါသိပါတယ္။ ငါသာ တစ္ခုခုေျပာလိုက္ရင္ မင္းရဲ႕ စိတ္ထဲ ရမဲ့ ဒဏ္ရာက ေသအထိ ေပ်ာက္မယ္ မထင္ဘူး။ မင္းက ဆံပင္ညႇပ္တတ္ပါတယ္။

စိတ္လႈပ္ရွားၿပီး လက္ အနည္းငယ္ တုန္ေနလို႔သာ မညီမညာ ျဖစ္ခဲ့ရတာ။ အလြန္ဆုံး ငါ ကတုံးတုံးရ႐ုံေပါ့ကြာ။ ငါ့အတြက္ ႀကီးႀကီးမားမား မထိခိုက္ႏိုင္ပါဘူး။ ဟားဟား……။

မွတ္ထား ညီေလး။ အလုပ္မွာ မွားမွာ မေၾကာက္နဲ႔။ မမွားဖူးတဲ့ လူဟာ အလုပ္ မလုပ္ဖူးတဲ့ လူပဲ။ ဒါေပမဲ့ ထပ္ခါထပ္ခါ မမွားေစနဲ႔ေပါ့ကြာ။

အဲတာေတာ့ မွတ္ထား”

“အစ္ကိုက ဘာလို႔ အဲလို လုပ္ရတာလဲဟင္”

အံ့ၾသႀကီးစြာ သူေမးမိေတာ့ ဧည့္သည္က သူ နားမလည္ေသာ စကားကို ဆိုသည္။

“ငါ့ယုံၾကည္မႈေတြ အသတ္ခံခဲ့ရဖူးလို႔ပါကြာ”

Credit.ဟမ္စိုင္း(ေဆး-မန္း)

Unicode

ဆံသဆိုင် (ဆံပင်ညှပ်ဆိုင်) တစ်ဆိုင်တွင် ဆံပင်ညှပ်သူများနှင့် စည်ကားနေ၏။ ဆံပင်ညှပ်ဆရာတစ်ယောက်မှ

လွဲပြီး ကျန်ဆံသဆရာ အားလုံးမှာ ဆံသပေးနေကြလေသည်။

ထို ဆံသဆရာလူငယ်လေးတစ်ဦးသည် စိတ်လှုပ်ရှားခြင်းများစွာဖြင့် ဆံပင်လာညှပ်မည့် ဧည့်သည်ကို မျှော်နေမိ၏။ ယနေ့မှစကာ

ဆိုင်ပိုင်ရှင်က သူ့ကို ဆံသခွင့် ပေးလိုက်သည်။ သူသည် ထိုဆိုင်တွင် အောက်ခြေ သိမ်းအလုပ်များနှင့်ခေါင်းလျှော်သည့် အလုပ်တွေ

၂ နှစ် လုပ်ရင်း ဆံပင်ညှပ်ပညာကို သင်ယူခဲ့ရပြီး ယနေ့သည် သူ၏ပထမဆုံးသော ဧည့်သည်ကို ဆံသပေးရမည့် နေ့ ဖြစ်နေလေသည်။

သူတို့ဝန်ထမ်းအချင်းချင်း ဆံသပေးဖူးသော်လည်း သူ၏ပထမဆုံးသော ဧည့်သည်ကို ဆရာမကူဘဲ ညှပ်ရတော့မည် ဖြစ်သောကြောင့်

သူ၏ ရင်ထဲတွင် ကြောက်သလိုလို၊ပျော်သလိုလို ဖြစ်နေလေသည်။ သူတွေးနေစဉ် ဧည်သည့်နှစ်ဦးက ဆိုင်ထဲ ဝင်လာကြသည်။

“မင်္ဂလာပါခင်ဗျာ….ဆံပင်ညှပ်မှာလားဆရာ”

“အေး အာကာ အားပြီးလား။”

“ဦးမိုးရေ ခဏစောင့်ပါဦး။ ဒီတစ်ယောက်ပြီးရင် ရပါပြီ”

သူပင် မဖြေလိုက်ရ။ အာကာ က ဆံသနေရင်း လှမ်းအော်သည်။

ဆံပင်လာညှပ်သည့် လူအားလုံးက သူတို့ညှပ်နေကျ လူတွေနှင့်သာ စောင့်ညှပ်ကြသည်။

“ဆရာ ကြွပါခင်ဗျာ”

သူ တွေးနေတုန်း လူတစ်ယောက်ဝင်လာ၍ ပြောနေကျစကားက အလိုလို ထွက်သွားသည်။

“မင်္ဂလာပါခင်ဗျာ….ဆံပင်ညှပ်မှာလားဆရာ”

“အင်း”

သူ၏စိတ်ထဲတွင် ထိုလူ့၌ ညှပ်နေကျ ဆံသဆရာမရှိပါစေနှင့်ဟု ဆုတောင်းနေမိသည်။

“ညှပ်လို့ ရပြီလား။စောင့်ရဦးမှာလား”

“ရပါပြီဆရာ”

ဆံပင်ညှပ်မည့်နေရာကို ဦးဆောင်ခေါ်သွားရင်းသူ၏ စိတ်ထဲ ပျော်ရွှင်နေမိသည်။

“ဆရာ ထိုင်ပါခင်ဗျာ”

ဧည့်သည်၏ ကိုယ်ပေါ်တွင် ခြုံလွှာလွှားရင်း“ဆရာ ဘယ်လိုကေ ညှပ်မလဲဗျ”

“ဒီပုံအတိုင်းပဲ။ တိုပေး။ ပါးပေး”

“ဟုတ်ကဲ့ဆရာ”

“သေချာ ညှပ်နော်။ ဧည့်သည် မကြိုက်ရင် မင်း နောက်နေ့ မညှပ်ရဘူူး”

ဆံပင်ညှပ်ဆရာ အကြီးတစ်ယောက်က သူ့ကို လှမ်းအော်သည်။

ဧည့်သည်ရှေ့တွင် လှမ်းအော်သော အကြီးကို စိတ်ထဲက ကျိန်ဆဲမိသည်။ ဘာကြောင့်များ ဧည့်သည်ကွယ်ရာမှာ မပြောပါလိမ့်။

ဧည့်သည်၏ မျက်ဝန်းတွေကို ကြည့်မိတော့ သူ့ကို အထင်သေးသည့် အရိပ်တွေ မတွေ့ရ၍ တော်ပါသေးရဲ့ဟု တွေးလိုက်မိသည်။

သူ၏ လက်တွေက ဆံသပစ္စည်း တချို့နှင့် ရောထွေးကာ ကချေသည်လို လှုပ်ရှားနေမိသည်။ စိတ်လှုပ်ရှားခြင်းကို အတတ်နိုင်ဆုံး

ဖုံးကွယ်ထားသော်လည်း ညှပ်စတွင် လက်တွေက တုန်ယီနေမိသည်။ သူ ကြိုးစားညှပ်သော်လည်း ဘယ်နှင့်ညာဘက်ခေါင်းက

ဆံပင်တွေက မညီ ။ သိသာလောက်အောင် ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်။

ဧည့်သည်က မှန်တွင်ကပ်ထားသော “ဝန်ထမ်းများ ဆက်ဆံရေး မပြေပြစ်ပါက ဖုန်းဆက် တိုင်နိုင်ပါသည်”ဟူသော စာတမ်းကို ကြည့်နေ

သည်။ သူ၏ ဆံပင်ညှပ်ပုံ မကောင်းကြောင်း အတိုင်ခံရလျှင် ဆိုင်ပိုင်ရှင်က သူ့ကို ခေါင်းလျှော်သည့်နေရာကို ပြန်ပို့မှာ သူ ကြောက်မိသည်။

“ဆရာ ပြီးပါပြီခင်ဗျာ။ ခေါင်းလျှော်ဦးမလား ဆရာ”

နောက်ကြည့်မှန်နှင့် ခေါင်းအနောက်ဘက်ကို ပြရင်း သူမေးတော့ ဧည့်သည်က “မလျှော်တော့ဘူး ညီလေး။ ကျေးဇူးပဲ။

ဆံပင်ညှပ်တာ ပုံစံလေးကောင်းတယ်” ဧည့်သည်က ကျသင့်ငွေ ရှင်းပြီး ပြန်သွားတော့မှ ရင်ထဲက အပူလုံးကြီးကို ဟူး…ခနဲ မှှုတ်ထုတ်

လိုက်ရသည်။

“ငါ လုပ်နိုင်တယ်ကွ” ဟုတွေးကာ ပျော်ရွှင်သွားမိသည်။

နောက် တစ်နှစ် ခန့်ကြာသော်……..။

“မင်္ဂလာပါခင်ဗျာ…. ဆံပင်ညှပ်မှာလားဆရာ” သူ၏ အသံတွေထဲတွင် ယုံကြည်ချက်တွေ အပြည့်ပါနေလေသည်။

တစ်နှစ်အတွင်း သူ ကိုင်ခဲ့ရသည့် ခေါင်းတွေက များခဲ့သောကြောင့် ဆံပင်ညှပ်သည့်ကိစ္စက သူ့အတွက် အကျွမ်းတဝင် ဖြစ်နေပေပြီ။

ဧည့်သည် တစ်ဦး၏ ဆံပင်ကို ကျွမ်းကျင်စွာ ညှပ်နေရင်း ထိုဧည့်သည်ကို မြင်ဖူးသလို ရှိ၍ စဉ်းစားနေမိသည်။

‘ဟာ ဒီဆရာက ငါပထမဆုံး ဆံသပေးခဲ့တဲ့လူပဲ’ သူ၏ စိတ်ထဲသာ ပြောနေမိသည်။

“ဆရာ ပြီးပါပြီခင်ဗျာ။ ခေါင်းလျှော်ဦးမလား ဆရာ” နောက်ကြည့်မှန်နှင့် ပြရင်း သူမေးတော့ ဧည့်သည်ကပြန်ပြောသော စကားကြောင့်

သူအံ့ဩသွားမိ၏။

“ငါ့ညီလေးတောင် ဆံပင်ညှပ်တာ ကျွမ်းကျင်သွားပြီပဲ”

“ဟာ ဆရာက ကျတော့်ကို မှတ်မိတယ်ပေါ့”

“မှတ်မိတာပေါ့ကွ။ အဲ့ဒီနေ့က ငါ တခြားဆိုင်မှာ ပြန်ပြင်လိုက်ရသေးတယ်။”

သူ အံ့သြ သွားမိသည်။ သူညှပ်ပေးသည့် ဆံပင် မညီတာ သိလျက်နှင့် အဘယ်ကြောင့် ပြဿနာ မရှာရတာလဲ ဆိုတာကို သူ သိချင်မိသည်။

“ဆရာ က အဲဒီနေ့က ဆံပင် မညီတာသိပေမဲ့ ကျွန်တော်ကို ဘာလို့ ကျေးဇူးပဲ။ ဆံပင်ညှပ်တာပုံစံလေးကောင်းတယ် လို့ ပြောသွားရ တာလဲ”

ဧည့်သည် ပြန်ပြောလာမည့် စကားကို မျှော်လင့်ရင်း ဧည့်သည်၏ မျက်ဝန်းတွေကို ငေးမောနေမိသည်။

“ငါ အဲဒီနေ့က မင်းကို ယုံကြည်မှုတွေ ပေးလိုက်တာပါ။ အဲဒီယုံကြည်မှုက အခု မင်းကို အများကြီး အထောက်အကူပေးနေမယ်လို့ ငါထင်တယ်။ မင်း စိတ်လှုပ်ရှားနေမှန်း ငါသိပါတယ်။ ငါသာ တစ်ခုခုပြောလိုက်ရင် မင်းရဲ့ စိတ်ထဲ ရမဲ့ ဒဏ်ရာက သေအထိ ပျောက်မယ် မထင်ဘူး။ မင်းက ဆံပင်ညှပ်တတ်ပါတယ်။

စိတ်လှုပ်ရှားပြီး လက် အနည်းငယ် တုန်နေလို့သာ မညီမညာ ဖြစ်ခဲ့ရတာ။ အလွန်ဆုံး ငါ ကတုံးတုံးရရုံပေါ့ကွာ။ ငါ့အတွက် ကြီးကြီးမားမား မထိခိုက်နိုင်ပါဘူး။ ဟားဟား……။

မှတ်ထား ညီလေး။ အလုပ်မှာ မှားမှာ မကြောက်နဲ့။ မမှားဖူးတဲ့ လူဟာ အလုပ် မလုပ်ဖူးတဲ့ လူပဲ။ ဒါပေမဲ့ ထပ်ခါထပ်ခါ မမှားစေနဲ့ပေါ့ကွာ။

အဲတာတော့ မှတ်ထား”

“အစ်ကိုက ဘာလို့ အဲလို လုပ်ရတာလဲဟင်”

အံ့သြကြီးစွာ သူမေးမိတော့ ဧည့်သည်က သူ နားမလည်သော စကားကို ဆိုသည်။

“ငါ့ယုံကြည်မှုတွေ အသတ်ခံခဲ့ရဖူးလို့ပါကွာ”

Credit.ဟမ်စိုင်း(ဆေး-မန်း)