ဒီအချိန် ကားဝယ်သင့်သလား ။ ။ ကျွန်တော်ဖြေပါတယ် မိတ်ဆွေမှာ ကားမရှိရင် ဝယ်ပါ ဝယ်လို့ရတယ် စီးဖို့ရာ ရှိပြီးသားဆိုရင်တော့ ထပ်မဝယ်သင့်ပါ ဒီအချိန် ဘယ်လို ဝယ်ဝယ် ဗိုက်ကြီးမယ့် စျေးတွေချည်းပါဘဲ .. ကားဆိုတာ နွားမဟုတ်ပါဘူး ဘယ်လောက် အမောင်းတော်တော် တစ်စင်းဘဲ စီးလို့ရမယ်လေ
ဒီအချိန် ကားလဲသင့်သလား ။ ။ လေးစားစွာ နဲ့ ဖြေပါရစေ .. မိတ်ဆွေ စီးနေတဲ့ ကားက စိတ်အနှောက်အယှက် ဖြစ်လောက်အောင် မဆိုးသေးရင် မလဲစီးသင့်ပါ .. ခုချိန် အရောင်းထွက်လာတဲ့ ကားစျေးတက်တယ်ဆိုပြီး အသည်းအသန် အချိန်ကိုက် ရောင်းတဲ့ ကားတွေက မီးကြိုး မောင်းပျက် ပုံမှန်အချိန် လူမသုံးတဲ့ ကားမျိုးတွေ များပါတယ် .. မိတ်ဆွေ ကား ကောင်းရဖို့ ရာနှုန်းက 10% ဘဲရှိပါတယ် .. ။
ပိုနေတဲ့ ငွေလေး ကားထဲ ရင်း နှီးမြုတ်နှံသင့်သလား ။ ။ ဖြေပါရစေ ကားက စက်ပါ မသုံးရင် ပျက်ပါတယ် .. အရေးရယ် အကြောင်းရယ် နှစ်စင်း ခွမောင်းလို့လည်း မရပါဘူး .. စက်ပစ္စည်းမို့ အချိန်တန်ရင် အသစ်ထွက်ပါတယ် ပူမနေနဲ့ ငွေရှိကြိုက်တဲ့အချိန် ဝယ်လို့ရတယ် .. ဒီကနေ့ ငွေကြေး ဖောင်းပွမှုကို ကားစျေးနှုန်းနဲ့ ကာလို့ မရပါဘူး ဒါက အဓိက အချက်ပါ
ရင်းနှီးမြုတ်နှံ ထားဖို့ထက် ဒီအချိန်မှာ တန့်နေဖို့ဘဲ လုပ်နိုင်မှာပါ .. ချစ်လို့ ပြောတယ် မှတ်ပါ .. တောမီးလောင်ချိန် မီးဝိုင်းလို့ သေတာထက် အချင်းချင်း ပြေးရင်းလွှားရင်း နင်းမိလို့ သေကြတာ များပါတယ် ..
လူဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်တွေ့လေလေ သွေးအေးလေလေ ဘဲ ရှိရပါတယ် .. သွေးရူး တန်းရူး ပြေးရင် လမ်းဆုံးရောက်သွားတက်ပါတယ် .. ။
မီးလောင်လို့ တတောလုံး ပြောင်သွားလည်း အချိန်တန်ရင် ရွက်သစ်တွေ သစ်ပင်တွေ မြေပေါ်မှာ ရှင်သန်ဦးမှာပါဘဲ .. ။
မှောင်မိုက်တဲ့ အဆိုးဆုံး လမ်းတွေကို ဖြတ်သန်းချိန်မှာ မေတ္တာ တရားနဲ့ သာ ကျော်ဖြတ်နိုင်ကြပါလိမ့်မယ် .. အကောင်းဆုံးကတော့ ကိုယ်တိုင်မီးသတ်သမား ဖြစ်နေရင်တော့ အကောင်းဆုံးပေါ့ဗျာ..
ကားရောင်းတဲ့ကောင်က ကားမဝယ်သင့်ဘူး ပြောရင် အဆန်းကြီး လုပ်ပြီး လာပြောဦးမယ် ကားရောင်းတဲ့ကောင်မို့သိတာပေါ့ဟ .. ဝယ်သင့်လား မဝယ်သင့်ဘူးလားကို .. ဒီလောက်မှ မသိရင် ငတ်သေတာကြာပြီ ဆယ်စုနှစ်နဲ့ ချီလုပ်လာတာဘဲ အပျင်းပြေလုပ်တာမှ မဟုတ်တာ ဒါက ကျွန်တော့် အသက်မွေးဝမ်းကြောင်း စီးပွားရေး ..ဒီအလုပ်နဲ့ နေ့တိုင်းထမင်းစားနေတာလေ စေတနာနဲ့ ပြောတယ် မှတ်ပါ..
တိုင်းပြည်လှုပ်နေတဲ့အချိန် ကား၀ယ်စုဖို့ ဘယ်သူ ချောက်တွန်းလိုက်တာလဲ ဆိုတာတော့ မသိဘူး .. အရက်ဝိုင်းက ထွက်လာတဲ့ ဗရီးဗဒါး စကားတွေပါ .. ကိုယ်ဘာသာလည်း နည်းနည်းတွေးပါဗျာ . .
ကိုယ့်က Mission Impossible ရိုက်မည့် Tom Cruise လည်း မဟုတ် .. အပြင်မှာ သွားမလုပ်နဲ့ သေတာဘဲ အဖက်တင်မယ် မရဘူး လူတစ်ယောက်တည်းတောင် ထိအောင်ပစ်နေတာ .. ကားနဲ့ဆို ပစ်မလွဲဘဲ .. တခါတလေ ခဏလောက် ထိုင်စဉ်းစားရင် အဖြေပေါ်ပါတယ် ..
သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းကားပါစေ ချစ်ခြင်းစေတနာ မေတ္တာ များစွာဖြင့်
Ko James
ဇော်မျိုး(BFBM 🇲🇲)
တောင်ကြီးမြို့၊အေးသာယာ၊စက်မှုဇုန်လမ်းဘေး၊ရပ်ကွက်(၁၀)