Unicode
ထမင်းသုတ်ရောင်းရာမှ သတင်းထောက် ဖြစ်လာသူ သဇင်ဦး အကြောင်း ကျောက်ဆည်သား တစ်ဦး၏ဖွင့်ဟချက်
အမှန်အကန် သတင်းဌာနတွေ ဖိတ်ခေါ်လို့မရတဲ့ သတင်းစာရှင်းလင်းပွဲမှ ာငါတို့ကျောက်ဆည်က ထမင်းသည်တောင်
သတင်းထောက် ဖြစ်သွားပြီ ဒါ ဟာ ငြင်းလို့မရတဲ့ သမိုင်းဝင် လိမ်ညာမှု တွေ ပဲ
နိုင်ငံတော်အဆင့် သတင်းစာရှင်း လင်းပွဲက ဒီလောက်ကြီး ရုပ်ပျက်ဆင်းပျက် သတင်းထောက် အတုတွေ ထည့်ရဲတာဟာ
နိုင်ငံရေးအတွေ့အကြုံ မညံ့တော့တဲ့ ပြည်သူတွေကို ဂျင်းထည့်တာ မဖြစ်နိုင်တော့ဘူး! ဒါ အောက်ခြေစစ် တပ်အသိုင်းအဝိုင်းကို လိမ်နေတာပဲ ဖြစ်တယ်
ဘယ်ပြည်သူမှမကြည့်တဲ့ သတင်းစာရှင်းလင်းပွဲကို လူမှုကွန်ယက်ပေါ် ထပ် ဖြန့်ပြီးကိုယ့် အရှက်ကို ကိုယ်ခွဲ ကြတာပဲ
သဇင်ဦး ဆိုတာ ကြံ့ဖွတ် ပါတီဝင် စည်းရုံးရေးမှူးတစ်ယောက် ဘာသတင်းထောက် သင်တန်းမှ မတက် သတင်းထောက် လက်မှတ်မရှိတဲ့ ကျောက်ဆည်သူထမင်းသည်ပါ
သတင်းထောက်လက် မှတ်ပြနိုင်တယ် ဆိုရင်လည်း အဲ့ဒါစစ်ကောင်စီ က အခုမှထုတ်ပေးတဲ့ လက် မှတ်ပါပဲ
အခြားမြို့အတွက် မသိလို့ သတင်းထောက် လို့သတ်မှတ်လို့ရပေမယ့် ကျောက်ဆည်သား အချင်းချင်းကတော့ ဒါဟာ သမိုင်းဝင် လိမ်ညာမှုတစ်ခု အဖြစ်မှတ်တမ်း ဝင်သွားပါပြီ
ပြည်သူတွေမယုံတာ သိပေမယ့် အောက်ခြေစစ်တပ် အသိုင်းတွေအနေနဲ့ အဲ့လိုအလိမ်ညာတွေ နဲ့ ခေါင်းဆောင်အောက် မှာ သစ္စာဌိဌာန်ဆိုခဲ့ရတာ တန်ရဲ့လားဆိုတာစဉ်းစားစေချင် လို့ဖော်ထုတ် လိုက်တာပါ Crd