News

စစ်စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံတတ်သည့် တပ်မတော်၏ ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းကြရမည်ဟု စစ်ခေါင်းဆောင်ပြော

တပ်မတော်သားတိုင်းအနေဖြင့် တစ်ဦးချင်းအဆင့်လိုက် နေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်အောင် လုပ်ဆောင်နေခြင်းသည် စစ်စည်းကမ်းကောင်းမွန်မှု

နှင့် အမိန့်နာခံမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ ဆံပင်ပုံစံ မှစ၍ ဖိနပ်ကြိုးစည်းသည်အဆုံး နေထိုင်သွားလာမှု၊ ဝတ်စားဆင်ယင်မှု၊ စားသောက်မှု ပုံစံ များအားလုံး စည်းကမ်းစနစ်တကျရှိနေ

ခြင်းသည် စစ်သားကောင်းတစ်ယောက်၏ အလေ့ အကျင့်ကောင်းများပင်ဖြစ်သည့်အတွက် တစ်ဦးချင်းစည်းကမ်းစနစ်တကျရှိအောင် နေထိုင် ကြရန်နှင့် အစဉ်အလာကောင်းများကို ဆက်လက်

ထိန်းသိမ်း ဆောင်ရွက် သွား ကြရမည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ

(၁)ရက်မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြော

ကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီ

လင်းအောင်နှင့် တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ကချင်ပြည်နယ်၊ ပူတာအို၊ ခေါင်လန်ဖူးသို့ တကျော့ပြန် ခရီးစဉ်သွားရောက်ရန်အတွက် စီစဉ်ထားသော်လည်း ပူတာအိုဒေသတွင်းရှိ PUTAO PDF တပ်ဖွဲ့မှ ၎င်းတို့အနေဖြင့် တိုက်ခိုက်ရန်အသင့်

ဖြစ်နေပြီဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် စိန်ခေါ်မှုပေါ်ထွက်ခဲ့ပြီးနောက် ပူတာအိုဒေသသို့ မသွားဖြစ်တော့ဘဲ တောင်ကြီးမြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံ

များ၏ ပြောပြချက်အရ သိရသည်။

crd AKonThi