ကိုမင်းမော်ကွန်း ရေးထားတဲ့ သီချင်းအသစ်လေး
(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)
သရုပ်ဆောင်မင်းမော်ကွန်းကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အရာရာကို စွန့်လွှတ်ပြီး နွေဦးတော်လှန်ရေးဆင်နွှဲနေသူဖြစ်ပါတယ်။
မိသားစုနဲ့အတူ လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီး အာဏာရှင်ကို ရောက်ရာနေရာကနေ ဆန့်ကျင်နေတဲ့ မင်းမော်ကွန်းကတော့ ပြည်သူတွေရဲ့ လေးစားခြင်းကို ခံနေရတဲ့ အနုပညာရှင်တစ်ဦးဆိုလည်း မှားမယ်မထင်ပါဘူး ။
မင်းမော်ကွန်းရဲ့ မိသားစုကလည်း ဘေးကနေတောက်လျှောက်ပါရမီဖြည့်ပေးနေပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက် တောထဲတောင်ထဲမှာကြိုးစားပါ၀င်နေကြတာလည်း တွေ့ရပါတယ်။
အခုအခါမှာဆိုရင်လည်း မြန်မာငွေကျပ်တန်ဖိုးဟာ လျော့သထက်လျော့လာနေပြီး ငွေကြေးဖောင်းပွမှုတွေဟာ အာဆီယံနိုင်ငံတွေထဲမှာ အမြင့်ဆုံးရောက်နေတာကိုလည်း တွေ့ရပါတယ်။
ငွေကြေးဖောင်းပွနေတာကြောင့် ကုန်ပစ္စည်းတွေလည်း နှစ်ဆနီးပါးလောက်ဈေးတက်နေသလို စက်သုံးဆီဈေးတွေနဲ့ ရွှေဈေးတွေလည်း အတော်လေးမြင့်တက်ကုန်ပြီး ပြည်သူတွေဒုက္ခရောက်နေကြရတာပါ။
ဒီလိုအခြေအနေတွေကြောင့် မင်းမော်ကွန်းဟာ အရာအားလုံးပျက်ဆီးသွားပြီဖြစ်လို့ ပြည်သူတွေအားလုံးညီရင် ခဏလေးနဲ့အနိုင်ရနိုင်ကြောင်း ပြောလာခဲ့ဖူးပါတယ်။
အခုလဲ မအလ မင်းအောင်လှိုင်ကို ဒဲ့ကြီး ဆဲလိုက်ပြီး သူ့ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေနားဆင်ဖို့ ချပြလာခဲ့တာဖြစ်ပါတယ် ပရိသတ်ကြီး ပြန်လည်နားဆင်ဖို့ တင်ပေးလိုက်ပါတယ်နော်။
(Zawgyi)
မင်းမော်ကွန်းရဲ့ မိသားစုကလည်း ဘေးကနေတောက်လျှောက်ပါရမီဖြည့်ပေးနေပြီးေ တ်ာလှန်ရေးအောင်မြင်ဖို့အတွက် တောထဲတောင်ထဲမှာကြိုးစားပါဝင်နေကြတာလည်း တွေ့ရပါတယ်။
Video by Kyaw Kyaw Htay Lwin